အိုထရတ်ဖိုဒ့်က အဲဗာတန်နဲ့ပွဲအတွက် ယူနိုက်တက် ထုတ်သုံးနိုင်တဲ့ လူစာရင်း ခန့်မှန်း

ယူႏုိက္တက္ဟာ ဒီကေန႔မွာေတာ့ အဲဗာတန္ကို အိမ္ကြင္းမွာ ဧည့္ခံကစားျပီး ရလဒ္ေကာင္းေနမႈကို ဆက္ထိန္းသြားရမွာပါ။ ၾကားရက္က ယူရိုပါလိဂ္ပြဲမွာေတာ့ ဒီဂီ၊ ဂ်ိမ္း၊ ရပ္ဖိုဒ့္လို ကစားသမားေတြကို အနားေပးခဲ့ျပီး ယွဥ္ျပိဳင္ထားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ကို အႏုိင္ရမယ္ဆိုရင္ အဆင့္ေလးမွာ ခ်ယ္ဆီးကို ဖိအားေပးႏုိင္မႈ ျမင့္မားသြားမွာျဖစ္လို႔ အမွတ္ေပးပြဲ သံုးပြဲဆက္ႏုိင္ပြဲကို ရႏုိင္ဖို႔ ျပင္ဆင္လာမယ့္ ယူႏုိက္တက္ဟာ အဓိက ကစားသမားေတြကို ထုတ္သံုးလာမွာျဖစ္တယ္။ ခံစစ္ကေတာ့ မေျပာင္းလဲပဲ ဒီဂီယာ၊ ဘစ္ဆာကာ၊ မက္ဂြဲရား၊ လင္ဒီေအာ့တို႔ကို ထုတ္သံုးမွာျဖစ္ျပီး ဘယ္အစြန္လမွာ လုေရွာ၊ ယန္းနဲ႔ ဝီလီယံတို႔ထဲက တစ္ဦး ပါဝင္လာႏုိင္ပါတယ္။

ကြင္းလယ္မွာေတာ့ မန္ေနဂ်ာဆိုးရွား အၾကိဳက္ေတြ႔ေနတဲ့ ဖရက္နဲ႔ ေတာ္မီေနးအတြဲပဲ ပြဲထြက္လာမွာျဖစ္ျပီး ကြင္းလယ္ကေန တိုက္စစ္လိုက္ပါဖို႔ လင္ဂတ္ (သို႔) ပါရဲရာကို ထုတ္သံုးဖြယ္ရွိတယ္။ ဒီကြင္းလယ္အတြဲေတြက ျပီးခဲ့တဲ့ ပြဲေတြမွာ စြမ္းေဆာင္ရည္ အေကာင္းဆံုးေတြ ျပသေနျပီး တိုက္စစ္အတြက္ေကာ ခံစစ္အတြက္ပါ အေကာင္းဆံုး ပါဝင္ေပးထားႏုိင္ပါတယ္။ လင္ဂတ္ရဲ႕ ၾကံ႕ခိုင္မႈက ေစာင့္ၾကည့္ရမွာျဖစ္ျပီး ပါရဲရာကေတာ့ ၾကံ႕ခိုင္မႈ ျပန္ေကာင္းေနျပီျဖစ္ပါတယ္။

မန္စီးတီးကို အႏုိင္ယူခဲ့မႈမွာ ရက္ဖိုဒ့္နဲ႔ ဂ်ိမ္းတို႔ရဲ႕ ေကာင္တာတိုက္စစ္အစြမ္းက အဓိက က်ျပီး သူတို႔ႏွစ္ဦးက အဲဗာတန္နဲ႔ပြဲအတြက္လည္း အင္ျပည့္အားျပည့္ ျဖစ္ေနမွာပါ။ ယူရိုပါလိဂ္မွာ မာရွယ္ ပြဲကစားခြင့္ရခဲ့ျပီး မိနစ္ ၆၀ စာ ပါဝင္ခဲ့တယ္။ အိမ္ကြင္းမွာပဲ ကစားခဲ့တဲ့ အဆိုပြဲဟာ အဲဗာတန္နဲ႔ပြဲမွာ ထုတ္သံုးဖို႔လည္း ကစားသမားကို လန္းဆန္းေစမွာျဖစ္တယ္။

ေအဇက္ အယ္ကမာနဲ႔ပြဲမွာ လူငယ္ကစားသမားေတြနဲ႔ မာတစ္လို ကစားသမားကို ေပါင္းစပ္ခဲ့ျပီး ေဘာက္ဆင္ေဒး ပြဲၾကပ္ကာလနဲ႔ ဇန္နဝါရီလို ပြဲၾကပ္ကာလေတြအတြက္ ဆိုးရွား ၾကိဳတင္ျပင္ဆင္မႈေတြ လုပ္ေနေပမယ့္ အဲဗာတန္နဲ႔ပြဲမွာ အေကာင္းဆံုး လူစာရင္းကိုပဲ ထုတ္သံုးမယ္လို႔ ယံုၾကည္ရပါတယ္။

United possible XI (4-2-3-1): De Gea, Wan-Bissaka, Lindelöf, Maguire, Shaw, McTominay, Fred, James, Lingard, Rashford, Martial.

