ဆန်ချိုနဲ့ ဝေးဝေးနေဖို့ ရက်ဖို့ဒ် အား သတိပေးလိုက်တဲ့ တမ်မီ အေဗရာဟမ်

ဒေါ့မွန်မှာ ကစားနေတဲ့ အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုကို ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့က အပြိုင် အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ရဲ့ ဆန်ချိုကို သွားရောက် ရေးသားတဲ့ ကွန်မန့်အပေါ် ချယ်ဆီး တိုက်စစ်မှူး အေဗရာဟမ်က ဟာသလုပ်ကာ တားဆီးလိုက်တာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကပဲ ဆန်ချိုရဲ့ မွေးနေ့ ဖြစ်တာကြောင့် ကလပ်၊ နိုင်ငံ အသင်းဖော်တွေနဲ့ ကစားသမား အများအပြားက မွေးနေ့ဆုတောင်းများ ဝိုင်းဝန်း ပြောဆို ရေးသားခဲ့ကြရာ ရက်ဖို့ဒ်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ရက်ဖို့ဒ်က – ” Happy birthday bro!! အိမ်ထဲမှာပဲ ပျော်ပျော်ရွှင်ရွှင်နေပါ ” လို့ ဆန်ချိုနဲ့ အတူ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ အတူ အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုက သူ့ထက် အင်္ဂလန်အသင်းမှာ နှစ်နှစ် စီနီယာကျတဲ့ ရက်ဖို့ဒ်နဲ့ ခင်မင် ရင်းနှီးသူ ဖြစ်ပါတယ်။ ဆန်ချိုရဲ့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုမှာ ရက်ဖို့ဒ်က အရေးပါလာဖွယ်လည်း ရှိပါတယ်။

ချယ်ဆီး တိုက်စစ်သမား အေဗရာဟမ်ကတော့ ရက်ဖို့ဒ်ကို အကျောမခံဘဲ ပို့စ်မှာ ချက်ချင်း ဝင်ရောက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ” ငါ့ ဂျေဒန် (ဆန်ချို) နဲ့ ဝေးဝေးနေ ” လို့ ရေးသားပြီး ရယ်မောနေတဲ့ ပုံလေးနဲ့ တုန့်ပြန်ခဲ့တာပါ။ ဒါပေမယ့် မကြာခင်မှာပဲ အေဗရာဟမ်က ထိုကွန်မန့်ကို ပြန်ဖျက်သွားခဲ့ပါတယ်။

ဒါပေမယ့် ဆန်ချိုကို အေဗရာဟမ်ကလည်း ကြိုဆိုလိုကာ ချယ်ဆီးထံ ပြောင်းလာစေချင်ကြောင်း သိသိသာသာ ပြသခဲ့တာ ဖြစ်ပြီး အင်္ဂလန်သား အသင်းဖော်ချင်း ဆန်ချိုကို အပြိုင် စည်းရုံးကြဖွယ် ရှိပါတယ်။

ဆန်ချိုကို ယူနိုက်တက်ရော ချယ်ဆီးပါ လာမယ့်နွေ အပြောင်းအရွှေ့ ထိပ်သီး ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး ဒေါ့မွန်ဘက်ကတော့ ၎င်း တန်ကြေးကို ပေါင် သန်း ၁၀၀ ထိ သတ်မှတ်ထားပါတယ်။ နှစ်သင်းလုံးကတော့ ဈေးနှုန်းကို သိသည့်တိုင် လက်မလျှော့သေးဘဲ ဆန်ချိုကို အလိုရှိနေဆဲပါ။

