အိုဒြိဳင္းကို ေခၚခ်င္လွေပမယ့္ မာရီနာရဲ႕ ခ်ဳပ္ကြက္ေတြကို မေက်ာ္နုိင္လို႔ ေနာက္ဆုတ္ခဲ့ရတဲ့ ဘိုင္ယန္

ခ်ယ္ဆီး အသင္းဟာ ေတာင္ပံကစားသမား ဟတ္ဆန္ အိုဒြိဳင္းလ္ကို အငွားေခၚယူခ်င္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ရဲ႕ ႀကိဳးပမ္းမႈအေပၚ စာခ်ဳပ္ပါ အခ်က္အလက္ မ်ားစြာထည့္ကာ ဟန႔္တားခဲ့တယ္လို႔ သိရပါတယ္။ အိုဒြိဳင္းကို ကာလရွည္ စိတ္ဝင္စားခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္အသင္းဟာ တကယ္တမ္းမွာေတာ့ တစ္ရာသီ အငွားျဖင့္သာ ကမ္းလွမ္းလာခဲ့ပါတယ္။

ဂ်ာမန္ သတင္းဌာန အဆိုအရ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ ခ်ဥ္းကပ္မႈေတြမွာ ခ်ယ္ဆီးဒါ႐ိုက္တာ မာရီနာ ဂရာေနာဗ္စကီးယားကို အႀကိမ္ႀကိမ္ ဖုန္းဆက္ကာ ညႇိႏႈင္းခဲ့ေပမဲ့ သူမရဲ႕ ကိုင္တြယ္ပုံေတြေၾကာင့္ အခက္ေတြ႕ရတယ္လို႔ သိရပါတယ္။ အိုဒြိဳင္း အငွားသြာကစားရင္ ခ်ယ္ဆီးအသင္းဘက္က စာခ်ဳပ္ပါ အခ်က္ ေတာ္ေတာ္မ်ားမ်ား ထည့္သြင္းထားခဲ့တယ္လို႔ ဆိုပါတယ္။

တကယ္လို႔ အိုဒြိဳင္းတစ္ေယာက္ လုံေလာက္တဲ့ ပြဲကစာခြင့္ မရရွိခဲ့ရင္ ဘိုင္ယန္အသင္း ပင္နယ္တီ ရတဲ့ အေရအတြက္နဲ႔ သတ္မွတ္ႏႈန္းထား တစ္ခုကို ေပးရမယ္ဆိုတာ အခ်က္ ပါဝင္ေနပါတယ္။ အလားတူ သတ္မွတ္ထားတဲ့ ပြဲကစားခြင့္ ရခဲ့ရင္လည္း လာမယ့္ရာသီ ေပါင္ သန္း ၇၀ နဲ႔ ဝယ္ယူရမယ္ဆိုတဲ့ အခ်က္ ထည့္သြင္းထားခဲ့ပါတယ္။

၁၉ႏွစ္သားဟာ ခ်ယ္ဆီး နဲ႔ ေနာက္ဆုံး ၂ပြဲဆက္ ပါဝင္ကစားထားၿပီး အသင္းက ထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ထားျခင္း မရွိေသးပါဘူး။ ၂၀၁၉ ခုႏွစ္ စက္တင္ဘာမွာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္း တိုးခဲ့ၿပီးေနာက္ အိုဒြိဳင္းလ္ဟာ ဒဏ္ရာကေန ျပန္လာခဲ့ေပမဲ့ ဇီယက္ခ်္၊ ကိုင္ဟာဗက္ဇ္၊ ဝါနာတို႔ ေရာက္လာခ်ိန္မွာ ပုံမွန္ပြဲထြက္ခြင့္ရဖြယ္ မရွိပါဘူး။

