ယူနုိက္တက္ နည္းျပေဟာင္း ဆာအဲလက္စ္နဲ႕ ဗန္ဟားလ္ၾကား မတူညီမႈေတြကို ဂစ္ သံုးသပ္

မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ကစားသမားၾကီး ႐ြဳိင္ယန္ဂစ္က နည္းျပေဟာင္းေတြျဖစ္တဲ့ ဖာဂူဆန္နဲ႔ ဗန္ဟားၾကားက ကြဲျပားမႈကို ႏိႈင္းယွဥ္ ေျပာဆိုလာပါတယ္။

ေတာင္ပံကစားသမားဟာ စေကာ့တစ္ နည္းျပရဲ႕ လက္ေအာက္မွာ ၎ရဲ႕ ကစားသမားဘဝအတြင္း ပရီးမီးယားလိဂ္ ၁၃ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ ၂ႀကိမ္ အပါအဝင္ တျခားဆုဖလားေတြ မ်ားစြာလဲ ရရွိခဲ့တာပါ။

၂၀၁၄ မွာ အနားယူၿပီးေနာက္ ဂစ္ဟာ ယူႏိုက္တက္ရဲ႕ စီမံခန္႔ခြဲမႈပိုင္းကို ဝင္လာခဲ့ၿပီး ၂၀၁၄မွာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာတဲ့ နည္းျပ ဗန္ဟားရဲ႕ လက္ေထာက္လဲ ျဖစ္ခဲ့ပါတယ္။ ဗန္ဟားဟာ သရဲနီေတြဆီမွာ ၂ႏွစ္သာ ၾကာခဲ့ၿပီး အသင္းရဲ႕ ကစားပုံနဲ႔ ရလဒ္ဆိုးေတြေၾကာင့္ အေတာ္ေလး ေဝဖန္ခံခဲ့ရတာပါ။

စိတ္ပ်က္စရာေတြရွိခဲ့ေပမယ့္ ဝိန္း႐ြန္းနီက ဗန္ဟားကို နည္းဗ်ဴဟာအရ အေကာင္းဆုံးနည္းျပအျဖစ္ ခ်ီးက်ဴးခဲ့ေပမယ့္ အဂၤလန္ တိုက္စစ္မႉးေဟာင္း ကေတာ့ ဖာဂူဆန္က အားလူံးထက္ ပိုသာတယ္လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ႐ြန္းနီရဲ႕အျမင္ကို ဂစ္က နားလည္ေပမယ့္ ဗန္ဟား လက္ေအာက္က ဘဝဟာ ဖာဂူဆန္ထက္ အမ်ားႀကီး ပိုၿပီး ရႈပ္ေထြးခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။

“ဝိန္းေျပာတာကို ကြၽန္ေတာ္ နားလ​ည္တယ္၊ ကြၽန္ေတာ္တို႔က ဆာအဲလက္စ္ ဖာဂူဆန္ လက္ေအာက္မွာ အတူလုပ္ခဲ့တာေလ၊ ဆာအဲလက္စ္ ဟာ စီမံခန္႔ခြဲမႈ၊ စည္းကမ္း၊ အဆင့္အတန္း၊ ဗ်ဴဟာ၊ ကစားသမားေတြအေၾကာင္း နားလည္မႈ စတဲ့အရာအားလုံးရွိတယ္၊ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔မွာ အခ်ိန္အၾကာႀကီး အတူရွိခဲ့တဲ့ ကစားသမားေကာင္းေတြ ရွိခဲ့တာေလ၊ ကိုယ့္ေနရာကိုယ္သိတယ္၊ ကြင္းထဲဝင္ၿပီး ကစား႐ုံပဲ။

ဗန္ဟားနဲ႔က်ေတာ့ ေျပာင္းျပန္ျဖစ္ခဲ့တယ္၊ ကြၽန္ေတာ္တို႔ဟာ သူ႔လက္ေအာက္မွာ မတူညီတဲ့ နည္းစနစ္ေတြနဲ႔ ကစားရတယ္၊ ဆာအဲလက္စ္က နည္းစနစ္တစ္ခုထဲ ကစားတာပါ၊ ကြၽန္ေတာ္တို႔ ေနာက္တန္းသူံးေယာက္ ကစားတာမ်ိဳး မလုပ္ခဲ့ရဘူး၊ ထိန္းဖို႔လိုအပ္တဲ့ တစ္ခါ ႏွစ္ခါေလာက္ပဲ ရွိခဲ့ဖူးတယ္။

