ဂြာဒီယိုလာရဲ႕ ပုဂၢိဳလ္ေရး ကမ္းလွမ္းမႈကို ျငင္းဆန္ျပီး ခ်ယ္ဆီးထံပဲ ေျပာင္းခဲ့တဲ့ တီမိုဝါနာ

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက လိုက္ဇစ္တိုက္စစ္သမား ဝါနာကို ေခၚယူဖို႔ ဆက္သြယ္ခဲ့ေပမယ့္ ဂ်ာမနီတိုက္စစ္သမားက ျငင္းဆန္ျပီး ခ်ယ္ဆီးကိုပဲ ေျပာင္းေရႊ႔ခဲ့တာလို႔ ဂ်ာမနီသတင္းေတြက ေဖာ္ျပပါတယ္။

ဂြာဒီယိုလာက ဝါနာကို ေခၚယူျပီး ဝါရင့္တိုက္စစ္မွဴး အဂြယ္ရိုေနရာ အစားထိုးလိုတယ္။ အဲ့အတြက္လည္း တိုက္စစ္သမားကို ပုဂၢိဳလ္ေရး ဖုန္းေခၚဆိုမႈ လုပ္ခဲ့ေပမယ့္ ဝါနာက ျငင္းဆန္ခဲ့ကာ ခ်ယ္ဆီးမန္ေနဂ်ာ လမ္းပတ္ရဲ႕ ဆြဲေဆာင္မႈကိုပဲ ႏွစ္သက္ခဲ့ျခင္း ျဖစ္ပါတယ္။

ဂ်ာမနီအေျခစိုက္ Sport Bild က မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အလိုခ်င္ဆံုးကစားသမားက လိုက္ဇစ္ကေန ခ်ယ္ဆီးကို ေျပာင္းေရႊ႕ခဲ့တဲ့ တိုက္စစ္မွဴး တီမိုဝါနာ ျဖစ္တယ္ဆိုၿပီး ေဖာ္ျပခဲ့ ပါတယ္။ တီမိုဝါနာ ဟာ အေစာပိုင္းတုန္းက လီဗာပူးကို ေျပာင္းေရႊ႕ဖို႔အတြက္ သတင္းေတြထြက္ေပၚခဲ့ၿပီးမွ ခ်ယ္ဆီးးကို ေျပာင္းေရႊ႕လာခဲ့သူလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ တီမိုဝါနာနဲ႔ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီခ်က္ေတြ ရၿပီးေနာက္မွာေတာ့ တီမိုဝါနာရဲ႕ စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ ၄၇ သန္းေပးၿပီး အျခားအသင္းေတြထက္ လက္ဦးမႈရယူကာ ေခၚယူခဲ့တာပဲျဖစ္ပါတယ္။ တီမိုဝါနာဟာ ၿပီးခဲ့တဲ့ရာသီ က လိုက္ဇစ္အတြက္ ၿပိဳင္ပြဲစံုမွာ ၃၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္ လိုက္ဇစ္ရဲ႕ ခ်န္ပီယံလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္ေတြကို မကစားေပးေတာ့ဘဲ ခ်ယ္ဆီးကိုေျပာင္းေရႊ႕လာခဲ့သူျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္သာရွိေသးတဲ့ တီမိုဝါနာဟာ ခ်ယ္ဆီးတိုက္စစ္မွဴးေဟာင္း ဒီေယဂိုေကာ္စတာနဲ႔ ႏႈိင္းယွဥ္ခံရၿပီး အသင္းရဲ႕ တိုက္စစ္ကို ဦးေဆာင္မယ့္သူအျဖစ္လည္း သတ္မွတ္ခံထားရတာျဖစ္ပါတယ္။ ခ်ယ္ဆီးအတြက္ ပထမဆံုးကစားေပးခဲ့တဲ့ ဘ႐ိုက္တန္နဲ႔ ေျခစမ္းပြဲမွာပဲ တီမိုဝါနာ အေနနဲ႔ သူရဲ႕ပထမဆံုးသြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တယ္။ မန္ေနဂ်ာလမ္းပတ္ကေတာ့ တီမိုဝါနာကို အသင္းရဲ႕ အဓိကတိုက္စစ္မွဴးအျဖစ္ အသံုးျပဳဖို႔ရွိေနပါတယ္။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက လိုက်ဇစ်တိုက်စစ်သမား ဝါနာကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ပေမယ့် ဂျာမနီတိုက်စစ်သမားက ငြင်းဆန်ပြီး ချယ်ဆီးကိုပဲ ပြောင်းရွှေ့ခဲ့တာလို့ ဂျာမနီသတင်းတွေက ဖော်ပြပါတယ်။

ဂွာဒီယိုလာက ဝါနာကို ခေါ်ယူပြီး ဝါရင့်တိုက်စစ်မှူး အဂွယ်ရိုနေရာ အစားထိုးလိုတယ်။ အဲ့အတွက်လည်း တိုက်စစ်သမားကို ပုဂ္ဂိုလ်ရေး ဖုန်းခေါ်ဆိုမှု လုပ်ခဲ့ပေမယ့် ဝါနာက ငြင်းဆန်ခဲ့ကာ ချယ်ဆီးမန်နေဂျာ လမ်းပတ်ရဲ့ ဆွဲဆောင်မှုကိုပဲ နှစ်သက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဂျာမနီအခြေစိုက် Sport Bild က မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အလိုချင်ဆုံးကစားသမားက လိုက်ဇစ်ကနေ ချယ်ဆီးကို ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာ ဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့ ပါတယ်။ တီမိုဝါနာ ဟာ အစောပိုင်းတုန်းက လီဗာပူးကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေထွက်ပေါ်ခဲ့ပြီးမှ ချယ်ဆီးးကို ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

ချယ်ဆီးဟာ တီမိုဝါနာနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်တွေ ရပြီးနောက်မှာတော့ တီမိုဝါနာရဲ့ စာချုပ်ပါလျော်ကြေး ပေါင် ၄၇ သန်းပေးပြီး အခြားအသင်းတွေထက် လက်ဦးမှုရယူကာ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ တီမိုဝါနာဟာ ပြီးခဲ့တဲ့ရာသီ က လိုက်ဇစ်အတွက် ပြိုင်ပွဲစုံမှာ ၃၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် လိုက်ဇစ်ရဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်တွေကို မကစားပေးတော့ဘဲ ချယ်ဆီးကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

အသက် ၂၄ နှစ်သာရှိသေးတဲ့ တီမိုဝါနာဟာ ချယ်ဆီးတိုက်စစ်မှူးဟောင်း ဒီယေဂိုကော်စတာနဲ့ နှိုင်းယှဉ်ခံရပြီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်မယ့်သူအဖြစ်လည်း သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ ချယ်ဆီးအတွက် ပထမဆုံးကစားပေးခဲ့တဲ့ ဘရိုက်တန်နဲ့ ခြေစမ်းပွဲမှာပဲ တီမိုဝါနာ အနေနဲ့ သူရဲ့ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တယ်။ မန်နေဂျာလမ်းပတ်ကတော့ တီမိုဝါနာကို အသင်းရဲ့ အဓိကတိုက်စစ်မှူးအဖြစ် အသုံးပြုဖို့ရှိနေပါတယ်။