Zawgyi – ေဒါ့မြန္မွာ ကစားေနတဲ့ အဂၤလန္သား တိုက္စစ္သမား ဆန္ခ်ိဳကို ယူနိုက္တက္နဲ႕ ခ်ယ္ဆီးအသငး္တို႔က အျပိဳင္ အလိုရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ရဲ႕ ဆန္ခ်ိဳကို သြားေရာက္ ေရးသားတဲ့ ကြန္မန္႔အေပၚ ခ်ယ္ဆီး တိုက္စစ္မွဴး ေအဗရာဟမ္က ဟာသလုပ္ကာ တားဆီးလိုက္တာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႕ကပဲ ဆန္ခ်ိဳရဲ႕ ေမြးေန႔ ျဖစ္တာေၾကာင့္ ကလပ္၊ နုိင္ငံ အသင္းေဖာ္ေတြနဲ႕ ကစားသမား အမ်ားအျပားက ေမြးေန႔ဆုေတာင္းမ်ား ၀ိုင္း၀န္း ေျပာဆို ေရးသားခဲ့ၾကရာ ရက္ဖို႔ဒ္လည္း ပါ၀င္ခဲ့တာ ျဖစ္ပါတယ္။

ရက္ဖို႔ဒ္က – ” Happy birthday bro!! အိမ္ထဲမွာပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနပါ ” လို႔ ဆန္ခ်ိဳနဲ႕ အတူ ရုိက္ထားတဲ့ ဓာတ္ပံုနဲ႕ အတူ အင္စတာဂရမ္မွာ တင္ခဲ့တာ ျဖစ္ပါတယ္။ ဆန္ခ်ိဳက သူ႔ထက္ အဂၤလန္အသင္းမွာ နွစ္နွစ္ စီနီယာက်တဲ့ ရက္ဖို႔ဒ္နဲ႕ ခင္မင္ ရင္းနီွးသူ ျဖစ္ပါတယ္။ ဆန္ခ်ိဳရဲ႕ အေျပာင္းအေရႊ႕အတြက္ ညွိနိႈင္းမွဳမွာ ရက္ဖို႔ဒ္က အေရးပါလာဖြယ္လည္း ရွိပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမား ေအဗရာဟမ္ကေတာ့ ရက္ဖို႔ဒ္ကို အေက်ာမခံဘဲ ပို႔စ္မွာ ခ်က္ခ်င္း ၀င္ေရာက္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ ” ငါ့ ေဂ်ဒန္ (ဆန္ခ်ိဳ) နဲ႕ ေ၀းေ၀းေန ” လို႔ ေရးသားျပီး ရယ္ေမာေနတဲ့ ပံုေလးနဲ႕ တုန္႔ျပန္ခဲ့တာပါ။ ဒါေပမယ့္ မၾကာခင္မွာပဲ ေအဗရာဟမ္က ထိုကြန္မန္႔ကို ျပန္ဖ်က္သြားခဲ့ပါတယ္။

ဒါေပမယ့္ ဆန္ခ်ိဳကို ေအဗရာဟမ္ကလည္း ၾကိဳဆိုလိုကာ ခ်ယ္ဆီးထံ ေျပာင္းလာေစခ်င္ေၾကာင္း သိသိသာသာ ျပသခဲ့တာ ျဖစ္ျပီး အဂၤလန္သား အသင္းေဖာ္ခ်င္း ဆန္ခ်ိဳကို အျပိဳင္ စည္းရံုးၾကဖြယ္ ရွိပါတယ္။

ဆန္ခ်ိဳကို ယူနိုက္တက္ေရာ ခ်ယ္ဆီးပါ လာမယ့္ေႏြ အေျပာင္းအေရႊ႕ ထိပ္သီး ပစ္မွတ္ အျဖစ္ သတ္မွတ္ထားတာ ျဖစ္ျပီး ေဒါ့မြန္ဘက္ကေတာ့ ၄င္း တန္ေၾကးကို ေပါင္ သန္း ၁၀၀ ထိ သတ္မွတ္ထားပါတယ္။ နွစ္သင္းလံုးကေတာ့ ေစ်းနႈန္းကို သိသည့္တိုင္ လက္မေလွ်ာ့ေသးဘဲ ဆန္ခ်ိဳကို အလိုရွိေနဆဲပါ။