ချယ်ဆီးမှ ရူဒီဂါ ပါဝင်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်နှစ်နွေ ခေါ်ယူမယ့် ဗဟိုခံစစ်မှုး ပစ်မှတ်စာရင်း

ရီးရဲလ်အသင်းဟာ လာမယ့် ၂၀၂၂ ခုနှစ်နွေရာသီမှာ ခေါ်ယူနိုင်ဖွယ်ရှိနေတဲ့ ဗဟိုနောက်ခံလူ ၅ ဦးကို သတ်မှတ်ထား ထားတယ် လို့ သိရပါတယ်။

အန်ဆယ်လော့တီရဲ့ ရီးရဲလ်အသင်းဟာ ဘိုင်ယန်ကနေ အလာဘာကို ခေါ်ယူထားနိုင်ခဲ့ပေမယ့် ရာမို့စ် နဲ့ ဗာရာနီတို့ကို ပီအက်စ်ဂျီအသင်းထံလက်လွှတ်ခဲ့ရပါတယ်။ ရီးရဲလ်အသင်းနောက်တန်းမှာ မီလီတာအို နဲ့ နာချိုဖာနန်ဒက်စ်တို့ရှိနေပေမယ့် နောက်တန်းနေရာကို ထပ်မံအားဖြည့်ဖို့ စီစဉ်နေပါတယ်။

စပိန်သတင်းဌာနတစ်ခုကလည်း ရီးရဲလ်အသင်းဟာ နောက်တန်းနေရာအတွက် ပါအူလ်တောရက်စ် ၊ စကင်နီရာ ၊ ရူဒီဂါ ၊ မာကွင်ဟို့စ် နဲ့ ဂင်တာတို့ကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။

ရူဒီဂါဟာ ချယ်ဆီးအသင်းနဲ့ သက်တမ်းတိုး စာချုပ်သစ် အခုထိ လက်မှတ်မထိုးသေးဘဲ ရှိနေသူပါ။ စကင်နီရာကတော့ အင်တာနဲ့ စာချုပ်သစ်ချုပ်ဖို့ နီးစပ်နေပါတယ်။

ပါအူလ်တောရက်စ်ကိုတော့ ရီးရဲလ်အပြင် ယူနိုက်တက်ကလည်း စိတ်ဝင်စားနေတာဖြစ်ကာ အားပြိုင်ရဖွယ်ရှိနေပါတယ်။ ရီးရဲလ်အသင်းဟာ လာလီဂါ ၅ ပွဲမှာ ၁၃ မှတ်အထိရရှိထားကာ ၇ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။

ZG

ရီးရဲလ္အသင္းဟာ လာမယ့္ ၂၀၂၂ ခုႏွစ္ေႏြရာသီမွာ ေခၚယူႏိုင္ဖြယ္ရွိေနတဲ့ ဗဟိုေနာက္ခံလူ ၅ ဦးကို သတ္မွတ္ထား ထားတယ္ လို႔ သိရပါတယ္။

အန္ဆယ္ေလာ့တီရဲ႕ ရီးရဲလ္အသင္းဟာ ဘိုင္ယန္ကေန အလာဘာကို ေခၚယူထားႏိုင္ခဲ့ေပမယ့္ ရာမို႔စ္ နဲ႔ ဗာရာနီတို႔ကို ပီအက္စ္ဂ်ီအသင္းထံလက္လႊတ္ခဲ့ရပါတယ္။ ရီးရဲလ္အသင္းေနာက္တန္းမွာ မီလီတာအို နဲ႔ နာခ်ိဳဖာနန္ဒက္စ္တို႔ရွိေနေပမယ့္ ေနာက္တန္းေနရာကို ထပ္မံအားျဖည့္ဖို႔ စီစဥ္ေနပါတယ္။

စပိန္သတင္းဌာနတစ္ခုကလည္း ရီးရဲလ္အသင္းဟာ ေနာက္တန္းေနရာအတြက္ ပါအူလ္ေတာရက္စ္ ၊ စကင္နီရာ ၊ ႐ူဒီဂါ ၊ မာကြင္ဟို႔စ္ နဲ႔ ဂင္တာတို႔ကို ပစ္မွတ္ထားေနတယ္လို႔ ဆိုပါတယ္။

႐ူဒီဂါဟာ ခ်ယ္ဆီးအသင္းနဲ႔ သက္တမ္းတိုး စာခ်ဳပ္သစ္ အခုထိ လက္မွတ္မထိုးေသးဘဲ ရွိေနသူပါ။ စကင္နီရာကေတာ့ အင္တာနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ နီးစပ္ေနပါတယ္။

ပါအူလ္ေတာရက္စ္ကိုေတာ့ ရီးရဲလ္အျပင္ ယူႏိုက္တက္ကလည္း စိတ္ဝင္စားေနတာျဖစ္ကာ အားၿပိဳင္ရဖြယ္ရွိေနပါတယ္။ ရီးရဲလ္အသင္းဟာ လာလီဂါ ၅ ပြဲမွာ ၁၃ မွတ္အထိရရွိထားကာ ၇ ဂိုးသြင္းယူထားႏိုင္ခဲ့ပါတယ္။