ခါးသီးပြိုင်ဘက်အသင်းထံ ရောက်ဖို့ နီးစပ်ခဲ့ကြောင်း ဆိုးရှား ဖွင့်ဟလာ

မန်ချက်စတာယူနိုက်တက် နည်းပြ ဖြစ်တဲ့ ဆိုးရှားက ခါးသီး ပြိုင်ဘက် လီဗာပူးအသင်းဟာ ၁၉၉၆ မှာ ၎င်းကို ခေါ်ယူဖို့ ကြိုးစားခဲ့ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။ ထိုစဉ်က မိုဒီအသင်းမှာ ကစားနေတဲ့ ဆိုးရှားကို လီဗာပူးအသင်းအပြင် ဘိုင်ယန်မြူးနစ်ကလည်း ခေါ်ယူလိုခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကို ရွေးချယ်ခဲ့တဲ့ ဆိုးရှားက အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၁၂၆ ဂိုးထိ သွင်းယူခဲ့ကာ အသင်း ဂန္တဝင် တစ်ဦး အဖြစ် အသိမှတ်ပြုခြင်းပါ ခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာလည်း ယူနိုက်တက်မှာ နည်းပြ အဖြစ် ပြန် တာဝန်ယူနေခဲ့တာပါ။

” လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်က ကျနော့်ကို ခေါ်ဖို့ ကြိုးစားဖူးသလားဆို ဟုတ်ပါတယ်။ သူတို့ အပြင် ကက်ဂရီလာရီ၊ ပီအက်စ်ဗီနဲ့ အခြား အသင်း အချို့လည်း ရှိသေးတယ်။ ဒါပေမယ့် ကျနော်က သမိုင်းကြောင်းကို အခွင့်ရရင်တောင် မပြောင်းလဲချင်ပါဘူး။ လာကမ်းလှမ်းမှုတွေ အားလုံးက ကောင်းမွန်ခဲ့ပြီး တစ်သင်းပဲ ကျနော်က ရွေးချယ်လို့ ရမှာ ဖြစ်ခဲ့တာပါ။

မိုဒီအသင်းပိုင်ရှင်တွေက ကျနော့်ကို ရုံးခန်းမှာ ခေါ်ပြီး ပြောတယ်။ ငါတို့ ဒီကမ်းလှမ်းမှုရထားတယ် မင်း သဘောကျလားပေါ့။ အဲဒီတုန်းက နောက် ရက်နည်းနည်းကြာရင် သူတို့က အားလပ်ရက် ခရီးထွက်တော့မှာ။

အဲဒီတုန်းက အသင်း ဥက္ကဌ မာတင်အက်ဝပ်လည်း ခရီးထွက်ဖို့ ရှိနေတယ်။ ဒီတော့ ကျနော်တို့ နောက်ရက်မှာပဲ ဆုံးဖြတ်မှ ဖြစ်တော့မှာ။ ယူနိုက်တက်ကတော့ ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ကို လာခေါ်ခဲ့တယ်။ ရောက်လာတော့ အဲဒီလေယာဉ်ကလည်း ပြသနာအချို့ ရှိနေတော့ နောက်ထပ် တစ်စီး ငှားပြီး ကျနော့်ကို ခေါ်ယူခဲ့တယ်။ ” လို့ ဆိုးရှားက ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

ဆာအဲလက်စ်နဲ့ တွေ့ဆုံပြီး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးရတဲ့ အခိုက်အတန့်က သူ့အတွက် ဂုဏ်ယူစရာ ဖြစ်ခဲ့ရကြောင်းလည်း ဆိုးရှားက ဆိုပါတယ်။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ နည္းျပ ျဖစ္တဲ့ ဆိုးရွားက ခါးသီး ျပိဳင္ဘက္ လီဗာပူးအသင္းဟာ ၁၉၉၆ မွာ ၄င္းကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေၾကာင္း ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။ ထိုစဥ္က မိုဒီအသင္းမွာ ကစားေနတဲ့ ဆိုးရွားကို လီဗာပူးအသင္းအျပင္ ဘိုင္ယန္ျမဴးနစ္ကလည္း ေခၚယူလိုခဲ့ပါတယ္။

