ကိုရိုနာ အန္တရာယ် ရင်ဆိုင်နေရတဲ့ စပိန်အတွက် ပါဝင် လှူဒါန်းမှု ပြုလုပ်သွားတဲ့ ဂွာဒီယိုလာ

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာ စပိန်မှာ ကိုရိုနာ ကုသမှုတွေအတွက် ကြိုးစားနေမှုကို ကူညီတဲ့ အနေနဲ့ ယူရို ၁ သန်း ပါဝင် လှူဒါန်းမှု ပြုလုပ်သွားခဲ့ပါတယ်။

မန်ချက်စတာမှာ နေထိုင်နေတဲ့ ဘာစီလိုနာ မန်နေဂျာဟောင်းက ဘာစီလိုနာ ဆေးကောလိပ်နဲ့ Angel Soler Daniel Foundation တွေကို လှူဒါန်းသွားခဲ့တာဖြစ်တယ်။ စပိန်ဟာ ကိုရိုနာ ကူးစပ်မှုပေါင်း ၄၀၀၀၀ ကျော် ခံစားနေရပြီး သေဆုံးသူ ၂၆၉၆ ဦးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဥရောပမှာ ကိုရိုနာ ကူးစပ်မှု အမြင့်ဆုံး နိုင်ငံတွေထဲ ပါဝင်နေတဲ့ စပိန်အတွက် ဂွာဒီယိုလာရဲ့ လှူဒါန်းမှုဟာ လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ကက်တန်လိုနီယားအရပ်က ဆေးရုံဝန်ထမ်းတွေအတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေအတွက် သုံးစွဲနိုင်ဖို့ ရည်ရွယ်ပါတယ်။

အဆိုပါ လှူဒါန်းငွေတွေကိုတော့ ကက်တန်လိုနီယားက ဆေးရုံတွေမှာ ရှားပါးနေတဲ့ ကျန်းမာရေးလုပ်သားတွေအတွက် mask တွေအပြင် အခြားသော လိုအပ်တဲ့ နေရာတွေမှာ သုံးစွဲသွားမယ်လို့ သိရပါတယ်။

မကြာသေးခင်ကပဲ မန်စီးတီးတောင်ပံသမား ဆာနေးဟာ ‘We Kick Corona’ campaign အတွက် ဂျာမနီက ကိုရိုနာ တိုက်ဖျက်ရေးဆိုင်ရာ ကျန်မာရေးအဖွဲ့ကို ယူရို ၅ သိန်း လှူဒါန်းခဲ့သေးတယ်လို့လည်း သိရပါတယ်။

ZAWGYI

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာဟာ စပိန္မွာ ကိုရိုနာ ကုသမႈေတြအတြက္ ၾကိဳးစားေနမႈကို ကူညီတဲ့ အေနနဲ႔ ယူရို ၁ သန္း ပါဝင္ လွဴဒါန္းမႈ ျပဳလုပ္သြားခဲ့ပါတယ္။

မန္ခ်က္စတာမွာ ေနထိုင္ေနတဲ့ ဘာစီလိုနာ မန္ေနဂ်ာေဟာင္းက ဘာစီလိုနာ ေဆးေကာလိပ္နဲ႔ Angel Soler Daniel Foundation ေတြကို လွဴဒါန္းသြားခဲ့တာျဖစ္တယ္။ စပိန္ဟာ ကိုရိုနာ ကူးစပ္မႈေပါင္း ၄၀၀၀၀ ေက်ာ္ ခံစားေနရျပီး ေသဆံုးသူ ၂၆၉၆ ဦးထိ ရွိလာခဲ့ျပီျဖစ္ပါတယ္။

ဥေရာပမွာ ကိုရိုနာ ကူးစပ္မႈ အျမင့္ဆံုး ႏုိင္ငံေတြထဲ ပါဝင္ေနတဲ့ စပိန္အတြက္ ဂြာဒီယိုလာရဲ႕ လွဴဒါန္းမႈဟာ လိုအပ္တဲ့ ေဆးဝါးေတြနဲ႔ ကက္တန္လိုနီယားအရပ္က ေဆးရံုဝန္ထမ္းေတြအတြက္ လိုအပ္တဲ့ ေဆးဘက္ဆိုင္ရာ ပစၥည္းေတြအတြက္ သံုးစြဲႏိုင္ဖုိ႔ ရည္ရြယ္ပါတယ္။

အဆိုပါ လွဴဒါန္းေငြေတြကိုေတာ့ ကက္တန္လိုနီယားက ေဆးရံုေတြမွာ ရွားပါးေနတဲ့ က်န္းမာေရးလုပ္သားေတြအတြက္ mask ေတြအျပင္ အျခားေသာ လိုအပ္တဲ့ ေနရာေတြမွာ သံုးစြဲသြားမယ္လို႔ သိရပါတယ္။

မၾကာေသးခင္ကပဲ မန္စီးတီးေတာင္ပံသမား ဆာေနးဟာ ‘We Kick Corona’ campaign အတြက္ ဂ်ာမနီက ကိုရိုနာ တိုက္ဖ်က္ေရးဆိုင္ရာ က်န္မာေရးအဖြဲ႔ကို ယူရို ၅ သိန္း လွဴဒါန္းခဲ့ေသးတယ္လို႔လည္း သိရပါတယ္။