ကိုရိုနာ ရိုက်ခတ်မှုကြောင့် ချယ်ဆီးပစ်မှတ်ကို ဈေးချရောင်းရဖွယ် ရှိလာတဲ့ ပေါ်တိုအသင်း

ပေါ်တိုအသင်းဟာ ၎င်းတို့အသင်းရဲ့ ဘယ်အစွန်လူ တဲလက်စ်အတွက် ပြောင်းရွှေ့ကြေးကို ဈေးချဖို့ ဆန္ဒရှိနေပါကြောင်း ပေါ်တူဂီ ဒေသတွင်းသတင်းစာဖြစ်တဲ့ A Bola က ဖော်ပြလာပါတယ်။

တဲလက်စ်အတွက် ပြောင်းရွှေ့ကြေးက ယူရို သန်း ၄၀ ကျသင့်မယ်လို့ သိထားရတာဖြစ်ပြီး ချယ်ဆီးက အသက် ၂၇ နှစ်အရွယ် ဘယ်အစွန်လူအတွက် အဲ့လောက်တော့ မသုံးလိုပါဘူး။ ပေါ်တိုဟာ နွေမှာ တဲလက်စ်ကို ရောင်းထုတ်မှပဲ အလွတ်နဲ့ လက်လွတ်ရဖို့ကို ကာကွယ်နိုင်မှာဖြစ်လို့ ဈေးချလာဖွယ် ရှိနေတာပါ။

ချယ်ဆီးဟာ လက်စတာအသင်းမှ ဘယ်အစွန်လူ ဘမ်ချီဝဲလ်ကို အတော်လေး သဘောကျပေမယ့် သန်း ၆၀ ထိတော့ မသုံးလိုပါဘူး။ ဒီရာသီမှာ အဓိက ဘယ်အစွန်လူတွေဖြစ်တဲ့ အီမာဆန်၊ အလွန်ဆိုတို့ကို မန်နေဂျာလမ်းပတ်က သဘောမတွေ့ပဲ ကွီတာကိုတောင် ဘယ်အစွန်ထုတ်မှုတွေ ရှိထားတာဖြစ်တယ်။

တဲလက်စ်ဟာ ၂၀၂၁ ဘောလုံးရာသီ အကုန်မှာ ပေါ်တူဂီကလပ်နဲ့ စာချုပ်ကုန်မှာဖြစ်ပြီး စာချုပ်သစ်ကိစ္စ သဘောတူညီမှု မရပါဘူး။ ကိုရိုနာကြောင့် ဘောလုံးပွဲတွေ ရပ်နားထားပြီး လာမယ့် နွေဈေးကွက်ကို ပုံမှန်အချိန်မှာ လုပ်နိုင်ဖို့ မလွယ်ကူခြင်းကြောင့် စာချုပ် ၁၂ လပဲ ကျန်တဲ့ ကစားသမားတစ်ဦးအတွက် ဈေးကိုင်ဖို့ရာ အခက်အခဲတွေ ရှိလာတာဖြစ်တယ်။

ချယ်ဆီးဘက်က တဲလက်စ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၂၅ သန်းထိ လျော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဦးစားပေး ပစ်မှတ်တွေဖြစ်တဲ့ တိုက်စစ်မှူးနဲ့ တောင်ပံတိုက်စစ်နေရာတွေကို အားဖြည့်ဖို့ကိုပဲ ငွေကြေး ပိုသုံးစွဲလိုနေတာ ဖြစ်ပါတယ်။

ZAWGYI

ေပၚတိုအသင္းဟာ ၄င္းတို႔အသင္းရဲ႕ ဘယ္အစြန္လူ တဲလက္စ္အတြက္ ေျပာင္းေရႊ႔ေၾကးကို ေစ်းခ်ဖို႔ ဆႏၵရွိေနပါေၾကာင္း ေပၚတူဂီ ေဒသတြင္းသတင္းစာျဖစ္တဲ့ A Bola က ေဖာ္ျပလာပါတယ္။

တဲလက္စ္အတြက္ ေျပာင္းေရႊ႔ေၾကးက ယူရို သန္း ၄၀ က်သင့္မယ္လို႔ သိထားရတာျဖစ္ျပီး ခ်ယ္ဆီးက အသက္ ၂၇ ႏွစ္အရြယ္ ဘယ္အစြန္လူအတြက္ အဲ့ေလာက္ေတာ့ မသံုးလိုပါဘူး။ ေပၚတိုဟာ ေႏြမွာ တဲလက္စ္ကို ေရာင္းထုတ္မွပဲ အလြတ္နဲ႔ လက္လြတ္ရဖို႔ကို ကာကြယ္ႏုိင္မွာျဖစ္လို႕ ေစ်းခ်လာဖြယ္ ရွိေနတာပါ။

ခ်ယ္ဆီးဟာ လက္စတာအသင္းမွ ဘယ္အစြန္လူ ဘမ္ခ်ီဝဲလ္ကို အေတာ္ေလး သေဘာက်ေပမယ့္ သန္း ၆၀ ထိေတာ့ မသံုးလိုပါဘူး။ ဒီရာသီမွာ အဓိက ဘယ္အစြန္လူေတြျဖစ္တဲ့ အီမာဆန္၊ အလြန္ဆိုတို႔ကို မန္ေနဂ်ာလမ္းပတ္က သေဘာမေတြ႔ပဲ ကီြတာကိုေတာင္ ဘယ္အစြန္ထုတ္မႈေတြ ရွိထားတာျဖစ္တယ္။

တဲလက္စ္ဟာ ၂၀၂၁ ေဘာလံုးရာသီ အကုန္မွာ ေပၚတူဂီကလပ္နဲ႔ စာခ်ဳပ္ကုန္မွာျဖစ္ျပီး စာခ်ဳပ္သစ္ကိစၥ သေဘာတူညီမႈ မရပါဘူး။ ကိုရိုနာေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားျပီး လာမယ့္ ေႏြေစ်းကြက္ကို ပံုမွန္အခ်ိန္မွာ လုပ္ႏုိင္ဖို႔ မလြယ္ကူျခင္းေၾကာင့္ စာခ်ဳပ္ ၁၂ လပဲ က်န္တ့ဲ ကစားသမားတစ္ဦးအတြက္ ေစ်းကိုင္ဖို႔ရာ အခက္အခဲေတြ ရွိလာတာျဖစ္တယ္။

ခ်ယ္ဆီးဘက္က တဲလက္စ္အတြက္ ေျပာင္းေရႊ႔ေၾကးကို ယူရို ၂၅ သန္းထိ ေလ်ာ့ခ်ႏုိင္ဖို႔ ရည္ရြယ္ျပီး ဦးစားေပး ပစ္မွတ္ေတြျဖစ္တဲ့ တိုက္စစ္မွဴးနဲ႔ ေတာင္ပံတိုက္စစ္ေနရာေတြကို အားျဖည့္ဖို႔ကိုပဲ ေငြေၾကး ပိုသံုးစြဲလိုေနတာ ျဖစ္ပါတယ္။