ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (13/07/20)
ရှက်ဖီး ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ချယ်ဆီးအသင်းမှ ကီပါ၊ ဂျော်ဂျင်ညို၊ ခရစ်စတန်ဆန်၊ ဇူးမားနဲ့ ရူဒီဂါတို့ရဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျအနာဂတ် မသေချာတော့ကြောင်း လန်ဒန် သတင်းဌာနက က ဖော်ပြထားပါတယ်။
Uni – ချယ်ဆီးအသင်းဟာ ရှက်ဖီးမှာ အငှား ကစားနေတဲ့ ယူနိုက်တက် လူငယ် ဂိုးသမား ဒင်း ဟန်ဒါဆန် ကို ခေါ်ယူဖို့ အတွက် ချဉ်းကပ် မေးမြန်းမှုတွေ ပြုလုပ်နေတော့မယ်လို့ သိရပါတယ်။ ဟန်ဒါဆန်ကို ခေါ်ယူဖို့ ချယ်ဆီး ယခင်တည်းက စိတ်ဝင်စားပေမယ့် ရှက်ဖီးနဲ့ အတွေ့ သုံးဂိုးပြတ် ရံှုးအပြီးမှာ ပိုမို စိတ်အားထက်သန်လာပါတယ်။
ရှက်ဖီး ယူနိုက်တက်နဲ့ ပွဲအပြီးမှာ ချယ်ဆီးအသင်းမှ ကီပါ၊ ဂျော်ဂျင်ညို၊ ခရစ်စတန်ဆန်၊ ဇူးမားနဲ့ ရူဒီဂါတို့ရဲ့ စတန်းဖို့ဒ်ဘရစ်ချ်အနာဂတ် မသေချာတော့ကြောင်း လန်ဒန် သတင်းဌာနက က ဖော်ပြထားပါတယ်။
စီးရီးအေထိပ်တန်းကလပ် အင်တာမီလန်အသင်းဟာ ချယ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား အီမာဆင်ကို ခေါ်ယူနိုင်ဖို့အတွက် ပေါင် သန်း ၂၀နဲ့ ကမ်းလှမ်းထားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂိုးသမားကီပါဟာ ချယ်ဆီးအသင်းရဲ့ အဆင့်အတန်းနဲ့ မကိုက်ညီဘဲ ဒီထက်ပိုကောင်းလာမှာ မဟုတ်တဲ့အတွက် လာမဲ့နွေဈေးကွက်မှာ အစားထိုးစရာ ဂိုးသမားသစ်တစ်ဦး ခေါ်ယူသင့်တယ်လို့ ချယ်ဆီးကစားသမားဟောင်း အန်ဒီတောင်းဆန်က အကြံပြုတိုက်တွန်းခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပြင်သစ်ကလပ် လီလ်အသင်းရဲ့ တိုက်စစ်မှူး ယိုနသန်အီကိုနီကို လာမဲ့နွေဈေးကွက်မှာ ခေါ်ယူဖို့အတွက် စီးရီးအေ ထိပ်တန်း ကလပ် အင်တာမီလန်အသင်းနဲ့အပြိုင် ကြိုးပမ်းနေကြောင်း သိရပါတယ်။
တီမိုဗာနာရဲ့နောက်မှာ အရန်သင့်ထားရှိဖို့အတွက် စပိန်ထိပ်တန်းကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးလေး လူကာဂျိုဗစ်ကို ပေါင် ၃၁.၃သန်းနဲ့ ခေါ်ယူသွားဖို့ ချယ်ဆီးက စတင် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။