ချယ်ဆီးက စပါးကို ငြိမ်နေအောင် ထိန်းထားနိုင်တယ် ဆိုတဲ့ ဒီတစ်ပတ် လန်ဒန်ဒါဘီပွဲ လော်ရိုး သုံးသပ်ခန့်မှန်း

ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ လန်ဒန်မြို့ခံပြိုင်ဘက် နှစ်သင်း ဖြစ်တဲ့ တော့တင်ဟမ် စပါးအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ စပါးရဲ့ လန်ဒန်ကွင်းမှာ ထိပ်တိုက် တွေ့ဆုံနေပါတယ်။

စပါးနဲ့ ချယ်ဆီးတို့ ကစားမယ့် ပွဲချိန် ကတော့ စက်တင်ဘာလ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ ည ၁၀း၀၀ နာရီမှာပါ။ ဘီဘီစီ သတင်းဌာနမှ ပင်တိုင်သုံးသပ်သူ လော်ရိုးကတော့ ဒီ လန်ဒန်ဒါဘီပွဲနဲ့ ပတ်သတ်ပြီး အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ပဲလေစ့်နဲ့ပွဲကို အရေးနိမ့်လိုက်တာအတွက် စပါးတို့ သိပ်ကို စိတ်ပျက်ရပါလိမ့်မယ်။ ဒါပေမယ့် ချယ်ဆီးနဲ့ပွဲမှာတော့ သူတို့ အနိုင်ရမှာ မဟုတ်ပါဘူး။

ချယ်ဆီးက စပါးကို ငြိမ်သက်နေအောင် ထိန်းသိမ်းဖို့ လုံလောက်အောင် တောင့်တင်းမှု ရှိပါတယ်။ အခြား တစ်ဘက်မှာလည်း ချယ်ဆီးအသင်းက စပါးဘက်ခြမ်းမှာ ခြိမ်းခြောက်မှုတွေ လုပ်နိုင်ဖို့ တိုက်စစ်အင်အား ကောင်းမွန်ပါတယ်။ ” လို့ လော်ရိုးက သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ စပါး ၁ – ၂ ချယ်ဆီး ဖြစ်ပါတယ်။

ZG




