ေျမာက္လန္ဒန္ ဒါဘီပြဲမွာ အိမ္ရွင္ဘက္က ရပ္တည္လိုတဲ့ မိုက္ကယ္အို၀င္

ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃၅ ပြဲေတြထဲ ေျမာက္လန္ဒန္ ဒါဘီ ပြဲ ျဖစ္တဲ့ စပါး နဲ႕ အာဆင္နယ္ အသင္းတို႔ ပြဲစဥ္လည္း ပါ၀င္ေနျပီး စပါးကြင္းသစ္မွာ ယွဥ္ျပိဳင္ ကစားၾကမွာပါ။ ပြဲခ်ိန္ ကေတာ့ ဇူလိုင္ ၁၂ ရက္ (တနဂၤေႏြေန႔) ည ၁၀း၀၀ နာရီ မွာ ျဖစ္ပါတယ္။

ဒီပြဲ အတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ သံုးသပ္ခ်က္နဲ႕ ခန္႔မွန္းရလဒ္ေတြကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

” အာဆင္နယ္ဟာ ေနာက္ဆုံး သုံးပြဲလုံးမွာ အမွတ္ေပးဇယား သူ႔အထက္က အသင္းေတြနဲ႔ခ်ည္း ဆုံေပမယ့္ ရလဒ္ေကာင္းေတြ ဆက္တိုက္ ရယူထားပါတယ္။ ႏိုင္ပြဲ ရလဒ္က အဂၤါေန႔ည လက္စတာနဲ႔ ပြဲမွာ ရပ္တန႔္သြားေပမယ့္ ၁-၁ သေရ ရလဒ္က သူတို႔ ယုံၾကည္မႈေတြ ဒါမွမဟုတ္ ယူ႐ိုပါလိဂ္ ဝင္ခြင့္ ေမွ်ာ္လင့္ခ်က္ေတြကို ထိခိုက္ေစမွာေတာ့ မဟုတ္ပါဘူး။

စပါးကေတာ့ ေနာက္ဆုံး ပြဲမွာ ဘုန္းေမာက္နဲ႔ သေရက်ထားၿပီး ယုံၾကည္မႈေရာ သြင္းဂိုးေတြပါ ေပ်ာက္ဆုံးေနပုံပါ။ သူတို႔က ယူ႐ိုပါလိဂ္ ဝင္ခြင့္ အတြက္ကို ႀကိဳးစားရဆဲ ျဖစ္ပါတယ္။ ေမာ္ရင္ညိဳ အေနနဲ႔ စပါးကို ဇယားထိပ္ပိုင္းထဲ ျပန္ပို႔ဖို႔ စိန္ေခၚမႈႀကီး လက္ဝယ္ ရွိေနပါတယ္။

ဘုန္းေမာက္ကို သေရက်လိုက္တာေၾကာင့္ စပါးအသင္းဟာ အမွတ္ေပးဇယားမွာ ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္ေနာက္ တစ္ဆင့္ မွာ ေနရသလို တစ္မွတ္လည္း ကြာဟေနပါတယ္။ ဒါေၾကာင့္ ဒီပြဲမွာ ေမာ္ရင္ညိဳက လန္ဒန္ၿပိဳင္ဘက္ အသင္းကို ပိုၿပီး ေက်ာ္ျဖတ္ဖို႔ အားထည့္လမွာပါ။

ေျမာက္လန္ဒန္ ဒါဘီက အၿမဲတမ္း ပြဲၾကမ္းေလ့ ရွိၿပီး ေနာက္ဆုံး ဒီႏွစ္သင္း ဆုံထားတဲ့ ပရီးမီးယားလိဂ္ ၇ ပြဲမွာ ပင္နယ္တီ ၇ လုံး ပါဝင္ထားပါတယ္။ ဒါေပမယ့္ ခါတိုင္းလို ပရိသတ္ ဖိအားေတြ မရွိတာေၾကာင့္ သိပ္ႀကီး ခပ္ၾကမ္းၾကမ္း ပြဲ ျဖစ္မယ္ မထင္ပါဘူး။ ဒါေပမယ့္ သြင္းဂိုးေတြေတာ့ ခပ္ၿမိဳင္ၿမိဳင္ ျမင္ရမယ္ ေမွ်ာ္လင့္ထားပါတယ္။ ” လို႔ အို၀င္က ဆိုပါတယ္။

