ခ်ယ္ဆီးက ကစားသမားေတြ ၀ယ္ေနတာ မဟုတ္ဘူး၊ ေခတ္သစ္ တစ္ခု တည္ေဆာက္ေနတာ ျဖစ္တယ္

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီေႏြရာသီမွာ ကစားသမားသစ္ေတြ အမ်ားအျပားေခၚယူၿပီး အသင္းကို တိုးတက္ဖို႔အတြက္ ႀကိဳးစားလုပ္ေဆာင္လ်က္ရွိပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီက ခ်ယ္ဆီး အသင္းဟာ အေျပာင္းအေရႊ႕ ပိတ္ခံခဲ့ရတာေၾကာင့္ ကစားသမားသစ္ ေခၚယူႏိုင္ျခင္း မရွိခဲ့ေပမယ့္ အသင္းက လူငယ္ၾကယ္ပြင့္ေတြကို ေနရာေပးၿပီး အဆင့္ ၄ အတြင္း၀င္ေအာင္ လုပ္ျပႏိုင္ခဲ့ပါတယ္။

ဒီေႏြမွာေတာ လန္ဒန္ကလပ္ဟာ ပရီးမီးယားလိဂ္အသင္းေတြထဲမွာ လူအ၀ယ္ဆံုး အသင္းအျဖစ္ ေစ်းကြက္ထဲမွာ ေသာင္းက်န္းခ်င္တုိင္း ေသာင္းက်န္းေနခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ဘြန္ဒက္လီဂါကလပ္ လိုက္ပ္ဇစ္အသင္းအတြက္ သြင္းဂိုး ၂၈ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ ဂ်ာမနီတိုက္စစ္မွဴး တီမို၀ါနာကိုလည္း ေခၚယူထားသလို ၀ါနာရဲ႕ႏိုင္ငံလက္ေရြးစင္ အသင္းေဖာ္ ကိုင္ဟာဗက္ဇ္ကိုလည္း ကြင္းလယ္ အင္အား တိုးခ်ဲ႕ဖို႔အတြက္ ေစ်းႀကီးေပးၿပီး ေခၚယူထားခဲ့ပါတယ္။

ခံစစ္ေၾကာင္း အတြက္ကိုလည္း လက္စတာက အဂၤလန္လက္ေရြးစင္ ဘယ္ေနာက္ခံလူ ဘန္ခ်ီ၀ဲလ္ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္ကုန္ဆံုးသြားခဲ့လို႔ အလြတ္နဲ႔ေခၚယူႏိုင္ခဲ့တဲ့ ဘရာဇီး၀ါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားတို႔ကိုလည္း ေခၚယူထားပါတယ္။ ကြင္းလယ္ေတာင္ပံမွာလည္း ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္တက္ခဲ့တဲ့ ေအဂ်က္စ္အသင္းရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တဲ့ ေမာ္ရိုကိုေတာင္ပံကစားသမား ဟာကင္ဇီယက္ခ်္ကိုလည္း ေခၚယူႏုိင္ခဲ့ပါတယ္။

ခ်ယ္ဆီး ေတာင္ပံ ကစားသမားေဟာင္း ပက္နီဗင္က ေတာ့ ဒီလို ကစားသမားေတြ ၀ယ္ယူေနတာက ေငြသံုးၾကမ္းေနရံု သက္သက္ မဟုတ္ဘဲ ခ်ယ္ဆီး ေခတ္ တစ္ခတ္ တည္ေဆာက္ေနတာ ျဖစ္တယ္လို႔ သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

” ခ်ယ္ဆီးက အသင္းတစ္သင္းစာ ၀ယ္ေနတာ မဟုတ္ပါဘူး၊ ေခတ္သစ္တစ္ခုကို ၀ယ္ေနတာ ေခတ္သစ္ တစ္ခုကို တည္ေဆာက္ေနတာပါ။ အရမ္း ကို ထူးျခားၿပီး စိတ္လႈပ္ရွားစရာေကာင္းတဲ့ အခိုက္အတန္႔ပါပဲ ” လို႔ ၄င္းက BBC ကို ေျပာခဲ့ပါတယ္။

