မိုက်ကယ်အိုဝင်ရဲ့ ဒီည ဘန်လေနဲ့ ချယ်ဆီးတို့ ပွဲ အတွက် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

အေဗရာမိုဗစ်ချ်က ချယ်ဆီး အသင်းကို ရောင်းချမယ့် ကြေငြာပြီးတဲ့နောက် သတင်းတွေနဲ့ လှုပ်ခတ်နေတဲ့ ချယ်ဆီး ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ ဒီနေ့ စနေနေ့ည ၉း၃ဝ နာရီမှာ ဘန်လေအိမ်ကွင်းမှာ ယှဉ်ပြိုင်ကြမှာပါ။

နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ကတော့ ဘန်လေနဲ့ ချယ်ဆီးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ဘန်လေရဲ့ လတ်တလော ခြေစွမ်းက ကောင်းပါတယ်။ ဒါပေမယ့်လို့ ကြားရက်က လက်စတာကို အရေးနိမ့်ခဲ့တာက အခွင့်အရေးကောင်းကို လက်လွတ်ခဲ့ရတာပါ။ ဘန်လေက သူတို့ရဲ့ ပွဲကျန်တွေကို ကစားနေတာဖြစ်ပြီး ရလဒ်ဆိုးတွေ ရှိလာဦးမှာက ရှောင်လွဲလို့ မရပါဘူး။

ချယ်ဆီးအတွက်ကတော့ ပြီးခဲ့တဲ့ ဝင်ဘာလေကနေ ထွက်ခွာလာမှုမှာ ရှုံးနိမ့်ခဲ့ပေမယ့် မကောင်းမြင်စရာထက် အကောင်း မြင်စရာတွေ များခဲ့ပါတယ်။ သိပ်ကောင်းတဲ့ လီဗာပူး ခံစစ်ကို ရင်ဆိုင်ကစားပြီး အခွင့်အရေးကောင်းတွေ အများကြီးကို ဖန်တီးနိုင်ခဲ့တယ်။ အဲ့တာကပဲ အခုကနေ ရာသီကုန်ထိကြားမှာ သူတို့ကို ယုံကြည်မှုတွေ ပေးပါလိမ့်မယ်။

ဒီပွဲမှာ သွင်းဂိုး အများအပြား မြင်ရမယ်လို့ မထင်မိပါဘူး။ ဒါပေမယ့်လို့ ဘန်လေအတွက်တော့ ချယ်ဆီးက ကောင်းလွန်း နေပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘန်လေ ဝ-၁ ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi

ေအဗရာမိုဗစ္ခ်္က ခ်ယ္ဆီး အသင္းကို ေရာင္းခ်မယ့္ ေၾကျငာျပီးတဲ့ေနာက္ သတင္းေတြနဲ႕ လႈပ္ခတ္ေနတဲ့ ခ်ယ္ဆီး ဟာ ဒီတပတ္ ပရီးမီးယားလိဂ္မွာ ဘန္ေလ အသင္းနဲ႕ ေတြ႔ဆံုေနပါတယ္။ ဒီနွစ္သင္းဟာ ဒီေန႔ စေနေန႔ည ၉း၃ဝ နာရီမွာ ဘန္ေလအိမ္ကြင္းမွာ ယွဥ္ျပိဳင္ၾကမွာပါ။

နာမည္ေက်ာ္ တိုက္စစ္မႈးေဟာငး္ မိုက္ကယ္အိုဝင္ကေတာ့ ဘန္ေလနဲ႕ ခ်ယ္ဆီးတို႔ ပြဲ အတြက္ အခုလို သံုးသပ္ ခန္႔မွန္း ထားပါတယ္။

” ဘန္ေလရဲ႕ လတ္တေလာ ေျခစြမ္းက ေကာင္းပါတယ္။ ဒါေပမယ့္လို႔ ၾကားရက္က လက္စတာကို အေရးနိမ့္ခဲ့တာက အခြင့္အေရးေကာင္းကို လက္လြတ္ခဲ့ရတာပါ။ ဘန္ေလက သူတို႔ရဲ႕ ပြဲက်န္ေတြကို ကစားေနတာျဖစ္ၿပီး ရလဒ္ဆိုးေတြ ရွိလာဦးမွာက ေရွာင္လြဲလို႔ မရပါဘူး။

ခ်ယ္ဆီးအတြက္ကေတာ့ ၿပီးခဲ့တဲ့ ဝင္ဘာေလကေန ထြက္ခြာလာမႈမွာ ရႈံးနိမ့္ခဲ့ေပမယ့္ မေကာင္းျမင္စရာထက္ အေကာင္း ျမင္စရာေတြ မ်ားခဲ့ပါတယ္။ သိပ္ေကာင္းတဲ့ လီဗာပူး ခံစစ္ကို ရင္ဆိုင္ကစားၿပီး အခြင့္အေရးေကာင္းေတြ အမ်ားႀကီးကို ဖန္တီးႏိုင္ခဲ့တယ္။ အဲ့တာကပဲ အခုကေန ရာသီကုန္ထိၾကားမွာ သူတို႔ကို ယုံၾကည္မႈေတြ ေပးပါလိမ့္မယ္။

ဒီပြဲမွာ သြင္းဂိုး အမ်ားအျပား ျမင္ရမယ္လို႔ မထင္မိပါဘူး။ ဒါေပမယ့္လို႔ ဘန္ေလအတြက္ေတာ့ ခ်ယ္ဆီးက ေကာင္းလြန္း ေနပါတယ္။ ” လို႔ အိုဝင္က သံုးသပ္ထားပါတယ္။

မိုက္ကယ္အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ ကေတာ့ ဘန္ေလ ၀-၁ ခ်ယ္ဆီး ျဖစ္ပါတယ္။