ေမြးေန႔အတြက္ အထူး လက္ေဆာင္ေကာင္း တစ္ခုကို ရရွိခဲ့သည့္ သ႐ုပ္ေဆာင္ ေနတိုး

ဒီကေန႔ စက္တင္ဘာလ (၉) ရက္ေန႔ကေတာ့ လက္ရွိ ျမန္မာ့အႏုပညာေလာကမွာ ထိပ္တန္းမင္းသားတစ္ဦးအျဖစ္ ဒိတ္ဒိတ္ႀကဲ ေအာင္ျမင္ေက်ာ္ၾကားေနတဲ့ ႐ုပ္ရွင္သ႐ုပ္ေဆာင္ ေနတိုးရဲ႕ ေမြးေန႔ျဖစ္ၿပီး ေနတိုးကေတာ့ ဒီကေန႔မွာ အသက္ (၃၉) ႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။

နာမည္ႀကီး စူပါမင္းသားတစ္ေယာက္ျဖစ္တဲ့ ေနတိုးရဲ႕ ေမြးေန႔ကိုေတာ့ ပရိသတ္မ်ားစြာႏွင့္ အႏုပညာရွင္ ေမာင္ႏွမမ်ားက ေမြးေန႔ ဆုေတာင္းေပးခဲ့ၾကၿပီး ဒီကေန႔မွာ ေနတိုးဟာ ေမြးေန႔လက္ေဆာင္အျဖစ္ သိန္း (၆၀၀) ေက်ာ္တန္ေၾကးရွိ ကားသစ္ႀကီးတစ္စီးကို လက္ေဆာင္ရရွိခဲ့တာလည္းေတြ႕ရပါတယ္။

ေနတိုးဟာ သူအလြန္စိတ္၀င္စားေနတဲ့ ကမာၻေက်ာ္ အဂၤလန္ကားအမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Morris Garages HS Brand new ကားသစ္ႀကီးကို တိုက္တိုက္ဆိုင္ဆိုင္ ေမြးေန႔လက္ေဆာင္အျဖစ္ ရရွိခဲ့တာျဖစ္ပါတယ္။ ေနတိုးအတြက္ ေမြးေန႔လက္ေဆာင္ကိုေတာ့ သူ Brand Ambassador အျဖစ္ လုပ္ကိုင္ေဆာင္႐ြက္ေပးေနတဲ့ MG Myanmar ကားကုမၸဏီကေန ေမြးေန႔လက္ေဆာင္အျဖစ္ ေပးခဲ့တာလို႔ သိရွိရပါတယ္။

ေနတိုးက သူအရမ္းစိတ္၀င္စားေနတဲ့ ထိုကားေလးကို လက္ေဆာင္ရရွိခဲ့သည့္အတြက္ ၀မ္းသာေပ်ာ္႐ႊင္ေနခဲ့သလို တန္ဖိုးႀကီး လက္ေဆာင္ေလးကို ေပးခဲ့သည့္ MG Myanmar Team တစ္ခုလုံးကိုလည္း ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။

ဒီကနေ့ စက်တင်ဘာလ (၉) ရက်နေ့ကတော့ လက်ရှိ မြန်မာ့အနုပညာလောကမှာ ထိပ်တန်းမင်းသားတစ်ဦးအဖြစ် ဒိတ်ဒိတ်ကြဲ အောင်မြင်ကျော်ကြားနေတဲ့ ရုပ်ရှင်သရုပ်ဆောင် နေတိုးရဲ့ မွေးနေ့ဖြစ်ပြီး နေတိုးကတော့ ဒီကနေ့မှာ အသက် (၃၉) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။

နာမည်ကြီး စူပါမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးရဲ့ မွေးနေ့ကိုတော့ ပရိသတ်များစွာနှင့် အနုပညာရှင် မောင်နှမများက မွေးနေ့ ဆုတောင်းပေးခဲ့ကြပြီး ဒီကနေ့မှာ နေတိုးဟာ မွေးနေ့လက်ဆောင်အဖြစ် သိန်း (၆၀၀) ကျော်တန်ကြေးရှိ ကားသစ်ကြီးတစ်စီးကို လက်ဆောင်ရရှိခဲ့တာလည်းတွေ့ရပါတယ်။

နေတိုးဟာ သူအလွန်စိတ်ဝင်စားနေတဲ့ ကမ္ဘာကျော် အင်္ဂလန်ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Morris Garages HS Brand new ကားသစ်ကြီးကို တိုက်တိုက်ဆိုင်ဆိုင် မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တာဖြစ်ပါတယ်။ နေတိုးအတွက် မွေးနေ့လက်ဆောင်ကိုတော့ သူ Brand Ambassador အဖြစ် လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ MG Myanmar ကားကုမ္ပဏီကနေ မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့တာလို့ သိရှိရပါတယ်။

နေတိုးက သူအရမ်းစိတ်ဝင်စားနေတဲ့ ထိုကားလေးကို လက်ဆောင်ရရှိခဲ့သည့်အတွက် ဝမ်းသာပျော်ရွှင်နေခဲ့သလို တန်ဖိုးကြီး လက်ဆောင်လေးကို ပေးခဲ့သည့် MG Myanmar Team တစ်ခုလုံးကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။