ပီအက်ဂျီအသင်း အဝယ်စာရင်းမှာ ချယ်ဆီးကွင်းလယ်လူ ပါဝင်နေ

ချယ်ဆီးအသင်း ကွင်းလယ်လူ ဘာကာယိုကို ကို နွေမှာ ခေါ်ယူဖို့ ပြင်သစ်ကလပ် ပီအက်ဂျီအသင်းက ဆန္ဒရှိနေကြောင်း ESPN က ဖော်ပြသွားပါတယ်။

ပီအက်ဂျီ အားကစားဒါရိုက်တာ လီရိုနာဒိုက နွေအတွက် ကွင်းလယ်အင်အားဖြည့်ဖို့ အဝယ်စာရင်း သုံးဦးကို ပြင်ဆင်ထားတာပါ။ ချယ်ဆီး ကွင်းလယ်လူ ဘာကာယိုကို အတော်လေး သဘောတွေ့ပြီး ၎င်းတို့ဟာ လက်စတာမှ အန်ဒီဒီ၊ အက်စလက်တီကိုမှ သောမက်စ် ပါတေးတို့ကိုလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဒီရာသီမှာ မိုနာကိုအသင်းထံ အငှားထွက်နေပြီး ပြိုင်ပွဲစုံ ၂၃ ပွဲ ကစားခွင့်ရထားတဲ့ ပြင်သစ်သားကို ပေါင် သန်း ၃၀ လောက်နဲ့ ခေါ်ယူနိုင်ဖို့ ပီအက်ဂျီက စိတ်ဝင်စားနေတယ်။ ချယ်ဆီးအသင်းက ၂၀၁၇ ခုနှစ်မှာ သူ့ကို ပေါင် ၃၆ သန်း ပေးပြီး ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်ကလပ် မိုနာကိုမှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး ကွင်းလယ်ကစားသမား ဘာကာယိုကိုဟာ မိခင်ကလပ် အသင်းထံ မကြာခင်ပဲ ပြန်လာဖို့ ရှိနေပါတယ်။ ပြင်သစ်လီဂူးဝမ်းက လက်ရှိ ရာသီကို လုံး၀ ဖျက်သိမ်းလိုက်ရတဲ့ အပြင် မိုနာကိုကလည်း အငှား စာချုပ် ပြီးဆုံးချိန်မှာ ဘာကာယိုကို ကို အပြီး ဝယ်ယူလိုခြင်း မရှိပါဘူး။

ဘာကာယိုကိုကို ၎င်းရဲ့ ကလပ်ဟောင်း မိုနာကိုထံ အငှားစေလွှတ်စဉ်က ချယ်ဆီးအသင်းဟာ ယူရို ၄၂.၅ သန်းနဲ့ အပြီး ဝယ်ယူခွင့် ထည့်သွင်းပေးခဲ့ပါတယ်။ ဒါပေမယ့် မိုနာကိုကတော့ ချယ်ဆီး တောင်းဆိုတဲ့ တန်ကြေး ပေးလိုခြင်း မရှိခဲ့ဘူး။

ချယ်ဆီးအသင်းဟာ ဘာကာယိုကို အတွက် ၎င်းကို ခေါ်ယူစဉ် ၂၀၁၇ က ပေးခဲ့ရတဲ့ တန်ကြေး ပေါင် သန်း ၄၀ ဝန်းကျင် ပြန်ရလိုနေပြီး အပြောင်းအရွှေ့ ဖွင့်တာနဲ့ ပြင်သစ်သားကို ရောင်းချရန် ကြိုးစားသွားဖွယ် ရှိပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္း ကြင္းလယ္လူ ဘာကာယိုကို ကို ေႏြမွာ ေခၚယူဖို႔ ျပင္သစ္ကလပ္ ပီအက္ဂ်ီအသင္းက ဆႏၵရွိေနေၾကာင္း ESPN က ေဖာ္ျပသြားပါတယ္။

ပီအက္ဂ်ီ အားကစားဒါရိုက္တာ လီရိုနာဒိုက ေႏြအတြက္ ကြင္းလယ္အင္အားျဖည့္ဖို႔ အဝယ္စာရင္း သံုးဦးကို ျပင္ဆင္ထားတာပါ။ ခ်ယ္ဆီး ကြင္းလယ္လူ ဘာကာယိုကို အေတာ္ေလး သေဘာေတြ႔ျပီး ၄င္းတို႔ဟာ လက္စတာမွ အန္ဒီဒီ၊ အက္စလက္တီကိုမွ ေသာမက္စ္ ပါေတးတို႔ကိုလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ဒီရာသီမွာ မိုနာကိုအသင္းထံ အငွားထြက္ေနျပီး ျပိဳင္ပြဲစံု ၂၃ ပြဲ ကစားခြင့္ရထားတဲ့ ျပင္သစ္သားကို ေပါင္ သန္း ၃၀ ေလာက္နဲ႔ ေခၚယူႏုိင္ဖို႔ ပီအက္ဂ်ီက စိတ္ဝင္စားေနတယ္။ ခ်ယ္ဆီးအသင္းက ၂၀၁၇ ခုႏွစ္မွာ သူ႔ကို ေပါင္ ၃၆ သန္း ေပးျပီး ေခၚယူထားခဲ့တာျဖစ္ပါတယ္။

ျပင္သစ္ကလပ္ မိုနာကိုမွာ အငွား သြားေရာက္ ကစားေနတဲ့ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ဘာကာယိုကိုဟာ မိခင္ကလပ္ အသင္းထံ မၾကာခင္ပဲ ျပန္လာဖို႔ ရွိေနပါတယ္။ ျပင္သစ္လီဂူး၀မ္းက လက္ရွိ ရာသီကို လံုး၀ ဖ်က္သိမ္းလိုက္ရတဲ့ အျပင္ မိုနာကိုကလည္း အငွား စာခ်ဳပ္ ျပီးဆံုးခ်ိန္မွာ ဘာကာယိုကို ကို အျပီး ၀ယ္ယူလိုျခင္း မရွိပါဘူး။

ဘာကာယိုကိုကို ၄င္းရဲ႕ ကလပ္ေဟာင္း မိုနာကိုထံ အငွားေစလႊတ္စဥ္က ခ်ယ္ဆီးအသင္းဟာ ယူရို ၄၂.၅ သန္းနဲ႕ အျပီး ၀ယ္ယူခြင့္ ထည့္သြင္းေပးခဲ့ပါတယ္။ ဒါေပမယ့္ မိုနာကိုကေတာ့ ခ်ယ္ဆီး ေတာင္းဆိုတဲ့ တန္ေၾကး ေပးလိုျခင္း မရွိခဲ့ဘူး။

ခ်ယ္ဆီးအသင္းဟာ ဘာကာယိုကို အတြက္ ၄င္းကို ေခၚယူစဥ္ ၂၀၁၇ က ေပးခဲ့ရတဲ့ တန္ေၾကး ေပါင္ သန္း ၄၀ ၀န္းက်င္ ျပန္ရလိုေနျပီး အေျပာင္းအေရႊ႕ ဖြင့္တာနဲ႕ ျပင္သစ္သားကို ေရာင္းခ်ရန္ ၾကိဳးစားသြားဖြယ္ ရွိပါတယ္။