ဒါေပမယ့္ ယူနိုက္တက္ကို ေရြးခ်ယ္ခဲ့တဲ့ ဆိုးရွားက အိုးထရက္ဖို႔ဒ္မွာ ေျခစြမ္းျပနုိင္ခဲ့ျပီး ၁၂၆ ဂိုးထိ သြင္းယူခဲ့ကာ အသင္း ဂႏၱ၀င္ တစ္ဦး အျဖစ္ အသိမွတ္ျပဳျခင္းပါ ခံခဲ့ရပါတယ္။ လက္ရွိအခ်ိန္မွာလည္း ယူနိုက္တက္မွာ နည္းျပ အျဖစ္ ျပန္ တာ၀န္ယူေနခဲ့တာပါ။

” လီဗာပူးနဲ႕ ဘိုင္ယန္ျမဴးနစ္က က်ေနာ့္ကို ေခၚဖို႔ ၾကိဳးစားဖူးသလားဆို ဟုတ္ပါတယ္။ သူတို႔ အျပင္ ကက္ဂရီလာရီ၊ ပီအက္စ္ဗီနဲ႕ အျခား အသင္း အခ်ိဳ႕လည္း ရွိေသးတယ္။ ဒါေပမယ့္ က်ေနာ္က သမိုင္းေၾကာင္းကို အခြင့္ရရင္ေတာင္ မေျပာင္းလဲခ်င္ပါဘူး။ လာကမ္းလွမ္းမႈေတြ အားလံုးက ေကာင္းမြန္ခဲ့ျပီး တစ္သင္းပဲ က်ေနာ္က ေရြးခ်ယ္လို႔ ရမွာ ျဖစ္ခဲ့တာပါ။

မိုဒီအသင္းပိုင္ရွင္ေတြက က်ေနာ့္ကို ရံုးခန္းမွာ ေခၚျပီး ေျပာတယ္။ ငါတို႔ ဒီကမ္းလွမ္းမႈရထားတယ္ မင္း သေဘာက်လားေပါ့။ အဲဒီတုန္းက ေနာက္ ရက္နည္းနည္းၾကာရင္ သူတို႔က အားလပ္ရက္ ခရီးထြက္ေတာ့မွာ။

အဲဒီတုန္းက အသင္း ဥကၠဌ မာတင္အက္၀ပ္လည္း ခရီးထြက္ဖို႔ ရွိေနတယ္။ ဒီေတာ့ က်ေနာ္တို႔ ေနာက္ရက္မွာပဲ ဆံုးျဖတ္မွ ျဖစ္ေတာ့မွာ။ ယူနိုက္တက္ကေတာ့ ကိုယ္ပိုင္ဂ်က္ေလယာဥ္နဲ႕ကို လာေခၚခဲ့တယ္။ ေရာက္လာေတာ့ အဲဒီေလယာဥ္ကလည္း ျပသနာအခ်ိဳ႕ ရွိေနေတာ့ ေနာက္ထပ္ တစ္စီး ငွားျပီး က်ေနာ့္ကို ေခၚယူခဲ့တယ္။ ” လို႔ ဆိုးရွားက ဖြင့္ဟ ေျပာဆိုခဲ့ပါတယ္။

ဆာအဲလက္စ္နဲ႕ ေတြ႔ဆံုျပီး သေဘာတူစာခ်ဳပ္မွာ လက္မွတ္ေရးထိုးရတဲ့ အခိုက္အတန္႔က သူ႕အတြက္ ဂုဏ္ယူစရာ ျဖစ္ခဲ့ရေၾကာင္းလည္း ဆိုးရွားက ဆိုပါတယ္။