ချယ်ဆီးအသင်း ပွဲကစားရဖို့ တတ်နိုင်တာ အကုန်လုပ်သွားမယ် ဆိုတဲ့ နည်းပြ တူချယ်လ်

ချယ်ဆီး အသင်း အပေါ် ဗြိတိန်အစိုးရဲ့ ပိတ်ဆို့အရေးယူထားမှုတွေကြောင့် အသုံးစရိတ်ကို အကန့်အသတ်နဲ့သာ သုံးစွဲရမှာဖြစ်ပေမယ့် နည်းပြ တူချယ်လ်ကတော့ သူတို့ရဲ့ လိုင်လီကိုသွားကစားရမယ့် ခရီးစဉ်အတွက် ဘာပြသနာမှမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဒီခရီးစဉ်အတွက် လိုအပ်တယ်ဆိုရင် ၇ ယောက်ထိုင် ကားကို မောင်းပြီးတော့ သွားမယ်လို့ တူချယ်လ်က အခိုင်အမာ ပြောဆိုခဲ့တာပါ။ ချယ်ဆီးဟာ လိုင်လီကို အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်။

ဒါပေမယ့် အသင်းပိုင်ရှင် အေဘရာမိုဗစ်ကို ဗြိတိန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတာကြောင့် အသင်းအသုံးစရိတ်ကိုပါ ကန့်သတ်ခံလိုက်ရပြီး အဝေးကွင်းပွဲ သွားရောက်ကစားရာမှာ ခရီးအသုံးစရိတ်တွေလည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး တူချယ်လ်က အခုလိုပဲ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်ပြောနိုင်တဲ့ နောက်ဆုံး သတင်း ကတော့ ကျနော်တို့မှာ လေယာဉ်တစီးရှိတယ်၊ အဲဒီလေယာဉ်နဲ့ ကျနော်တို့ အသွားအပြန် လုပ်နိုင်မှာပါ၊ အဲဒါမှမရဘူးဆိုရင် ရထားနဲ့သွားမယ်၊ အဲဒါမှ မရသေးဘူးဆိုရင် ဘတ်စ်ကားနဲ့သွားမယ်ဗျာ၊ နောက်ဆုံး ဘာမှမရဘူးဆိုရင် ၇ ယောက်ခုံ ပါတဲ့ ကားကို ကျနော်မောင်းသွားမယ်၊ ကျနော် အဲဒီလိုလုပ်မယ်”

“ကျနော် ပြောတဲ့ စကားအတိုင်း လုပ်မှာပါ၊ အဲဒီကို ကျနော်တို့ ရောက်သွားပါလိမ့်မယ်” လို့ ပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးကတော့ အသင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပေမယ့်လည်း ညက နယူးကာဆယ်ကို အနိုင်ကန်ခဲ့ပြီး အသင်းပိုင်ရှင် ဒဏ်ခတ် ပိတ်ဆို့ခံရပြီးနောက် ကစားခဲ့တဲ့ နှစ်ပွဲစလုံးကို အနိုင် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

ZG

ခ်ယ္ဆီး အသင္း အေပၚ ၿဗိတိန္အစိုးရဲ႕ ပိတ္ဆို႔အေရးယူထားမႈေတြေၾကာင့္ အသုံးစရိတ္ကို အကန႔္အသတ္နဲ႔သာ သုံးစြဲရမွာျဖစ္ေပမယ့္ နည္းျပ တူခ်ယ္လ္ကေတာ့ သူတို႔ရဲ႕ လိုင္လီကိုသြားကစားရမယ့္ ခရီးစဥ္အတြက္ ဘာျပသနာမွမရွိဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

ဒီခရီးစဥ္အတြက္ လိုအပ္တယ္ဆိုရင္ ၇ ေယာက္ထိုင္ ကားကို ေမာင္းၿပီးေတာ့ သြားမယ္လို႔ တူခ်ယ္လ္က အခိုင္အမာ ေျပာဆိုခဲ့တာပါ။ ခ်ယ္ဆီးဟာ လိုင္လီကို အေဝးကြင္းမွာ သြားေရာက္ကစားရမွာျဖစ္ပါတယ္။

ဒါေပမယ့္ အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ကို ၿဗိတိန္အစိုးရက ဒဏ္ခတ္ပိတ္ဆို႔ထားတာေၾကာင့္ အသင္းအသုံးစရိတ္ကိုပါ ကန႔္သတ္ခံလိုက္ရၿပီး အေဝးကြင္းပြဲ သြားေရာက္ကစားရာမွာ ခရီးအသုံးစရိတ္ေတြလည္း ပါဝင္ေနတာျဖစ္ပါတယ္။ ဒီအေျခအေနနဲ ႔ပတ္သက္ၿပီး တူခ်ယ္လ္က အခုလိုပဲ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ေျပာႏိုင္တဲ့ ေနာက္ဆုံး သတင္း ကေတာ့ က်ေနာ္တို႔မွာ ေလယာဥ္တစီးရွိတယ္၊ အဲဒီေလယာဥ္နဲ႔ က်ေနာ္တို႔ အသြားအျပန္ လုပ္ႏိုင္မွာပါ၊ အဲဒါမွမရဘူးဆိုရင္ ရထားနဲ႔သြားမယ္၊ အဲဒါမွ မရေသးဘူးဆိုရင္ ဘတ္စ္ကားနဲ႔သြားမယ္ဗ်ာ၊ ေနာက္ဆုံး ဘာမွမရဘူးဆိုရင္ ၇ ေယာက္ခုံ ပါတဲ့ ကားကို က်ေနာ္ေမာင္းသြားမယ္၊ က်ေနာ္ အဲဒီလိုလုပ္မယ္”

“က်ေနာ္ ေျပာတဲ့ စကားအတိုင္း လုပ္မွာပါ၊ အဲဒီကို က်ေနာ္တို႔ ေရာက္သြားပါလိမ့္မယ္” လို႔ ေျပာဆိုခဲ့ေၾကာင္း Goal က ေဖာ္ျပခဲ့ပါတယ္။

ခ်ယ္ဆီးကေတာ့ အသင္း အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ညက နယူးကာဆယ္ကို အနုိင္ကန္ခဲ့ျပီး အသင္းပိုင္ရွင္ ဒဏ္ခတ္ ပိတ္ဆို႔ခံရၿပီးေနာက္ ကစားခဲ့တဲ့ ႏွစ္ပြဲစလုံးကို အႏိုင္ ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ပါတယ္။