အာဆင်နယ်ထက် အိမ်ရှင် အဲဗာတန်ကိုပဲ အသာပေးထားတဲ့ မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

အာဆင္နယ္ဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာေတာ့ မာေဆးဆိုဒ္ အေျခစိုက္ အဲဗာတန္အသင္းကို ဂြတ္ဒီဆင္ပါ့ခ္မွာ အေ၀းကြင္း သြားေရာက္ ကစားရမွာ ျဖစ္ပါတယ္။ အာဆင္နယ္ နည္းတူ အဲဗာတန္ကလည္း ကစားသမားေဟာင္း ဒန္ကန္ကို နည္းျပ အျဖစ္ ယာယီ ခန္႔အပ္ထားကာ အျမဲတမ္း မန္ေနဂ်ာ ရာထူးအတြက္ ရွာေဖြေနတဲ့ အသင္း ျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္ အမွတ္ေပးဇယားမွာေတာ့ အာဆင္နယ္က ရမွတ္ ၂၂ မွတ္နဲ႕ အဆင့္ ၁၀ ေနရာမွာ ရွိေနျပီး အဲဗာတန္က ရမွတ္ ၁၈ မွတ္နဲ႕ အဆင့္ ၁၆ ေနရာမွာ ရွိေနပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ ညေန ျမန္မာစံေတာ္ခ်ိန္ ၇ နာရီပဲ ျဖစ္ပါတယ္။ ဒီပြဲ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ခ်က္ေတြ ထြက္ေပၚေနပါျပီ။

” အဲဗာတန္က တနဂၤေႏြေန႔ အမ္းမရိတ္မွာ မန္စီးတီးနဲ႕ ရင္ဆုိင္တဲ့ ပြဲစဥ္ထဲ ဂိုးေပါက္တည့္တဲ့ ကန္သြင္းခ်က္ တစ္ၾကိမ္ပဲ ရွိခဲ့ပါတယ္။ အဲဒါကလည္း ပြဲအေစာပိုင္း မိနစ္ေတြထဲမွာပါ။ ဒီတပတ္ ဂြတ္ဒီဆင္ပါ့ခ္မွာ ကန္မယ့္ ပြဲမွာေတာ့ စီးတီးနဲ႕ ပြဲေလာက္ အာဆင္နယ္ ကစားပံု မဆိုးနိုင္ဘူး ထင္ပါတယ္။ ကလပ္အသင္း နွစ္သင္းၾကား အဲဗာတန္ကေတာ့ အားသာခ်က္ရလိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။

ဒီစာကို ေရးေနတဲ့ခ်ိန္ထိေတာ့ နွစ္သင္းလံုးက အျမဲတမ္း မန္ေနဂ်ာ ခန္႔အပ္ဖို႔ ရွာေဖြေနဆဲပါ။ အဲဗာတန္က ယာယီနည္းျပ ဒန္ကန္ ဖာဂူဆန္ ကိုင္တြယ္ထားတဲ့ နွစ္ပြဲမွာ ေလးမွတ္ ရယူထားပါတယ္။ သူတို႔ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရသည့္တိုင္း ပရီးမီးယားလိဂ္ အိမ္ကြင္း ပြဲဆက္ နုိင္ပြဲ ရယူနိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတယ္။

ဒီ စေန ပြဲစဥ္ မတိုင္ခင္မွာ တစ္သင္းသင္းက အျမဲတန္းမန္ေနဂ်ာသစ္ ခန္႔အပ္နုိင္ရင္ေတာ့ ၾကည့္ေကာင္းမွာပဲ။ အဲဗာတန္အတြက္ေတာ့ အန္ဆယ္ေလာ့တီက နည္းျပ ျဖစ္လာဖို႔ ေရပန္းစားေနျပီး အမ္းမရိတ္မွာလည္း ကစားသမားေဟာင္း အာတီတာက နည္းျပ ျဖစ္လာေတာ့မယ့္ အေနအထား ရွိေနပါတယ္။ ” လို႔ အို၀င္က သံုးသပ္ေဖာ္ျပထားပါတယ္။

မိုက္ကယ္အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ အဲဗာတန္ အနုိင္ပါ။

Unicode – အာဆင်နယ်ဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မာဆေးဆိုဒ် အခြေစိုက် အဲဗာတန်အသင်းကို ဂွတ်ဒီဆင်ပါ့ခ်မှာ အဝေးကွင်း သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းတူ အဲဗာတန်ကလည်း ကစားသမားဟောင်း ဒန်ကန်ကို နည်းပြ အဖြစ် ယာယီ ခန့်အပ်ထားကာ အမြဲတမ်း မန်နေဂျာ ရာထူးအတွက် ရှာဖွေနေတဲ့ အသင်း ဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် အမှတ်ပေးဇယားမှာတော့ အာဆင်နယ်က ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရှိနေပြီး အဲဗာတန်က ရမှတ် ၁၈ မှတ်နဲ့ အဆင့် ၁၆ နေရာမှာ ရှိနေပါတယ်။ ပွဲချိန်ကတော့ စနေနေ့ ညနေ မြန်မာစံတော်ချိန် ၇ နာရီပဲ ဖြစ်ပါတယ်။ ဒီပွဲ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါပြီ။

” အဲဗာတန်က တနင်္ဂနွေနေ့ အမ်းမရိတ်မှာ မန်စီးတီးနဲ့ ရင်ဆိုင်တဲ့ ပွဲစဉ်ထဲ ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက် တစ်ကြိမ်ပဲ ရှိခဲ့ပါတယ်။ အဲဒါကလည်း ပွဲအစောပိုင်း မိနစ်တွေထဲမှာပါ။ ဒီတပတ် ဂွတ်ဒီဆင်ပါ့ခ်မှာ ကန်မယ့် ပွဲမှာတော့ စီးတီးနဲ့ ပွဲလောက် အာဆင်နယ် ကစားပုံ မဆိုးနိုင်ဘူး ထင်ပါတယ်။ ကလပ်အသင်း နှစ်သင်းကြား အဲဗာတန်ကတော့ အားသာချက်ရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။

ဒီစာကို ရေးနေတဲ့ချိန်ထိတော့ နှစ်သင်းလုံးက အမြဲတမ်း မန်နေဂျာ ခန့်အပ်ဖို့ ရှာဖွေနေဆဲပါ။ အဲဗာတန်က ယာယီနည်းပြ ဒန်ကန် ဖာဂူဆန် ကိုင်တွယ်ထားတဲ့ နှစ်ပွဲမှာ လေးမှတ် ရယူထားပါတယ်။ သူတို့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရသည့်တိုင်း ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲဆက် နိုင်ပွဲ ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ထားတယ်။

ဒီ စနေ ပွဲစဉ် မတိုင်ခင်မှာ တစ်သင်းသင်းက အမြဲတန်းမန်နေဂျာသစ် ခန့်အပ်နိုင်ရင်တော့ ကြည့်ကောင်းမှာပဲ။ အဲဗာတန်အတွက်တော့ အန်ဆယ်လော့တီက နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပြီး အမ်းမရိတ်မှာလည်း ကစားသမားဟောင်း အာတီတာက နည်းပြ ဖြစ်လာတော့မယ့် အနေအထား ရှိနေပါတယ်။ ” လို့ အိုဝင်က သုံးသပ်ဖော်ပြထားပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်းရလဒ်ကတော့ အဲဗာတန် အနိုင်ပါ။