ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (10/06/20)

အာဆင္နယ္ရဲ႕ တိုက္စစ္မွဴး နွစ္ဦး ျဖစ္တဲ့ အူဘာမီးယန္းနဲ႕ လာကာဇက္တီကို စီးရီးေအ ကလပ္ အင္တာမီလန္က ခ်ိန္ရြယ္လာပါတယ္။ မာတီနက္ဇ္ကို လက္လႊတ္ဖို႔ ရွိတဲ့ အင္တာ အတြက္ လာကာဇက္ကိုေတာ့ ပို အလိုရွိေနပါတယ္။

ဒီရာသီမွာ ဟက္စ္ဒါဖီးလ္‌ေတာင္းအသင္းကို အငွားထြက္ကစားကာ ေျခစြမ္းေကာင္းေတြ ျပသေနတဲ့ ကြင္းလယ္ တိုက္စစ္ ကစားသမားေလး စမစ္႐ို၀ီ ကေတာ့ သူ႔ရဲ႕အိပ္မက္ဟာ အာဆင္နယ္အသင္းမွာ ပြဲထြက္ကစားၿပီး ေအာင္ျမင္မႈေတြ ရယူခ်င္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ လူငယ္အကယ္ဒမီကေန အရည္အေသြးျမင့္ လူငယ္ၾကယ္ပြင့္ေတြ ထြက္ေပၚလာတာဟာ စိတ္ေက်နပ္စရာျဖစ္ၿပီး အခ်ိဳ႕ဟာ သိပ္ အားရစရာ အလားအလာေကာင္းေတြ ရွိေနၾကတယ္လို႔ လက္ေထာက္နည္းျပ စတိဗ္ေရာင္းက မွတ္ခ်က္ျပဳခဲ့ပါတယ္။

ဂႏၴဝင္ဂိုးသမားႀကီး ယန္းေလမန္းကေတာ့ အာဆင္နယ္အသင္းကို ေဘာလုံးအေၾကာင္း နားမလည္တဲ့ ပုဂၢိဳလ္ေတြ ဦးေဆာင္ေနလို႔သာ ေအာင္ျမင္မႈနဲ႔ ေဝးကြာေနတာျဖစ္ၿပီး နည္းျပေဟာင္းျဖစ္သူ အူႏိုင္းအမ္မရီရဲ႕အရည္အေသြးေတြဟာလည္း အာဆင္နယ္လိုအသင္းအတြက္ လုံေလာက္ခဲ့ျခင္း မရွိဘူးလို႔ အျပင္းအထန္ ေဝဖန္ခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ကစားသမားသစ္ေတြ ေခၚဖို႔ထက္ တိုက္စစ္မႉး အူဘာမီယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ဖို႔ အေလးအနက္ ထား ၾကိဳးပမ္းေနၿပီျဖစ္ၿပီး ဂါဘြန္သားရဲ႕စာခ်ဳပ္အခက္အခဲကို ေျဖရွင္းၿပီးသြားခ်ိန္က်ရင္ အက္သလက္တီကိုမက္ဒရစ္ ကြင္းလယ္ၾကယ္ပြင့္ ေသာမတ္စ္ပါေတးကို ေခၚယူဖို႔ ႀကိဳးပမ္းသြားမယ္လို႔ သိရပါတယ္။

ဂ်ာမန္ကလပ္အသင္း အမ်ားအျပားဆီက စိတ္ဝင္စားမႈေတြ ရရွိေနတဲ့ ဗဟိုေနာက္ခံလူေလး ကြန္စတန္တီနို မာဗ႐ိုပါႏိုစ္ဟာ လာမဲ့ေႏြ ေဈးကြက္မွာ အာဆင္နယ္အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနၿပီျဖစ္တယ္လို႔ သတင္းထြက္ေနပါတယ္။

