မန်နေဂျာလမ်းပတ်ရဲ့ နွေအပြောင်းအရွှေ့ အစီအစဉ် အရေးပေါ် အခြေအနေကြောင့် ပြောင်းလဲ

မန်နေဂျာလမ်းပတ်ဟာ ကိုရိုနာ ကပ်ဘေးကြောင့် နွေအစီအစဉ် အချို့ကို ပြောင်းလဲခဲ့ရပြီး လာမယ့် ရာသီမှာတော့ ဂိုးသမား ကီပါကိုပဲ နောက်ထပ် အခွင့်အရေး ပေးသွားမယ်လို့ တယ်လီဂရပ်မှာ ဖော်ပြထားတယ်။

ချယ်ဆီးရဲ့ ကလပ်စံချိန်တင်နဲ့ ကမ္ဘာစံချိန်တင် ဂိုးသမားရဲ့ အနာဂတ်ဟာ သေချာခြင်း မရှိဖြစ်နေခဲ့တာပါ။ ဒီရာသီမှာ လက်စွမ်း ထိုးကျခဲ့သလို ပရိသတ်တွေကြားမှာ အထင်လွဲစရာ ကိစ္စတွေကြောင့် ဝေဖန်ခံရဖူးတဲ့ ကီပါကို မန်နေဂျာလမ်းပတ်က ပွဲအနည်းငယ် ဖယ်ထုတ်ခဲ့တဲ့ထိ အခြေအနေတွေက ရောက်ရှိခဲ့ပါတယ်။

အေဂျက်ဂိုးသမား အိုနာနာ၊ အေစီမီလန်ဂိုးသမား ဒွန်နာရူမာ အစရှိတဲ့ ဂိုးသမားတွေကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိခဲ့ပေမယ့် ကလပ်တိုင်း ဘဏ္ဍာရေး ထိခိုက်နိုင်တဲ့ အခြေအနေမှာ ချယ်ဆီးကလည်း မလိုအပ်တဲ့ နေရာတွေကို အသုံးစရိတ် ထုတ်ခြင်းတွေ လုပ်ဆောင်သွားတော့မှာ မဟုတ်ပါဘူး။

ကနဦး အစီအစဉ်အရ ပေါင် ၇၂ သန်း အကုန်အကျခံထားပြီး ၇ နှစ်စာချုပ်ဖြင့် ခေါ်ယူထားတဲ့ ကီပါကို လာမယ့်ရာသီမှာ အငှားဖြင့် ထွက်ခွာစေကာ ရာသီကုန်မှာ ပေါင် သန်း ၅၀ နဲ့ ရောင်းထုတ်ဖို့ ချယ်ဆီးဘက်က စီစဉ်ထားတာပါ။ ဒါပေမယ့် လက်ရှိ ဈေးကွက် အနေအထားအရ ကီပါကို သန်း ၅၀ ပေးမယ့် ကလပ် လုံးဝ မရှိနိုင်တဲ့ အခြေအနေဖြစ်တယ်။

ချယ်ဆီးဘက်ကလည်း ဂိုးသမားသစ်ကို အနည်းဆုံး ပေါင် ၃၅ သန်းလောက် ထပ်သုံးရဦးမှာဖြစ်လို့ ကီပါကို အငှားမချပဲ သူ့ကိုပဲ လာမယ့်ရာသီမှာ ဒုတိယ အခွင့်အရေးပေးဖို့ ဆုံးဖြတ်လာခြင်းဖြစ်တယ်။ ချယ်ဆီးဟာ အရန်အဖြစ်တော့ နစ်ပုပ်နဲ့ ဘမ်ဖော်စတာ တို့လို အင်္ဂလန်သား ဂိုးသမားတွေကို စောင့်ကြည့်နေဆဲ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာလမ္းပတ္ဟာ ကိုရိုနာ ကပ္ေဘးေၾကာင့္ ေႏြအစီအစဥ္ အခ်ိဳ႕ကို ေျပာင္းလဲခဲ့ရျပီး လာမယ့္ ရာသီမွာေတာ့ ဂိုးသမား ကီပါကိုပဲ ေနာက္ထပ္ အခြင့္အေရး ေပးသြားမယ္လို႔ တယ္လီဂရပ္မွာ ေဖာ္ျပထားတယ္။

ခ်ယ္ဆီးရဲ႕ ကလပ္စံခ်ိန္တင္နဲ႔ ကမၻာစံခ်ိန္တင္ ဂိုးသမားရဲ႕ အနာဂတ္ဟာ ေသခ်ာျခင္း မရွိျဖစ္ေနခဲ့တာပါ။ ဒီရာသီမွာ လက္စြမ္း ထိုးက်ခဲ့သလို ပရိသတ္ေတြၾကားမွာ အထင္လြဲစရာ ကိစၥေတြေၾကာင့္ ေဝဖန္ခံရဖူးတဲ့ ကီပါကို မန္ေနဂ်ာလမ္းပတ္က ပြဲအနည္းငယ္ ဖယ္ထုတ္ခဲ့တဲ့ထိ အေျခအေနေတြက ေရာက္ရွိခဲ့ပါတယ္။

ေအဂ်က္ဂိုးသမား အိုနာနာ၊ ေအစီမီလန္ဂိုးသမား ဒြန္နာရူမာ အစရွိတဲ့ ဂိုးသမားေတြကို ေခၚယူဖို႔ စိတ္ဝင္စားမႈေတြ ရွိခဲ့ေပမယ့္ ကလပ္တုိင္း ဘ႑ာေရး ထိခိုက္ႏုိင္တဲ့ အေျခအေနမွာ ခ်ယ္ဆီးကလည္း မလိုအပ္တဲ့ ေနရာေတြကို အသံုးစရိတ္ ထုတ္ျခင္းေတြ လုပ္ေဆာင္သြားေတာ့မွာ မဟုတ္ပါဘူး။

ကနဦး အစီအစဥ္အရ ေပါင္ ၇၂ သန္း အကုန္အက်ခံထားျပီး ၇ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူထားတဲ့ ကီပါကို လာမယ့္ရာသီမွာ အငွားျဖင့္ ထြက္ခြာေစကာ ရာသီကုန္မွာ ေပါင္ သန္း ၅၀ နဲ႔ ေရာင္းထုတ္ဖို႔ ခ်ယ္ဆီးဘက္က စီစဥ္ထားတာပါ။ ဒါေပမယ့္ လက္ရွိ ေစ်းကြက္ အေနအထားအရ ကီပါကို သန္း ၅၀ ေပးမယ့္ ကလပ္ လံုးဝ မရွိႏုိင္တဲ့ အေျခအေနျဖစ္တယ္။

ခ်ယ္ဆီးဘက္ကလည္း ဂိုးသမားသစ္ကို အနည္းဆံုး ေပါင္ ၃၅ သန္းေလာက္ ထပ္သံုးရဦးမွာျဖစ္လို႔ ကီပါကို အငွားမခ်ပဲ သူ႔ကုိပဲ လာမယ့္ရာသီမွာ ဒုတိယ အခြင့္အေရးေပးဖို႔ ဆံုးျဖတ္လာျခင္းျဖစ္တယ္။ ခ်ယ္ဆီးဟာ အရန္အျဖစ္ေတာ့ နစ္ပုပ္နဲ႔ ဘမ္ေဖာ္စတာ တို႔လို အဂၤလန္သား ဂိုးသမားေတြကို ေစာင့္ၾကည့္ေနဆဲ ျဖစ္ပါတယ္။