ပေါ့ဘာအတွက် ငဲ့ညှာပေးနေမှုကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း သက်သေပြနေတဲ့ အချက် ၆ ချက်

ပေါ့ဘာဟာ ကလပ်ရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တယ်လို့ ဖြည့်တွေးပေးနေမှုတွေကို ရပ်တန့်သင့်တဲ့ အဓိက အချက်တွေထဲကမှ သရဲနီပရိသတ်တွေ လက်ခံမှု အရှိဆုံးသော အချက် ၆ ချက်ကို ဖော်ပြလိုက်ပါတယ်။

၁) ပေါ့ဘာက ယူနိုက်တက်နဲ့ သူ့ရဲ့ အနာဂတ်အပေါ် သူ့အေးဂျင့် ပြောချင်သလို ပြောတာ ခွင့်ပြုထားပြီး သူကတော့ ဘာမှ မပြောဘဲ ငြိမ်နေတယ်။

၂) ပေါ့ဘာက သူ့အစ်ကို သူ့ကိုယ်စား အဓိပ္ပါယ်မရှိတာတွေ ပြောနေတာကိုလည်း တချက်မှ ဝင်မပြောဘဲ ပေးပြောထားတယ်။

၃) စိန်ခေါ်မှု အသစ်တွေ အလိုရှိတာကြောင့် အသင်းက ထွက်ခွာလိုကြောင်း ဝန်ခံထားတယ်။ (လက်ရှိကလပ်မှာတော့ စိန်ခေါ်မှုတွေ သူ မလုပ်ချင်တော့ဘူး။)

၄) ဆိုရှယ်မီဒီယာမှာ အင်တာဗျူးတစ်ခုခုမှာပဲ ဖြစ်ဖြစ် ဘယ်တော့မှ ယူနိုက်တက် ကစားသမား တစ်ယောက် အနေနဲ့ အသင်းဘက်က ရပ်တည်ပြတာမျိုး အသင်း ပြန်တည်ဆောက်မယ့် အစီအစဉ်တွေထဲ ပါဝင်ချင်တာမျိုး ပြောမထားဖူးဘူး။

၅) မန်နေဂျာ၊ နည်းပြ ဂျို့စ် (မော်ရင်ညို)ထက် သူက ကြီးမြတ်သလို ပြုမူတယ်။ ကစားသမား တစ်ယောက်က နည်းပြထက် ပိုမြင့်တဲ့ အနေအထားမှာ နေဖို့ မသင့်ဘူး။ ဂျို့စ် အနေနဲ့ ထွက်ခွာသွားရမယ့် အနေအထား ဖြစ်ခဲ့တယ်။

၆) တခြားကစားသမားတွေက ဒဏ်ရာ ရနေသည့်တိုင် ကလပ်အသင်းနားမှာပဲ ရှိတယ်။ အသင်းရဲ့ တစိတ်တပိုင်း အဖြစ် ရှိကြောင်း ပြသတယ်။ ပြန်ကောင်းလာဖို့ ကြိုးစားရင်း အသင်းဖော်တွေကိုလည်း အားပေးတယ်။ ဒါပေမယ့် ဒဏ်ရာ ရနေတယ်ဆိုတဲ့ ပေါ့ဘာက ဒီအတော် အတွင်း ဘယ်တွေမှာ ရှိနေခဲ့သလဲ။

ဒါကတော့ ပေါ့ဘာနဲ့ ပက်သက်ပြီး ယူနိုက်တက်ပရိသတ်တွေ အဓိက ထောက်ပြတဲ့ အချက် ၆ ချက်ဖြစ်ကာ နွေမှာ သူမရှိတော့ရင်လည်း ယူနိုက်တက်က ဆက်သွားနိုင်မှာပါလို့ ယုံကြည်ထားကြပါတယ်။

