ယေန႔ည ေနာက္ဆံုးရ အာဆင္နယ္သတင္းတိုမ်ား (11/06/20)

မနေ့က ချန်ပီယံရှစ်ကလပ် ဘရန့်ဖို့ဒ်အသင်းနဲ့ ကွင်းပိတ် ကန်ရာမှာ ရှုံးနိမ့်ခဲ့ပေမယ့် အာဆင်နယ် နည်းပြ အာတီတာကတော့ ကစားသမား တွေ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝပြီး ဟန်ချက်တစ်ခုရဖို့အတွက် အာရုံစိုက်ကြိုးပမ်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်က မတူညီတဲ့ အခင်းအကျင်း ရှုထောင့်တွေနဲ့ ကစားခဲ့ကြောင်း အာတီတာက ဆိုခဲ့ကာ ပရိသတ်တွေ မပါတဲ့အခြေအနေတစ်ခုမှာ အသားကျဖို့အတွက် ခြေစမ်းပွဲ နှစ်ပွဲ ကစားနိုင်ခဲ့တာလည်း အရမ်းကောင်းကြောင်း စပိန်သားက ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပြင်သစ်ကလပ် ဟီဟာဗေးလ်အသင်းရဲ့ အသက် ၂၄နှစ်အရွယ် တူရကီ ဘယ်‌နောက်ခံ ကစားသမား အူမုဒ်မယ်ရာစ် ကို လာမဲ့နွေဈေးကွက်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁သန်းဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဂန်းနားဟောင်းကြီး ဆန်တီ ကာဇိုလာက နည်းပြအဖွဲ့ဝင်ထက် အားကစားဒါရိုက်တာသာ လုပ်ချင်တယ်လို့ ဆိုလာတဲ့အတွက် အသင်းဖော် ဟောင်း အာဆင်နယ် နည်းပြ အာတီတာနဲ့ ပြန်လည်ပူးပေါင်းဖွယ် မရှိတော့ဘူးလို့ သိရပါတယ်။

ဂန်းနား နောက်ခံလူဟောင်း ဂဲလ် ကလစ်ချီက သူ့အနေနဲ့ မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တာဟာ အာဆင်နယ် အသင်းအနေနဲ့ ဗြိတိန်သား လူငယ်ကြယ်ပွင့်တွေကို နေရာပေးလာခဲ့ပြီး သူ့ကို အလိုမရှိတော့ဘူးလို့ ခံစားခဲ့ရတာကြောင့်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လူငယ်ကွင်းလယ်ကြယ်ပွင့်လေး စမစ်ရိုလ်က သူ့အနေနဲ့ အနာဂတ်မှာ မတ်ဆုအိုဇေးလ်ရဲ့ နံပါတ် ၁၀ နေရာကို ဆက်ခံလိုပြီး ဆာကာ၊ မာတင်နယ်လီ တို့နဲ့ အတူ အမ်းမရိတ်မြေမှာ အကောင်းဆုံး တောက်ပလိုကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ Black Lives Matter လှုပ်ရှားမှုမှာ အာဆင်နယ်အသင်း ပါဝင်စေဖို့အတွက် အသင်းခေါင်းဆောင် အူဘာမီယန်းက သူ့ကို ဖုန်းဆက်ပြီး တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း နည်းပြ အာတီတာက ဖွင့်ဟသွားခဲ့ပါတယ်။

Zawgyi – မေန႔က ခ်န္ပီယံရွစ္ကလပ္ ဘရန္႔ဖို႕ဒ္အသင္းနဲ႕ ကြင္းပိတ္ ကန္ရာမွာ ရွံဳးနိမ့္ခဲ့ေပမယ့္ အာဆင္နယ္ နည္းျပ အာတီတာကေတာ့ ကစားသမား ေတြ ႀကံ့ခိုင္မႈျပန္လည္ျပည့္ဝၿပီး ဟန္ခ်က္တစ္ခုရဖို႔အတြက္ အာ႐ုံစိုက္ႀကိဳးပမ္းေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္က မတူညီတဲ့ အခင္းအက်င္း ရွဳေထာင့္ေတြနဲ႕ ကစားခဲ့ေၾကာင္း အာတီတာက ဆိုခဲ့ကာ ပရိသတ္ေတြ မပါတဲ့အေျခအေနတစ္ခုမွာ အသားက်ဖို႔အတြက္ ေျခစမ္းပြဲ နွစ္ပြဲ ကစားႏိုင္ခဲ့တာလည္း အရမ္းေကာင္းေၾကာင္း စပိန္သားက ဆိုခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ ျပင္သစ္ကလပ္ ဟီဟာေဗးလ္အသင္းရဲ႕ အသက္ ၂၄ႏွစ္အ႐ြယ္ တူရကီ ဘယ္‌ေနာက္ခံ ကစားသမား အူမုဒ္မယ္ရာစ္ ကို လာမဲ့ေႏြေဈးကြက္မွာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁သန္းဝန္းက်င္နဲ႔ ေခၚယူသြားဖို႔ ခ်ိတ္ဆက္မႈေတြ စတင္ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ဂန္းနားေဟာင္းၾကီး ဆန္တီ ကာဇိုလာက နည္းျပအဖြဲ႕ဝင္ထက္ အားကစားဒါ႐ိုက္တာသာ လုပ္ခ်င္တယ္လို႔ ဆိုလာတဲ့အတြက္ အသင္းေဖာ္ ေဟာင္း အာဆင္နယ္ နည္းျပ အာတီတာနဲ႔ ျပန္လည္ပူးေပါင္းဖြယ္ မရွိေတာ့ဘူးလို႔ သိရပါတယ္။

ဂန္းနား ေနာက္ခံလူေဟာင္း ဂဲလ္ ကလစ္ခ်ီက သူ႔အေနနဲ႔ မန္စီးတီးအသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာဟာ အာဆင္နယ္ အသင္းအေနနဲ႔ ၿဗိတိန္သား လူငယ္ၾကယ္ပြင့္ေတြကို ေနရာေပးလာခဲ့ၿပီး သူ႔ကို အလိုမရွိေတာ့ဘူးလို႔ ခံစားခဲ့ရတာေၾကာင့္ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

လူငယ္ကြင္းလယ္ၾကယ္ပြင့္ေလး စမစ္႐ိုလ္က သူ႔အေနနဲ႔ အနာဂတ္မွာ မတ္ဆုအိုေဇးလ္ရဲ႕ နံပါတ္ ၁၀ ေနရာကို ဆက္ခံလိုၿပီး ဆာကာ၊ မာတင္နယ္လီ တို႔နဲ႔ အတူ အမ္းမရိတ္ေျမမွာ အေကာင္းဆုံး ေတာက္ပလိုေၾကာင္း ဖြင့္ဟေျပာၾကားလာခဲ့ပါတယ္။

လူမ်ိဳးေရးခြဲျခားမႈေတြကို ဆန္႔က်င္ေၾကာင္း ထုတ္ေဖာ္ျပသတဲ့ Black Lives Matter လႈပ္ရွားမႈမွာ အာဆင္နယ္အသင္း ပါဝင္ေစဖို႔အတြက္ အသင္းေခါင္းေဆာင္ အူဘာမီယန္းက သူ႔ကို ဖုန္းဆက္ၿပီး ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔လည္း နည္းျပ အာတီတာက ဖြင့္ဟသြားခဲ့ပါတယ္။