ဆဲလ်တစ် တိုက်စစ်မှူး၊ ခံစစ် ပစ်မှတ်များနဲ့ အာဆင်နယ် အပြောင်းအရွှေ့သတင်းများ

အာဆင်နယ်အသင်း ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ်အသင်း ခံစစ်မှူး အူပါမီကာနိုက လာမယ့်နွေ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ စိတ်အားထက်သန် နေပါတယ်။

အာဆင်နယ်ဟာ ရိုးမားမှာ အငှား ကစားနေတဲ့ ယူနိုက်တက် ခံစစ်မှူး စမောလင်းကို ခေါ်ယူဖို့ ကမ်းလှမ်းမှု စတင်ထားကြောင်း သတင်း ထွက်ပေါ်လာပါတယ်။ ယူနိုက်တက်က စမောလင်း အတွက် ပေါင် ၂၅ သန်း အလိုရှိနေပြီး ၎င်းကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်ကလည်း ရိုးမား ချန်ပီယံလိဂ် ဝင်ခွင့်် မရဖို့ပါ မျှော်လင့်နေပါတယ်။

ဘာစီလိုနာက ရောင်းချလိုနေတဲ့ ခံစစ်မှူး အမ်တီတီကို အာဆင်နယ်ရော ယူနိုက်တက်ကပါ ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ အသက် ၂၆ နှစ် အရွယ် ကစားသမား အတွက် ဘာစီလိုနာက ပေါင် ၄၆ သန်း ဝန်းကျင် တောင်းဆိုဖွယ် ရှိပါတယ်။

အာဆင်နယ်၊ လီဗာပူးနဲ့ မန်စီးတီးအသင်းတို့ဟာ ရှောလ်ကေးအသင်းမှ အသကသ် ၁၈နှစ်အရွယ် ခံစစ်မှူးလေး မာလစ် သီရောကို စောင့်ကြည့်နေကြပါတယ်။ ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၇ သန်းလောက် ရှိတယ်လို့ ဒေးလီးမေးလ်က ဖော်ပြထားပါတယ်။

ဖရန့်ဖတ်အသင်းမှ ခံစစ်မှူး အီဗန် အမ်ဒစ်ကာကိုလည်း ဒီရာသီမှာ အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း စကိုင်းစပေါ့ သတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။

အာဆင်နယ်က နောက်ဘောလုံးရာသီမှာ တိုက်စစ် အင်အားဖြည့်ဖို့ အတွက် ဆဲလစ်တစ် တိုက်စစ်မှူး Odsonne Edouard ကို ခေါ်ယူရန် စဉ်းစားနေကြောင်း သိရပါတယ်။

Zawgyi – အာဆင္နယ္အသင္း ပစ္မွတ္ထားေနတဲ့ လိုက္ပ္ဇစ္အသင္း ခံစစ္မွဴး အူပါမီကာနိုက လာမယ့္ေႏြ အေျပာင္းအေရႊ႕မွာ အသင္းေျပာင္းဖို႔ စိတ္အားထက္သန္ ေနပါတယ္။

အာဆင္နယ္ဟာ ရိုးမားမွာ အငွား ကစားေနတဲ့ ယူနိုက္တက္ ခံစစ္မွဴး စေမာလင္းကို ေခၚယူဖို႔ ကမ္းလွမ္းမႈ စတင္ထားေၾကာင္း သတင္း ထြက္ေပၚလာပါတယ္။ ယူနိုက္တက္က စေမာလင္း အတြက္ ေပါင္ ၂၅ သန္း အလိုရွိေနျပီး ၄င္းကို ေခၚယူနုိင္ဖို႔ အာဆင္နယ္ကလည္း ရိုးမား ခ်န္ပီယံလိဂ္ ၀င္ခြင့္္ မရဖို႔ပါ ေမွ်ာ္လင့္ေနပါတယ္။

ဘာစီလိုနာက ေရာင္းခ်လိုေနတဲ့ ခံစစ္မွဴး အမ္တီတီကို အာဆင္နယ္ေရာ ယူနိုက္တက္ကပါ ေခၚယူဖို႔ စဥ္းစားေနပါတယ္။ အသက္ ၂၆ နွစ္ အရြယ္ ကစားသမား အတြက္ ဘာစီလိုနာက ေပါင္ ၄၆ သန္း ၀န္းက်င္ ေတာင္းဆိုဖြယ္ ရွိပါတယ္။

အာဆင္နယ္၊ လီဗာပူးနဲ႕ မန္စီးတီးအသင္းတို႔ဟာ ေရွာလ္ေကးအသင္းမွ အသကသ္ ၁၈နွစ္အရြယ္ ခံစစ္မွဴးေလး မာလစ္ သီေရာကို ေစာင့္ၾကည့္ေနၾကပါတယ္။ ၄င္းရဲ႕ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၇ သန္းေလာက္ ရွိတယ္လို႔ ေဒးလီးေမးလ္က ေဖာ္ျပထားပါတယ္။

ဖရန္႔ဖတ္အသင္းမွ ခံစစ္မွဴး အီဗန္ အမ္ဒစ္ကာကိုလည္း ဒီရာသီမွာ အာဆင္နယ္နဲ႕ လီဗာပူးအသင္းတို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနေၾကာင္း စကိုင္းစေပါ့ သတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။

အာဆင္နယ္က ေနာက္ေဘာလံုးရာသီမွာ တိုက္စစ္ အင္အားျဖည့္ဖို႔ အတြက္ ဆဲလစ္တစ္ တိုက္စစ္မွဴး Odsonne Edouard ကို ေခၚယူရန္ စဥ္းစားေနေၾကာင္း သိရပါတယ္။