UNICODE

ယူနိုက်တက်ဟာ ဒီကနေ့မှာတော့ အဲဗာတန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ရလဒ်ကောင်းနေမှုကို ဆက်ထိန်းသွားရမှာပါ။ ကြားရက်က ယူရိုပါလိဂ်ပွဲမှာတော့ ဒီဂီ၊ ဂျိမ်း၊ ရပ်ဖိုဒ့်လို ကစားသမားတွေကို အနားပေးခဲ့ပြီး ယှဉ်ပြိုင်ထားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကို အနိုင်ရမယ်ဆိုရင် အဆင့်လေးမှာ ချယ်ဆီးကို ဖိအားပေးနိုင်မှု မြင့်မားသွားမှာဖြစ်လို့ အမှတ်ပေးပွဲ သုံးပွဲဆက်နိုင်ပွဲကို ရနိုင်ဖို့ ပြင်ဆင်လာမယ့် ယူနိုက်တက်ဟာ အဓိက ကစားသမားတွေကို ထုတ်သုံးလာမှာဖြစ်တယ်။ ခံစစ်ကတော့ မပြောင်းလဲပဲ ဒီဂီယာ၊ ဘစ်ဆာကာ၊ မက်ဂွဲရား၊ လင်ဒီအော့တို့ကို ထုတ်သုံးမှာဖြစ်ပြီး ဘယ်အစွန်လမှာ လုရှော၊ ယန်းနဲ့ ဝီလီယံတို့ထဲက တစ်ဦး ပါဝင်လာနိုင်ပါတယ်။

ကွင်းလယ်မှာတော့ မန်နေဂျာဆိုးရှား အကြိုက်တွေ့နေတဲ့ ဖရက်နဲ့ တော်မီနေးအတွဲပဲ ပွဲထွက်လာမှာဖြစ်ပြီး ကွင်းလယ်ကနေ တိုက်စစ်လိုက်ပါဖို့ လင်ဂတ် (သို့) ပါရဲရာကို ထုတ်သုံးဖွယ်ရှိတယ်။ ဒီကွင်းလယ်အတွဲတွေက ပြီးခဲ့တဲ့ ပွဲတွေမှာ စွမ်းဆောင်ရည် အကောင်းဆုံးတွေ ပြသနေပြီး တိုက်စစ်အတွက်ကော ခံစစ်အတွက်ပါ အကောင်းဆုံး ပါဝင်ပေးထားနိုင်ပါတယ်။ လင်ဂတ်ရဲ့ ကြံ့ခိုင်မှုက စောင့်ကြည့်ရမှာဖြစ်ပြီး ပါရဲရာကတော့ ကြံ့ခိုင်မှု ပြန်ကောင်းနေပြီဖြစ်ပါတယ်။

မန်စီးတီးကို အနိုင်ယူခဲ့မှုမှာ ရက်ဖိုဒ့်နဲ့ ဂျိမ်းတို့ရဲ့ ကောင်တာတိုက်စစ်အစွမ်းက အဓိက ကျပြီး သူတို့နှစ်ဦးက အဲဗာတန်နဲ့ပွဲအတွက်လည်း အင်ပြည့်အားပြည့် ဖြစ်နေမှာပါ။ ယူရိုပါလိဂ်မှာ မာရှယ် ပွဲကစားခွင့်ရခဲ့ပြီး မိနစ် ၆၀ စာ ပါဝင်ခဲ့တယ်။ အိမ်ကွင်းမှာပဲ ကစားခဲ့တဲ့ အဆိုပွဲဟာ အဲဗာတန်နဲ့ပွဲမှာ ထုတ်သုံးဖို့လည်း ကစားသမားကို လန်းဆန်းစေမှာဖြစ်တယ်။

အေဇက် အယ်ကမာနဲ့ပွဲမှာ လူငယ်ကစားသမားတွေနဲ့ မာတစ်လို ကစားသမားကို ပေါင်းစပ်ခဲ့ပြီး ဘောက်ဆင်ဒေး ပွဲကြပ်ကာလနဲ့ ဇန်နဝါရီလို ပွဲကြပ်ကာလတွေအတွက် ဆိုးရှား ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပေမယ့် အဲဗာတန်နဲ့ပွဲမှာ အကောင်းဆုံး လူစာရင်းကိုပဲ ထုတ်သုံးမယ်လို့ ယုံကြည်ရပါတယ်။

United possible XI (4-2-3-1): De Gea, Wan-Bissaka, Lindelöf, Maguire, Shaw, McTominay, Fred, James, Lingard, Rashford, Martial.