ဒါေၾကာင့္ ဗန္ဟားက မတူညီတဲ့ ကစားနည္းေတြကို နားလည္ေစတယ္၊ ကစားပုံ၊ နည္းဗ်ဴဟာပိုင္းအတြက္ ဗန္ဟားက ေလ့က်င့္ေရးကြင္းထဲမွာ အမ်ားႀကီး ပိုအလုပ္လုပ္ခဲ့တာပါ၊ သူက ေဟာ္လန္ကေနလာၿပီး ႏိူင္ငံအသင္း နည္း​ျပေနာက္ခံလဲ ရွိတယ္၊ ဒါကို သူက ကလပ္အသင္းဆီ ယူေဆာင္လာခဲ့တယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အစည္းအေဝးေတြ အမ်ားႀကီး လုပ္ခဲ့ရတယ္။

ဆာအဲလက္စ္ကေတာ့ ႐ိုးရွင္းခဲ့ပါတယ္၊ သူ​က အစည္းအေဝး မေခၚဘူးလို႔ေျပာတာမဟူတ္ဘူး၊ ေခၚပါတယ္၊ ဒါေပမယ့္ သူက က်ေတာ့ ကစားသမားကို တခါေျပာလိုက္တာနဲ႔ နားလည္တယ္၊ ဥပမာ ပတ္ဂ်ီဆန္ကို သြားခိုင္းၿပီး ပီအာလိုကို လူကပ္ခိုင္းတာေပါ့၊ ဂ်ီကလဲ အဲ့အတိုင္း ေကာင္းေကာင္းလုပ္ျပတယ္၊ အမ်ားႀကီး ေျပာစရာ မလိုဘူး၊ ဒါေၾကာင့္ ဝိန္းေျပာတာက ဗန္ဟားလက္ေအာက္မွာ အမ်ားႀကီး သင္ယူရတယ္ ဆိုတာ ကြၽန္ေတာ္ နားလည္ပါတယ္။” လို႔ ဂစ္က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဂစ္ဟာ ေဘာလံုးကစားျခင္းမွ အနားယူျပီးေနာက္ လက္ရွိမွာ ေ၀းစ္လက္ေရြးစင္ အသင္း နည္းျပ အျဖစ္ တာ၀န္ယူေနျပီ ျဖစ္ပါတယ္။

Uni – မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကစားသမားကြီး ရွိုင်ယန်ဂစ်က နည်းပြဟောင်းတွေဖြစ်တဲ့ ဖာဂူဆန်နဲ့ ဗန်ဟားကြားက ကွဲပြားမှုကို နှိုင်းယှဉ် ပြောဆိုလာပါတယ်။

တောင်ပံကစားသမားဟာ စကော့တစ် နည်းပြရဲ့ လက်အောက်မှာ ၎င်းရဲ့ ကစားသမားဘဝအတွင်း ပရီးမီးယားလိဂ် ၁၃ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ကြိမ် အပါအဝင် တခြားဆုဖလားတွေ များစွာလဲ ရရှိခဲ့တာပါ။

၂၀၁၄ မှာ အနားယူပြီးနောက် ဂစ်ဟာ ယူနိုက်တက်ရဲ့ စီမံခန့်ခွဲမှုပိုင်းကို ဝင်လာခဲ့ပြီး ၂၀၁၄မှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာတဲ့ နည်းပြ ဗန်ဟားရဲ့ လက်ထောက်လဲ ဖြစ်ခဲ့ပါတယ်။ ဗန်ဟားဟာ သရဲနီတွေဆီမှာ ၂နှစ်သာ ကြာခဲ့ပြီး အသင်းရဲ့ ကစားပုံနဲ့ ရလဒ်ဆိုးတွေကြောင့် အတော်လေး ဝေဖန်ခံခဲ့ရတာပါ။