ဘိုင္ယန္ျမဴးနစ္နည္းျပ ဟန္စီ ဖလစ္ခ္ကလည္း အိုဒြိဳင္းလ္ကို တိုးတက္လာမယ့္ ကစားသမားတစ္ဦး အျဖစ္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ထားခဲ့ပါတယ္။ ဒါေပမဲ့ လမ္းပတ္ကေတာ့ ဘိုင္ယန္ျမဴးနစ္တို႔ ဇန္နဝါရီမွာ ျပန္ ႀကိဳးစားလာရင္ေတာင္ အဂၤလန္သားကို ဆက္ထိန္းဖို႔ ဆုံးျဖတ္ထားပါတယ္။

Unicode

ချယ်ဆီး အသင်းဟာ တောင်ပံကစားသမား ဟတ်ဆန် အိုဒွိုင်းလ်ကို အငှားခေါ်ယူချင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ရဲ့ ကြိုးပမ်းမှုအပေါ် စာချုပ်ပါ အချက်အလက် များစွာထည့်ကာ ဟန့်တားခဲ့တယ်လို့ သိရပါတယ်။ အိုဒွိုင်းကို ကာလရှည် စိတ်ဝင်စားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ တကယ်တမ်းမှာတော့ တစ်ရာသီ အငှားဖြင့်သာ ကမ်းလှမ်းလာခဲ့ပါတယ်။

ဂျာမန် သတင်းဌာန အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချဉ်းကပ်မှုတွေမှာ ချယ်ဆီးဒါရိုက်တာ မာရီနာ ဂရာနောဗ်စကီးယားကို အကြိမ်ကြိမ် ဖုန်းဆက်ကာ ညှိနှုင်းခဲ့ပေမဲ့ သူမရဲ့ ကိုင်တွယ်ပုံတွေကြောင့် အခက်တွေ့ရတယ်လို့ သိရပါတယ်။ အိုဒွိုင်း အငှားသွာကစားရင် ချယ်ဆီးအသင်းဘက်က စာချုပ်ပါ အချက် တော်တော်များများ ထည့်သွင်းထားခဲ့တယ်လို့ ဆိုပါတယ်။

တကယ်လို့ အိုဒွိုင်းတစ်ယောက် လုံလောက်တဲ့ ပွဲကစာခွင့် မရရှိခဲ့ရင် ဘိုင်ယန်အသင်း ပင်နယ်တီ ရတဲ့ အရေအတွက်နဲ့ သတ်မှတ်နှုန်းထား တစ်ခုကို ပေးရမယ်ဆိုတာ အချက် ပါဝင်နေပါတယ်။ အလားတူ သတ်မှတ်ထားတဲ့ ပွဲကစားခွင့် ရခဲ့ရင်လည်း လာမယ့်ရာသီ ပေါင် သန်း ၇၀ နဲ့ ဝယ်ယူရမယ်ဆိုတဲ့ အချက် ထည့်သွင်းထားခဲ့ပါတယ်။

၁၉နှစ်သားဟာ ချယ်ဆီး နဲ့ နောက်ဆုံး ၂ပွဲဆက် ပါဝင်ကစားထားပြီး အသင်းက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ထားခြင်း မရှိသေးပါဘူး။ ၂၀၁၉ ခုနှစ် စက်တင်ဘာမှာ ချယ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးခဲ့ပြီးနောက် အိုဒွိုင်းလ်ဟာ ဒဏ်ရာကနေ ပြန်လာခဲ့ပေမဲ့ ဇီယက်ချ်၊ ကိုင်ဟာဗက်ဇ်၊ ဝါနာတို့ ရောက်လာချိန်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖွယ် မရှိပါဘူး။

ဘိုင်ယန်မြူးနစ်နည်းပြ ဟန်စီ ဖလစ်ခ်ကလည်း အိုဒွိုင်းလ်ကို တိုးတက်လာမယ့် ကစားသမားတစ်ဦး အဖြစ် ချီးကျူးမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ လမ်းပတ်ကတော့ ဘိုင်ယန်မြူးနစ်တို့ ဇန်နဝါရီမှာ ပြန် ကြိုးစားလာရင်တောင် အင်္ဂလန်သားကို ဆက်ထိန်းဖို့ ဆုံးဖြတ်ထားပါတယ်။