ဇီယက် ချယ်ဆီးအသင်းထံ လာပူးပေါင်းနိုင်တော့မည့် အခြေအနေ

လာမယ့် နွေ အတွက် ချယ်ဆီးအသင်း အကြို သဘောတူညီမှုနဲ့ ဝယ်ယူထားခဲ့တဲ့ တောင်ပံတိုက်စစ်သမား ဇီယက်ဟာ လက်ရှိကလပ် အေဂျက်နဲ့ အတူ ကစားနေတဲ့ ဟော်လန် အမှတ်ပေးလိဂ်က ဖျက်သိမ်းခံလိုက်ရတာကြောင့် စောစောစီးစီး အားလပ်သွားပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်ဆီးအသင်းထံ လာရောက် ပူးပေါင်းဖို့က ဇွန်လထဲမှာ ဖြစ်ဖွယ် ရှိတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။ ဟော်လန် အမှတ်ပေးလိဂ်ဟာ လက်ကျန် ပွဲစဉ်တွေ ကစားဖို့ ကျန်ရှိသေးပေမယ့် ပြိုင်ပွဲကို ဖျက်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ ကွင်းပိတ်ပြီး ဆက်လက် ကစားရန် စီစဉ်နေကြဆဲပါ။

ချယ်ဆီးအသင်းဟာ အေဂျက် အသင်းထံကနေ ပေါင် ၃၆.၆ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီ ဖြစ်ကာ လက်ရှိ ဘောလုံးရာသီ ကုန်ရင် လာရောက်ပူးပေါင်းဖို့ စီစဉ်ထားပြီ ဖြစ်ပါတယ်။

လတ်တလော ကိုရိုနာ ရိုက်ခတ်မှုကြောင့် ဘောလုံးပွဲစဉ်များ ရပ်ဆိုင်းထားရကာ အပြောင်းအရွှေ့ ဘယ်ချိန်မှာ တရားဝင်ဖွင့်မလဲ ဆိုတာ မသေချာသေးဘဲ ရှိပါတယ်။

ဇီယက် အနေနဲ့ကတော့ ဘောလုံးရာသီ ကုန်တဲ့ မေလကုန်လောက်ထိ ဟော်လန်မှာပဲ ဆက်လက် နေထိုင်သွားဖို့ ရှိပြီး ချယ်ဆီးအသင်းထံ ဇွန်လထဲမှာ ပူးပေါင်းရန် ကြံရွယ်ထားပါတယ်။ ပူးပေါင်းမယ့် ရက်ကတော့ ချယ်ဆီးနည်းပြ လမ်းပတ်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာလည်း မူတည်ဖို့ ရှိနေပါတယ်။

Zawgyi – လာမယ့္ ေႏြ အတြက္ ခ်ယ္ဆီးအသင္း အၾကိဳ သေဘာတူညီမႈနဲ႕ ၀ယ္ယူထားခဲ့တဲ့ ေတာင္ပံတိုက္စစ္သမား ဇီယက္ဟာ လက္ရွိကလပ္ ေအဂ်က္နဲ႕ အတူ ကစားေနတဲ့ ေဟာ္လန္ အမွတ္ေပးလိဂ္က ဖ်က္သိမ္းခံလိုက္ရတာေၾကာင့္ ေစာေစာစီးစီး အားလပ္သြားျပီ ျဖစ္ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးအသင္းထံ လာေရာက္ ပူးေပါင္းဖို႔က ဇြန္လထဲမွာ ျဖစ္ဖြယ္ ရွိတယ္လို႔ ေဒးလီးေမးလ္က ေဖာ္ျပထားပါတယ္။ ေဟာ္လန္ အမွတ္ေပးလိဂ္ဟာ လက္က်န္ ပြဲစဥ္ေတြ ကစားဖို႔ က်န္ရွိေသးေပမယ့္ ျပိဳင္ပြဲကို ဖ်က္သိမ္းသြားခဲ့ျပီ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ကေတာ့ ကြင္းပိတ္ျပီး ဆက္လက္ ကစားရန္ စီစဥ္ေနၾကဆဲပါ။

ခ်ယ္ဆီးအသင္းဟာ ေအဂ်က္ အသင္းထံကေန ေပါင္ ၃၆.၆ သန္းနဲ႕ ေခၚယူဖို႔ သေဘာတူညီမႈ ရထားျပီ ျဖစ္ကာ လက္ရွိ ေဘာလံုးရာသီ ကုန္ရင္ လာေရာက္ပူးေပါင္းဖို႔ စီစဥ္ထားျပီ ျဖစ္ပါတယ္။

လတ္တေလာ ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ ေဘာလံုးပြဲစဥ္မ်ား ရပ္ဆိုင္းထားရကာ အေျပာင္းအေရႊ႕ ဘယ္ခ်ိန္မွာ တရား၀င္ဖြင့္မလဲ ဆိုတာ မေသခ်ာေသးဘဲ ရွိပါတယ္။

ဇီယက္ အေနနဲ႕ကေတာ့ ေဘာလံုးရာသီ ကုန္တဲ့ ေမလကုန္ေလာက္ထိ ေဟာ္လန္မွာပဲ ဆက္လက္ ေနထိုင္သြားဖို႔ ရွိျပီး ခ်ယ္ဆီးအသင္းထံ ဇြန္လထဲမွာ ပူးေပါင္းရန္ ၾကံရြယ္ထားပါတယ္။ ပူးေပါင္းမယ့္ ရက္ကေတာ့ ခ်ယ္ဆီးနည္းျပ လမ္းပတ္ရဲ႕ ဆံုးျဖတ္ခ်က္ အေပၚမွာလည္း မူတည္ဖို႔ ရွိေနပါတယ္။