လက္ရွိ အသင္းနည္းျပ ျဖစ္ေနတဲ့ ခ်ယ္ဆီး ရဲ႕ စံခ်ိန္တင္ ဂိုးသြင္းရွင္ လမ္းပတ္ကေတာ့ ဒီရာသီမွာ ကစားသမားသစ္ေတြ ေခၚယူထားတာေၾကာင့္ ဒီရာသီမွာ အသင္းရဲ႕ အဆင့္အတန္းက နဂိုထက္ပိုၿပီး ျမင္လာေစရမယ္ လို႔ အာမခံသြားခဲ့ပါတယ္။

Unicode – ချယ်ဆီးအသင်းဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူပြီး အသင်းကို တိုးတက်ဖို့အတွက် ကြိုးစားလုပ်ဆောင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ချယ်ဆီး အသင်းဟာ အပြောင်းအရွှေ့ ပိတ်ခံခဲ့ရတာကြောင့် ကစားသမားသစ် ခေါ်ယူနိုင်ခြင်း မရှိခဲ့ပေမယ့် အသင်းက လူငယ်ကြယ်ပွင့်တွေကို နေရာပေးပြီး အဆင့် ၄ အတွင်းဝင်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။

ဒီနွေမှာတော လန်ဒန်ကလပ်ဟာ ပရီးမီးယားလိဂ်အသင်းတွေထဲမှာ လူအဝယ်ဆုံး အသင်းအဖြစ် ဈေးကွက်ထဲမှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇစ်အသင်းအတွက် သွင်းဂိုး ၂၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာကိုလည်း ခေါ်ယူထားသလို ဝါနာရဲ့နိုင်ငံလက်ရွေးစင် အသင်းဖော် ကိုင်ဟာဗက်ဇ်ကိုလည်း ကွင်းလယ် အင်အား တိုးချဲ့ဖို့အတွက် ဈေးကြီးပေးပြီး ခေါ်ယူထားခဲ့ပါတယ်။

ခံစစ်ကြောင်း အတွက်ကိုလည်း လက်စတာက အင်္ဂလန်လက်ရွေးစင် ဘယ်နောက်ခံလူ ဘန်ချီဝဲလ် ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်ကုန်ဆုံးသွားခဲ့လို့ အလွတ်နဲ့ခေါ်ယူနိုင်ခဲ့တဲ့ ဘရာဇီးဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားတို့ကိုလည်း ခေါ်ယူထားပါတယ်။ ကွင်းလယ်တောင်ပံမှာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အေဂျက်စ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ မော်ရိုကိုတောင်ပံကစားသမား ဟာကင်ဇီယက်ချ်ကိုလည်း ခေါ်ယူနိုင်ခဲ့ပါတယ်။

ချယ်ဆီး တောင်ပံ ကစားသမားဟောင်း ပက်နီဗင်က တော့ ဒီလို ကစားသမားတွေ ဝယ်ယူနေတာက ငွေသုံးကြမ်းနေရုံ သက်သက် မဟုတ်ဘဲ ချယ်ဆီး ခေတ် တစ်ခတ် တည်ဆောက်နေတာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

” ချယ်ဆီးက အသင်းတစ်သင်းစာ ဝယ်နေတာ မဟုတ်ပါဘူး၊ ခေတ်သစ်တစ်ခုကို ဝယ်နေတာ ခေတ်သစ် တစ်ခုကို တည်ဆောက်နေတာပါ။ အရမ်းကို ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်ပါပဲ ” လို့ ၎င်းက BBC ကို ပြောခဲ့ပါတယ်။

လက်ရှိ အသင်းနည်းပြ ဖြစ်နေတဲ့ ချယ်ဆီး ရဲ့ စံချိန်တင် ဂိုးသွင်းရှင် လမ်းပတ်ကတော့ ဒီရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူထားတာကြောင့် ဒီရာသီမှာ အသင်းရဲ့ အဆင့်အတန်းက နဂိုထက်ပိုပြီး မြင်လာစေရမယ်လို့ အာမခံသွားခဲ့ပါတယ်။