ဖိနှိပ်မှုတွေကနေ တွန်းအားဖြစ်နေတဲ့ ချယ်ဆီးရဲ့ နယူးကာဆယ်နဲ့ပွဲအတွက် ပေါမာဆန် သုံးသပ်ခန့်မှန်းချက်
ချယ်ဆီး အသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ နယူးကာဆယ် အသင်းနဲ့ တွေ့ဆုံနေပြီး စတန်းဖို့ဘရစ်ချ် ကွင်းမှာ ဧည့်ခံ ကစားမှာပါ။ ဒီနှစ်သင်းဟာ မတ်လ ၁၃ ရက်၊ တနင်္ဂနွေနေ့ ည ၈နာရီခွဲမှာ ယှဉ်ပြိုင်ကြမှာပါ။
နာမည်ကျော် ဂန်းနားဟောင်းကြီး ပေါမာဆန်က ဒီ ချယ်ဆီး – နယူးကာဆယ် ပွဲအတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
ပေါမာဆန်က ” ကွင်းပြင်က ကိစ္စတွေဟာ ချယ်ဆီး ကစားသမားတွေရဲ့ စိတ်ကို အရှိန်ပြင်းပြင်း နဲ့ ရိုက်ခတ် နေပါတယ်။ ပုံမှန်ကြည့်ရင်တော့ ရိုမန် နဲ့ အသင်းအပေါ် ချမှတ် ခံရတဲ့ ပိတ်ဆို့မှုတွေဟာ သွေးပျက်ခြောက်ခြား စရာပါပဲ။
ဒါပေမယ့် ချယ်ဆီး အတွက်တော့ ဒါဟာ တွန်းအား တခုလိုတောင် ဖြစ်စေခဲ့တယ် ဆိုတာ ရှေ့က ပွဲတွေကို ကြည့်ရင် သိနိုင်ပါတယ်။
နယူးကာဆယ် က ပုံစံကောင်းရ နေပါတယ်။ ဒါပေမယ့် ချယ်ဆီး ကို ယှဉ်ကစားဖို့ ကတော့ မလုံလောက် သေးပါဘူး ။ ဂိုးသွင်းတဲ့ သူတွေသာ သေချာမယ် ဆိုရင် ချယ်ဆီး တို့ လိုချင်တဲ့ ဂိုးအရေ အတွက် ရနိုင်ပါတယ်။ အဲ့ဒိလိုမှ မဟုတ်ရင်လည်း ၃ မှတ် အတွက် လုံလောက်တဲ့ ဂိုးကိုတော့ သူတို့ သွင်းနိုင်မှာပါ။ ” လို့ သုံးသပ် ပြောဆိုထားပါတယ်။
ပေါမာဆန် ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၂ – ၀ နယူးကာဆယ် ဖြစ်ပါတယ်။
ZG