ဘုန္းေမာက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မဲ့ ေတာင္ပံတိုက္စစ္ကစားသမား ႐ိုင္ယန္ ဖ‌ေရဆာကို အာဆင္နယ္ ေခၚယူႏိုင္မယ္ဆိုရင္ အရည္အေသြးျမင့္ ကစားသမားတစ္ဦးကို ေဈးသက္သက္သာသာနဲ႔ ရရွိသြားမွာျဖစ္တယ္လို႔ အဂၤလန္သတင္းဌာနေတြက သံုးသပ္ ေထာက္ျပခဲ့ပါတယ္

Uni – အာဆင်နယ်ရဲ့ တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ အူဘာမီးယန်းနဲ့ လာကာဇက်တီကို စီးရီးအေ ကလပ် အင်တာမီလန်က ချိန်ရွယ်လာပါတယ်။ မာတီနက်ဇ်ကို လက်လွှတ်ဖို့ ရှိတဲ့ အင်တာ အတွက် လာကာဇက်ကိုတော့ ပို အလိုရှိနေပါတယ်။

ဒီရာသီမှာ ဟက်စ်ဒါဖီးလ်‌တောင်းအသင်းကို အငှားထွက်ကစားကာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ကွင်းလယ် တိုက်စစ် ကစားသမားလေး စမစ်ရိုဝီ ကတော့ သူ့ရဲ့အိပ်မက်ဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ကစားပြီး အောင်မြင်မှုတွေ ရယူချင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ် လူငယ်အကယ်ဒမီကနေ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေ ထွက်ပေါ်လာတာဟာ စိတ်ကျေနပ်စရာဖြစ်ပြီး အချို့ဟာ သိပ် အားရစရာ အလားအလာကောင်းတွေ ရှိနေကြတယ်လို့ လက်ထောက်နည်းပြ စတိဗ်ရောင်းက မှတ်ချက်ပြုခဲ့ပါတယ်။

ဂန္ထဝင်ဂိုးသမားကြီး ယန်းလေမန်းကတော့ အာဆင်နယ်အသင်းကို ဘောလုံးအကြောင်း နားမလည်တဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်နေလို့သာ အောင်မြင်မှုနဲ့ ဝေးကွာနေတာဖြစ်ပြီး နည်းပြဟောင်းဖြစ်သူ အူနိုင်းအမ်မရီရဲ့အရည်အသွေးတွေဟာလည်း အာဆင်နယ်လိုအသင်းအတွက် လုံလောက်ခဲ့ခြင်း မရှိဘူးလို့ အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ဖို့ထက် တိုက်စစ်မှူး အူဘာမီယန်းကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ အလေးအနက် ထား ကြိုးပမ်းနေပြီဖြစ်ပြီး ဂါဘွန်သားရဲ့စာချုပ်အခက်အခဲကို ဖြေရှင်းပြီးသွားချိန်ကျရင် အက်သလက်တီကိုမက်ဒရစ် ကွင်းလယ်ကြယ်ပွင့် သောမတ်စ်ပါတေးကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဂျာမန်ကလပ်အသင်း အများအပြားဆီက စိတ်ဝင်စားမှုတွေ ရရှိနေတဲ့ ဗဟိုနောက်ခံလူလေး ကွန်စတန်တီနို မာဗရိုပါနိုစ်ဟာ လာမဲ့နွေ ဈေးကွက်မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သတင်းထွက်နေပါတယ်။

ဘုန်းမောက်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ တောင်ပံတိုက်စစ်ကစားသမား ရိုင်ယန် ဖ‌ရေဆာကို အာဆင်နယ် ခေါ်ယူနိုင်မယ်ဆိုရင် အရည်အသွေးမြင့် ကစားသမားတစ်ဦးကို ဈေးသက်သက်သာသာနဲ့ ရရှိသွားမှာဖြစ်တယ်လို့ အင်္ဂလန်သတင်းဌာနတွေက သုံးသပ် ထောက်ပြခဲ့ပါတယ်