စိတ်ပျက်စရာတွေရှိခဲ့ပေမယ့် ဝိန်းရွန်းနီက ဗန်ဟားကို နည်းဗျူဟာအရ အကောင်းဆုံးနည်းပြအဖြစ် ချီးကျူးခဲ့ပေမယ့် အင်္ဂလန် တိုက်စစ်မှူးဟောင်း ကတော့ ဖာဂူဆန်က အားလူံးထက် ပိုသာတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ရွန်းနီရဲ့အမြင်ကို ဂစ်က နားလည်ပေမယ့် ဗန်ဟား လက်အောက်က ဘဝဟာ ဖာဂူဆန်ထက် အများကြီး ပိုပြီး ရှုပ်ထွေးခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“ဝိန်းပြောတာကို ကျွန်တော် နားလည်တယ်၊ ကျွန်တော်တို့က ဆာအဲလက်စ် ဖာဂူဆန် လက်အောက်မှာ အတူလုပ်ခဲ့တာလေ၊ ဆာအဲလက်စ် ဟာ စီမံခန့်ခွဲမှု၊ စည်းကမ်း၊ အဆင့်အတန်း၊ ဗျူဟာ၊ ကစားသမားတွေအကြောင်း နားလည်မှု စတဲ့အရာအားလုံးရှိတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ အချိန်အကြာကြီး အတူရှိခဲ့တဲ့ ကစားသမားကောင်းတွေ ရှိခဲ့တာလေ၊ ကိုယ့်နေရာကိုယ်သိတယ်၊ ကွင်းထဲဝင်ပြီး ကစားရုံပဲ။

ဗန်ဟားနဲ့ကျတော့ ပြောင်းပြန်ဖြစ်ခဲ့တယ်၊ ကျွန်တော်တို့ဟာ သူ့လက်အောက်မှာ မတူညီတဲ့ နည်းစနစ်တွေနဲ့ ကစားရတယ်၊ ဆာအဲလက်စ်က နည်းစနစ်တစ်ခုထဲ ကစားတာပါ၊ ကျွန်တော်တို့ နောက်တန်းသူံးယောက် ကစားတာမျိုး မလုပ်ခဲ့ရဘူး၊ ထိန်းဖို့လိုအပ်တဲ့ တစ်ခါ နှစ်ခါလောက်ပဲ ရှိခဲ့ဖူးတယ်။

ဒါကြောင့် ဗန်ဟားက မတူညီတဲ့ ကစားနည်းတွေကို နားလည်စေတယ်၊ ကစားပုံ၊ နည်းဗျူဟာပိုင်းအတွက် ဗန်ဟားက လေ့ကျင့်ရေးကွင်းထဲမှာ အများကြီး ပိုအလုပ်လုပ်ခဲ့တာပါ၊ သူက ဟော်လန်ကနေလာပြီး နိူင်ငံအသင်း နည်းပြနောက်ခံလဲ ရှိတယ်၊ ဒါကို သူက ကလပ်အသင်းဆီ ယူဆောင်လာခဲ့တယ်၊ ဒါကြောင့် ကျွန်တော်တို့ အစည်းအဝေးတွေ အများကြီး လုပ်ခဲ့ရတယ်။

ဆာအဲလက်စ်ကတော့ ရိုးရှင်းခဲ့ပါတယ်၊ သူက အစည်းအဝေး မခေါ်ဘူးလို့ပြောတာမဟူတ်ဘူး၊ ခေါ်ပါတယ်၊ ဒါပေမယ့် သူက ကျတော့ ကစားသမားကို တခါပြောလိုက်တာနဲ့ နားလည်တယ်၊ ဥပမာ ပတ်ဂျီဆန်ကို သွားခိုင်းပြီး ပီအာလိုကို လူကပ်ခိုင်းတာပေါ့၊ ဂျီကလဲ အဲ့အတိုင်း ကောင်းကောင်းလုပ်ပြတယ်၊ အများကြီး ပြောစရာ မလိုဘူး၊ ဒါကြောင့် ဝိန်းပြောတာက ဗန်ဟားလက်အောက်မှာ အများကြီး သင်ယူရတယ် ဆိုတာ ကျွန်တော် နားလည်ပါတယ်။” လို့ ဂစ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဂစ်ဟာ ဘောလုံးကစားခြင်းမှ အနားယူပြီးနောက် လက်ရှိမှာ ဝေးစ်လက်ရွေးစင် အသင်း နည်းပြ အဖြစ် တာဝန်ယူနေပြီ ဖြစ်ပါတယ်။