အီတလီနဲ႕ ခ်ယ္ဆီးအသင္းၾကား ခံစားခ်က္ေတြကို ဖြင့္ဟခဲ့တဲ့ ခံစစ္မွဴး အီမာဆင္

ခ်ယ္ဆီးအသင္း ခံစစ္မွဴး အီမာဆင္က ကလပ္အသင္းမွာ နည္းျပ လမ္းပတ္ရဲ႕ မ်က္ႏွာသာေပးျခင္း မခံရေပမယ့္ မန္စီနီရဲ႕ အီတလီ လက္ေရြးစင္ အတြက္ကစားေပးေနခ်ိန္မွာ အေရးပါတယ္လို႔ ပို ခံစားေနရတယ္လို႔ ဖြင့္ဟ ေျပာဆိုသြားခဲ့ပါတယ္။

ခ်ယ္ဆီး ဘယ္စြန္ ခံစစ္သမား ဟာ ဒီရာသီ ပရီးမီးယားလိဂ္မွာ တစ္ပြဲမွ ပါ၀င္ ကစားခြင့္မရေသးပဲ ေပါင္သန္း ၅၀ နဲ႔ အသစ္ေခၚယူထားတဲ့ ဘင္ခ်ီ၀ဲလ္ နဲ႔ မာကိုစ့္အလြန္ဆိုတို႔ ေနာက္မွာသာ ရွိေနခဲ့တာျဖစ္ပါတယ္။

အီတလီသား ကို အင္တာမီလန္နည္းျပ ကြန္တီက အီတလီကို ျပန္ေခၚယူရန္ ဆက္သြယ္မႈေတြလုပ္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ မျဖစ္ေျမာက္ခဲ့ပါဘူး။ မန္စီနီဟာ စတန္းဖိုဒ့္ဘရစ္ခ်္မွာ အီမာဆင္ ပြဲကစားခ်ိန္ နည္းပါးေနေသာ္လည္း အသက္ ၂၆ ႏွစ္အရြယ္ကစားသမားကို တနဂၤေႏြေန႔က ပိုလန္အသင္းနဲ႔ (၀-၀) သေရက်ခဲ့တဲ့ ေနရွင္းလိဂ္ျပိဳင္ပြဲမွာ ပြဲခ်ိန္ျပည့္ကစားေစခဲ့ပါတယ္။

“ ဒီကို ေရာက္လာေတာ့ ကၽြန္ေတာ့္ စိတ္ကို ေျပာင္းလဲခဲ့ပါတယ္။ ကၽြန္ေတာ္ အီတလီအသင္းမွာ ပိုျပီး အေရးပါတယ္လို႔ ခံစားရပါတယ္။ ခ်ယ္ဆီး မွာေတာ့ ဒီရာသီမွာ ကၽြန္ေတာ္ စိတ္ကူးထားသလို မျဖစ္ေနပါဘူး။ ကၽြန္ေတာ္ အလုပ္ၾကိဳးစားရမယ္” လို႔ ေနာက္ခံလူက လက္ေရြးစင္အသင္းအတြက္ တာ၀န္ထမ္းေဆာင္ေနခ်ိန္မွာ ေျပာခဲ့တာျဖစ္ပါတယ္။

Unicode

ချယ်ဆီးအသင်း ခံစစ်မှူး အီမာဆင်က ကလပ်အသင်းမှာ နည်းပြ လမ်းပတ်ရဲ့ မျက်နှာသာပေးခြင်း မခံရပေမယ့် မန်စီနီရဲ့ အီတလီ လက်ရွေးစင် အတွက်ကစားပေးနေချိန်မှာ အရေးပါတယ်လို့ ပို ခံစားနေရတယ်လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ချယ်ဆီး ဘယ်စွန် ခံစစ်သမား ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ တစ်ပွဲမှ ပါဝင် ကစားခွင့်မရသေးပဲ ပေါင်သန်း ၅၀ နဲ့ အသစ်ခေါ်ယူထားတဲ့ ဘင်ချီဝဲလ် နဲ့ မာကိုစ့်အလွန်ဆိုတို့ နောက်မှာသာ ရှိနေခဲ့တာဖြစ်ပါတယ်။

အီတလီသား ကို အင်တာမီလန်နည်းပြ ကွန်တီက အီတလီကို ပြန်ခေါ်ယူရန် ဆက်သွယ်မှုတွေလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပါဘူး။ မန်စီနီဟာ စတန်းဖိုဒ့်ဘရစ်ချ်မှာ အီမာဆင် ပွဲကစားချိန် နည်းပါးနေသော်လည်း အသက် ၂၆ နှစ်အရွယ်ကစားသမားကို တနင်္ဂနွေနေ့က ပိုလန်အသင်းနဲ့ (ဝ-၀) သရေကျခဲ့တဲ့ နေရှင်းလိဂ်ပြိုင်ပွဲမှာ ပွဲချိန်ပြည့်ကစားစေခဲ့ပါတယ်။

“ ဒီကို ရောက်လာတော့ ကျွန်တော့် စိတ်ကို ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော် အီတလီအသင်းမှာ ပိုပြီး အရေးပါတယ်လို့ ခံစားရပါတယ်။ ချယ်ဆီး မှာတော့ ဒီရာသီမှာ ကျွန်တော် စိတ်ကူးထားသလို မဖြစ်နေပါဘူး။ ကျွန်တော် အလုပ်ကြိုးစားရမယ်” လို့ နောက်ခံလူက လက်ရွေးစင်အသင်းအတွက် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တာဖြစ်ပါတယ်။