ZAWGYI

ေပါ့ဘာဟာ ကလပ္ရဲ႕ အဓိက ကစားသမားတစ္ဦးျဖစ္တယ္လို႔ ျဖည့္ေတြးေပးေနမႈေတြကို ရပ္တန္႔သင့္တဲ့ အဓိက အခ်က္ေတြထဲကမွ သရဲနီပရိသတ္ေတြ လက္ခံမႈ အရွိဆံုးေသာ အခ်က္ ၆ ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။

၁) ေပါ့ဘာက ယူႏုိက္တက္နဲ႔ သူ႔ရဲ႕ အနာဂတ္အေပၚ သူ႔ေအးဂ်င့္ ေျပာခ်င္သလို ေျပာတာ ခြင့္ျပဳထားျပီး သူကေတာ့ ဘာမွ မေျပာဘဲ ျငိမ္ေနတယ္။

၂) ေပါ့ဘာက သူ႔အစ္ကို သူ႔ကိုယ္စား အဓိပၸါယ္မရွိတာေတြ ေျပာေနတာကိုလည္း တခ်က္မွ ၀င္မေျပာဘဲ ေပးေျပာထားတယ္။

၃) စိန္ေခၚမႈ အသစ္ေတြ အလိုရွိတာေၾကာင့္ အသင္းက ထြက္ခြာလိုေၾကာင္း ၀န္ခံထားတယ္။ (လက္ရွိကလပ္မွာေတာ့ စိန္ေခၚမႈေတြ သူ မလုပ္ခ်င္ေတာ့ဘူး။)

၄) ဆိုရွယ္မီဒီယာမွာ အင္တာဗ်ဴးတစ္ခုခုမွာပဲ ျဖစ္ျဖစ္ ဘယ္ေတာ့မွ ယူနိုက္တက္ ကစားသမား တစ္ေယာက္ အေနနဲ႕ အသင္းဘက္က ရပ္တည္ျပတာမ်ိဳး အသင္း ျပန္တည္ေဆာက္မယ့္ အစီအစဥ္ေတြထဲ ပါ၀င္ခ်င္တာမ်ိဳး ေျပာမထားဖူးဘူး။

၅) မန္ေနဂ်ာ၊ နည္းျပ ဂ်ိဳ႔စ္ (ေမာ္ရင္ညိဳ)ထက္ သူက ၾကီးျမတ္သလို ျပဳမူတယ္။ ကစားသမား တစ္ေယာက္က နည္းျပထက္ ပိုျမင့္တဲ့ အေနအထားမွာ ေနဖို႔ မသင့္ဘူး။ ဂ်ိဳ႕စ္ အေနနဲ႕ ထြက္ခြာသြားရမယ့္ အေနအထား ျဖစ္ခဲ့တယ္။

၆) တျခားကစားသမားေတြက ဒဏ္ရာ ရေနသည့္တိုင္ ကလပ္အသင္းနားမွာပဲ ရွိတယ္။ အသင္းရဲ႕ တစိတ္တပိုင္း အျဖစ္ ရွိေၾကာင္း ျပသတယ္။ ျပန္ေကာင္းလာဖို႔ ၾကိဳးစားရင္း အသင္းေဖာ္ေတြကိုလည္း အားေပးတယ္။ ဒါေပမယ့္ ဒဏ္ရာ ရေနတယ္ဆိုတဲ့ ေပါ့ဘာက ဒီအေတာ္ အတြင္း ဘယ္ေတြမွာ ရွိေနခဲ့သလဲ။

ဒါကေတာ့ ေပါ့ဘာနဲ႔ ပက္သက္ျပီး ယူႏုိက္တက္ပရိသတ္ေတြ အဓိက ေထာက္ျပတဲ့ အခ်က္ ၆ ခ်က္ျဖစ္ကာ ေႏြမွာ သူမရွိေတာ့ရင္လည္း ယူႏုိက္တက္က ဆက္သြားႏုိင္မွာပါလို႔ ယံုၾကည္ထားၾကပါတယ္။