မက္ဆီ၊ ေရာ္နယ္ဒိုတို႕နဲ႕ အတူ တိုက္စစ္ အေကာင္းဆံုးမွတ္တမး္ထဲ ပါ၀င္လာတဲ့ ကိုင္ဟာဗက္ဇ္

၂၀၂၀ ခုႏွစ္အတြင္း ၿပိဳင္ပြဲစုံ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံး ကစားသမားစာရင္းမွာေတာ့ ခ်ယ္ဆီး ကြင္းလယ္တိုက္စစ္ ကစားသမား ကိုင္ ဟာဗက္ဇ္ ပါဝင္လာခဲ့ပါတယ္။ ဟာဗက္ဇ္ ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလမွာ ေလဗာကူဆင္ကေန ခ်ယ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အဂၤလန္မွာေတာ့ အထိုင္က်ဖို႔ အခ်ိန္ယူေနရဆဲ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မွတ္တမ္းမ်ားအရ ၂၀၂၀ ခုႏွစ္အတြင္း ၿပိဳင္ပြဲစုံ သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ အမ်ားဆုံး ကစားသမားစာရင္းမွာ ဟာဗတ္ဇ္ဟာ အဆင့္ ၄ ေနရာမွာ ပါ၀င္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

ဒီစာရင္းကို ဦးေဆာင္ေနခဲ့သူကေတာ့ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝန္ေဒါစကီးပဲျဖစ္ပါတယ္။ လီဝန္ေဒါစကီးဟာ ၂၀၂၀ ခုႏွစ္အတြင္း သြင္းဂိုးနဲ႔ဂိုးဖန္တီးမႈႏွစ္ရပ္ေပါင္း ၄၁ ႀကိမ္ထိရွိထားခဲ့ပါတယ္။ ဒုတိယ ေနရာမွာေတာ့ ဘာစီလိုနာ အသင္းေခါင္းေဆာင္ လီယြန္နယ္မက္ဆီက ၃၆ ႀကိမ္နဲ႔ရပ္တည္ေနခဲ့ၿပီး ဂ်ဴဗီတိုက္စစ္မႉး စီေရာ္နယ္ဒိုက ၃၃ ႀကိမ္နဲ႔ အဆင့္ ၃ ျဖစ္ပါတယ္။

ကိုင္ ဟာဗက္ဇ္ ကေတာ့ သြင္းဂိုး+ဂိုးဖန္တီးမႈ ၂၉ ႀကိမ္နဲ႔ အဆင့္ ၄ ေနရာမွာ ရပ္တည္ေနခဲ့ေၾကာင္း သိရပါတယ္။ ၂၀၂၀ ခုႏွစ္အတြင္း သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈႏွစ္ရပ္ေပါင္းမွာ အမ်ားဆုံးျဖစ္ေနတဲ့ ကစားသမားေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

  • လီဝန္ေဒါစကီး (၄၁)
  • မက္ဆီ (၃၆)
  • ေရာ္နယ္ဒို (၃၃)
  • ဟာဗတ္ဇ္ (၂၉)

Unicode

၂၀၂၀ ခုနှစ်အတွင်း ပြိုင်ပွဲစုံ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းမှာတော့ ချယ်ဆီး ကွင်းလယ်တိုက်စစ် ကစားသမား ကိုင် ဟာဗက်ဇ် ပါဝင်လာခဲ့ပါတယ်။ ဟာဗက်ဇ် ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ လေဗာကူဆင်ကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အင်္ဂလန်မှာတော့ အထိုင်ကျဖို့ အချိန်ယူနေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မှတ်တမ်းများအရ ၂၀၂၀ ခုနှစ်အတွင်း ပြိုင်ပွဲစုံ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားစာရင်းမှာ ဟာဗတ်ဇ်ဟာ အဆင့် ၄ နေရာမှာ ပါဝင် ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒီစာရင်းကို ဦးဆောင်နေခဲ့သူကတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးပဲဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ၂၀၂၀ ခုနှစ်အတွင်း သွင်းဂိုးနဲ့ဂိုးဖန်တီးမှုနှစ်ရပ်ပေါင်း ၄၁ ကြိမ်ထိရှိထားခဲ့ပါတယ်။ ဒုတိယ နေရာမှာတော့ ဘာစီလိုနာ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ၃၆ ကြိမ်နဲ့ရပ်တည်နေခဲ့ပြီး ဂျူဗီတိုက်စစ်မှူး စီရော်နယ်ဒိုက ၃၃ ကြိမ်နဲ့ အဆင့် ၃ ဖြစ်ပါတယ်။

ကိုင် ဟာဗက်ဇ် ကတော့ သွင်းဂိုး+ဂိုးဖန်တီးမှု ၂၉ ကြိမ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှစ်ရပ်ပေါင်းမှာ အများဆုံးဖြစ်နေတဲ့ ကစားသမားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • လီဝန်ဒေါစကီး (၄၁)
  • မက်ဆီ (၃၆)
  • ရော်နယ်ဒို (၃၃)
  • ဟာဗတ်ဇ် (၂၉)