ခ်န္ပီယံဆီက အမွတ္ယူမယ့္ အာဆင္နယ္ (သို႔မဟုတ္) အာဆင္နယ္ Vs လီဗာပူးပြဲ ေလာ္ရိုး ခန္႔မွန္း

စပါးအသင္းကို အေရးနိမ့္ျပီးေနာက္ ဥေရာပ၀င္ခြင့္ အတြက္ ေမွ်ာ္လင့္ခ်က္ နည္းသြားတဲ့ အာဆင္နယ္ဟာ ဒီတပတ္မွာေတာ့ ဖိအား နည္းသြားဖြယ္ ရွိျပီး ခ်န္ပီယံ လီဗာပူးအသင္းကို အိမ္ကြင္းမွာ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။ ပြဲခ်ိန္ကေတာ့ ဇူလိုင္ ၁၆ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၄၅ နာရီ ျဖစ္ပါတယ္။

ဒီပြဲစဥ္ အတြက္ ဘီဘီစီမွာ ပင္တိုင္သံုးသပ္ေလ့ ရွိတဲ့ ဂန္းနားေဟာင္းၾကီး ေလာ္ရိုးကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားျပီး အာဆင္နယ္တို႔ အမွတ္ယူနိုင္လိမ့္မယ္ ေမွ်ာ္လင့္ထားပါတယ္။

ေလာ္ရိုးကေတာ့ ” ဘန္ေလကို လီဗာပူးအသင္း ရမွတ္ ခြဲေပးလိုက္ရတာက သိပ္ေတာ့ အံ့ၾသစရာ မဟုတ္ပါဘူး။ သူတို႔ ရမွတ္ ၁၀၀ ကို ေက်ာ္လြန္ျပီး မန္စီးတီးရဲ႕ စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ဆိုတာ ျဖစ္ႏုိင္ေျခရွိဆဲ အေနအထားျဖစ္ပါတယ္။ ဒါေပမယ့္ ဒါက လီဗာပူးအသင္းအတြက္ တြန္းအားၾကီးေတာ့ ျဖစ္သြားမယ္ မထင္ပါဘူး။

ဘန္ေလနဲ႔ပြဲမွာဆိုရင္ လူငယ္ကစားသမားေတြကို ပြဲထြက္လူစာရင္းထဲ ထည့္မႈနဲ႔အတူ မန္ေနဂ်ာကေလာ့ပ္က ေနရာေပးမႈေတြ လုပ္ခဲ့တယ္။ ခ်န္ပီယံျဖစ္ျပီးေနာက္ လီဗာပူးရဲ႕ အေကာင္းဆံုး ပြဲေတြကိုလည္း သိပ္မျမင္ရပါဘူး။

လန္ဒန္ဒါဘီပြဲမွာေတာ့ အာဆင္နယ္က အရင္လိုပါပဲ။ သူတို႔ အႏုိင္ရေလာက္တဲ့ အေနအထား ရွိေပမယ့္လည္း အႏုိင္မရခဲ့ဘူး။ ခံစစ္ကလည္း ညံ့ဖ်င္းလြန္းတယ္။ သူတို႔ရဲ႕ ခံစစ္က အေတာ္ေလး ဆိုးပါတယ္။ ကစားသမားေတြ အေျပာင္းအလဲ မလုပ္ရင္ေတာ့ ဒီလိုပဲ ဆက္ျဖစ္ေနမွာပါ။

ဒီပြဲကေတာ့ တိုက္စစ္ ဖြင့္ကစားၾကတဲ့ပြဲ ျဖစ္လာႏုိင္ေပမ့္ လီဗာပူးရဲ႕ ေနာက္ထပ္ သေရပြဲျဖစ္ဖို႔ မ်ားပါတယ္ ” လို႔ သံုးသပ္ခဲ့တယ္။

အာဆင္နယ္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္႐ိုးရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ ၁-၁ ဆိုတဲ့ သေရရလဒ္ ျဖစ္ပါတယ္။

Uni – စပါးအသင်းကို အရေးနိမ့်ပြီးနောက် ဥရောပဝင်ခွင့် အတွက် မျှော်လင့်ချက် နည်းသွားတဲ့ အာဆင်နယ်ဟာ ဒီတပတ်မှာတော့ ဖိအား နည်းသွားဖွယ် ရှိပြီး ချန်ပီယံ လီဗာပူးအသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။ ပွဲချိန်ကတော့ ဇူလိုင် ၁၆ ရက် (ကြာသပတေးနေ့) နံနက် ၁း၄၅ နာရီ ဖြစ်ပါတယ်။

ဒီပွဲစဉ် အတွက် ဘီဘီစီမှာ ပင်တိုင်သုံးသပ်လေ့ ရှိတဲ့ ဂန်းနားဟောင်းကြီး လော်ရိုးကတော့ အခုလို သုံးသပ် ခန့်မှန်းထားပြီး အာဆင်နယ်တို့ အမှတ်ယူနိုင်လိမ့်မယ် မျှော်လင့်ထားပါတယ်။

လော်ရိုးကတော့ ” ဘန်လေကို လီဗာပူးအသင်း ရမှတ် ခွဲပေးလိုက်ရတာက သိပ်တော့ အံ့သြစရာ မဟုတ်ပါဘူး။ သူတို့ ရမှတ် ၁၀၀ ကို ကျော်လွန်ပြီး မန်စီးတီးရဲ့ စံချိန်ကို ချိုးဖျက်ဖို့ဆိုတာ ဖြစ်နိုင်ခြေရှိဆဲ အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် ဒါက လီဗာပူးအသင်းအတွက် တွန်းအားကြီးတော့ ဖြစ်သွားမယ် မထင်ပါဘူး။

ဘန်လေနဲ့ပွဲမှာဆိုရင် လူငယ်ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲ ထည့်မှုနဲ့အတူ မန်နေဂျာကလော့ပ်က နေရာပေးမှုတွေ လုပ်ခဲ့တယ်။ ချန်ပီယံဖြစ်ပြီးနောက် လီဗာပူးရဲ့ အကောင်းဆုံး ပွဲတွေကိုလည်း သိပ်မမြင်ရပါဘူး။

လန်ဒန်ဒါဘီပွဲမှာတော့ အာဆင်နယ်က အရင်လိုပါပဲ။ သူတို့ အနိုင်ရလောက်တဲ့ အနေအထား ရှိပေမယ့်လည်း အနိုင်မရခဲ့ဘူး။ ခံစစ်ကလည်း ညံ့ဖျင်းလွန်းတယ်။ သူတို့ရဲ့ ခံစစ်က အတော်လေး ဆိုးပါတယ်။ ကစားသမားတွေ အပြောင်းအလဲ မလုပ်ရင်တော့ ဒီလိုပဲ ဆက်ဖြစ်နေမှာပါ။

ဒီပွဲကတော့ တိုက်စစ် ဖွင့်ကစားကြတဲ့ပွဲ ဖြစ်လာနိုင်ပေမ့် လီဗာပူးရဲ့ နောက်ထပ် သရေပွဲဖြစ်ဖို့ များပါတယ် ” လို့ သုံးသပ်ခဲ့တယ်။

အာဆင်နယ်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ၁-၁ ဆိုတဲ့ သရေရလဒ် ဖြစ်ပါတယ်။