ယူနိုက္တက္၊ လီဗာပူးနဲ႕ ဂ်ဴဗင္တပ္တို႔ အျပိဳင္ ၾကိဳးစားေနၾကတဲ့ တိုက္စစ္မွဴး ဂ်ီမီးနက္ဇ္

မန္ခ်က္စတာ ယူႏိုက္တက္ နဲ႔ လီဗာပူးလ္ အသင္းတို႔က စိတ္၀င္စားေနတဲ့ ၀ုလ္ တိုက္စစ္မွဴး ရာအူးလ္ ဂ်ီမီးနက္ဇ္ကို စီးရီးေအ ထိပ္သီး ဂ်ဴဗင္တပ္အသင္းကလည္း စိတ္၀င္စားလာျပီလို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

မကၠဆီကို လက္ေရြးစင္ကစားသမားဟာ ပရီးမီးယားလိဂ္မွာ အထင္ၾကီးေလာက္စရာ စြမ္းေဆာင္ရည္ျပသထားျပီး လက္ရွိ ေဘာလံုးရာသီမွာ ၁၃ ဂိုး သြင္းထားျပီး ကစားဖို႔ (၉) ပြဲ က်န္ရွိေနေသးတာျဖစ္ပါတယ္။

ယူႏိုက္တက္ နဲ႔ လီဗာပူးလ္ အသင္းတို႔ဟာ ဂ်ီမီးနက္ဇ္ကို စိတ္၀င္စားေနတဲ့ အဂၤလိပ္ အသင္းေတြထဲက တစ္သင္းျဖစ္ျပီး ၀ုလ္ဗ္အသင္းက ၄င္းတို႔ရဲ႕ ေျခစြမ္းထက္ တိုက္စစ္မွဴး အတြက္ ေပါင္ ၅၇ သန္း တန္ေၾကး သတ္မွတ္ထားပါတယ္။

အီတလီက သတင္းေတြ အဆိုအရ ဂ်ဴဗင္တပ္အသင္းကလည္း မကၠဆီကို တိုက္စစ္မွဴးရဲ႕ လက္မွတ္ကို ရဖို႔ လိုက္ေနျပီး ဂ်ဴဗင္တပ္စ္ဟာ အသက္ ၂၉ ႏွစ္ အရြယ္ကစားသမား ဂ်ီမီးနက္ဇ္ ကို ေခၚယူခြင့္ရပါက တစ္ႏွစ္ကို ေပါင္ ၂.၂၃ သန္း ေပးမယ္လို႔ သိရပါတယ္။

ယူနိုက္တက္ကေတာ့ အငွားေခၚထားတဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို လက္လႊတ္ေတာ့မွာ ျဖစ္တာေၾကာင့္ ဂ်ီမီးနက္ဇ္ကို ရဖို႔ ပိုမို အားစိုက္လာဖြယ္ ရွိျပီး မကၠဆီကိုသား အတြက္ အေျပာင္းအေရႊ႕ တိုက္ပြဲက ပိုမို ျပင္းထန္လာေတာ့မွာပါ။

Uni – မန်ချက်စတာ ယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတို့က စိတ်ဝင်စားနေတဲ့ ဝုလ် တိုက်စစ်မှူး ရာအူးလ် ဂျီမီးနက်ဇ်ကို စီးရီးအေ ထိပ်သီး ဂျူဗင်တပ်အသင်းကလည်း စိတ်ဝင်စားလာပြီလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မက္ကဆီကို လက်ရွေးစင်ကစားသမားဟာ ပရီးမီးယားလိဂ်မှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်ပြသထားပြီး လက်ရှိ ဘောလုံးရာသီမှာ ၁၃ ဂိုး သွင်းထားပြီး ကစားဖို့ (၉) ပွဲ ကျန်ရှိနေသေးတာဖြစ်ပါတယ်။

ယူနိုက်တက် နဲ့ လီဗာပူးလ် အသင်းတို့ဟာ ဂျီမီးနက်ဇ်ကို စိတ်ဝင်စားနေတဲ့ အင်္ဂလိပ် အသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဝုလ်ဗ်အသင်းက ၎င်းတို့ရဲ့ ခြေစွမ်းထက် တိုက်စစ်မှူး အတွက် ပေါင် ၅၇ သန်း တန်ကြေး သတ်မှတ်ထားပါတယ်။

အီတလီက သတင်းတွေ အဆိုအရ ဂျူဗင်တပ်အသင်းကလည်း မက္ကဆီကို တိုက်စစ်မှူးရဲ့ လက်မှတ်ကို ရဖို့ လိုက်နေပြီး ဂျူဗင်တပ်စ်ဟာ အသက် ၂၉ နှစ် အရွယ်ကစားသမား ဂျီမီးနက်ဇ် ကို ခေါ်ယူခွင့်ရပါက တစ်နှစ်ကို ပေါင် ၂.၂၃ သန်း ပေးမယ်လို့ သိရပါတယ်။

ယူနိုက်တက်ကတော့ အငှားခေါ်ထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုကို လက်လွှတ်တော့မှာ ဖြစ်တာကြောင့် ဂျီမီးနက်ဇ်ကို ရဖို့ ပိုမို အားစိုက်လာဖွယ် ရှိပြီး မက္ကဆီကိုသား အတွက် အပြောင်းအရွှေ့ တိုက်ပွဲက ပိုမို ပြင်းထန်လာတော့မှာပါ။