အိုဝင္ ခန႔္မွန္းရလဒ္ကေတာ့ စပါး ၂-၁ အာဆင္နယ္ ျဖစ္ပါတယ္။

Uni – ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၅ ပွဲတွေထဲ မြောက်လန်ဒန် ဒါဘီ ပွဲ ဖြစ်တဲ့ စပါး နဲ့ အာဆင်နယ် အသင်းတို့ ပွဲစဉ်လည်း ပါဝင်နေပြီး စပါးကွင်းသစ်မှာ ယှဉ်ပြိုင် ကစားကြမှာပါ။ ပွဲချိန် ကတော့ ဇူလိုင် ၁၂ ရက် (တနင်္ဂနွေနေ့) ည ၁၀း၀၀ နာရီ မှာ ဖြစ်ပါတယ်။

ဒီပွဲ အတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

” အာဆင်နယ်ဟာ နောက်ဆုံး သုံးပွဲလုံးမှာ အမှတ်ပေးဇယား သူ့အထက်က အသင်းတွေနဲ့ချည်း ဆုံပေမယ့် ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားပါတယ်။ နိုင်ပွဲ ရလဒ်က အင်္ဂါနေ့ည လက်စတာနဲ့ ပွဲမှာ ရပ်တန့်သွားပေမယ့် ၁-၁ သရေ ရလဒ်က သူတို့ ယုံကြည်မှုတွေ ဒါမှမဟုတ် ယူရိုပါလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေကို ထိခိုက်စေမှာတော့ မဟုတ်ပါဘူး။

စပါးကတော့ နောက်ဆုံး ပွဲမှာ ဘုန်းမောက်နဲ့ သရေကျထားပြီး ယုံကြည်မှုရော သွင်းဂိုးတွေပါ ပျောက်ဆုံးနေပုံပါ။ သူတို့က ယူရိုပါလိဂ် ဝင်ခွင့် အတွက်ကို ကြိုးစားရဆဲ ဖြစ်ပါတယ်။ မော်ရင်ညို အနေနဲ့ စပါးကို ဇယားထိပ်ပိုင်းထဲ ပြန်ပို့ဖို့ စိန်ခေါ်မှုကြီး လက်ဝယ် ရှိနေပါတယ်။

ဘုန်းမောက်ကို သရေကျလိုက်တာကြောင့် စပါးအသင်းဟာ အမှတ်ပေးဇယားမှာ မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်နောက် တစ်ဆင့် မှာ နေရသလို တစ်မှတ်လည်း ကွာဟနေပါတယ်။ ဒါကြောင့် ဒီပွဲမှာ မော်ရင်ညိုက လန်ဒန်ပြိုင်ဘက် အသင်းကို ပိုပြီး ကျော်ဖြတ်ဖို့ အားထည့်လမှာပါ။

မြောက်လန်ဒန် ဒါဘီက အမြဲတမ်း ပွဲကြမ်းလေ့ ရှိပြီး နောက်ဆုံး ဒီနှစ်သင်း ဆုံထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ပင်နယ်တီ ၇ လုံး ပါဝင်ထားပါတယ်။ ဒါပေမယ့် ခါတိုင်းလို ပရိသတ် ဖိအားတွေ မရှိတာကြောင့် သိပ်ကြီး ခပ်ကြမ်းကြမ်း ပွဲ ဖြစ်မယ် မထင်ပါဘူး။ ဒါပေမယ့် သွင်းဂိုးတွေတော့ ခပ်မြိုင်မြိုင် မြင်ရမယ် မျှော်လင့်ထားပါတယ်။ ” လို့ အိုဝင်က ဆိုပါတယ်။

အိုဝင် ခန့်မှန်းရလဒ်ကတော့ စပါး ၂-၁ အာဆင်နယ် ဖြစ်ပါတယ်။