မန်စီးတီးပွဲကြို ပီပီ၊ ဘယ်လာရင်၊ ဆီဘယ်လော့တို့ရဲ့ နောက်ဆုံးရ ဒဏ်ရာအခြေအနေ

ျပိဳင္ပြဲစံု ၁၀ ပြဲဆက္ ရလဒ္မေကာင္း ျဖစ္ေနမႈကို အဆံုးသတ္ႏုိင္ခဲ့တဲ့ အာဆင္နယ္ဟာ ယူရိုပါလိဂ္မွာလည္း ၂-၀ အေရးနိမ့္ေနရာက ေနာက္ကေန ျပန္လိုက္ကစားႏုိင္ခဲ့ျပီး ရံွဴးထြက္ကို အုပ္စုဗိုလ္အျဖစ္ တက္ေရာက္ခဲ့ျပီျဖစ္ပါတယ္။

ဒီကေန႔ည အမ္းမရိတ္မွာ အာဆင္နယ္ဟာ မန္စီးတီးကို ရင္ဆိုင္ကစားရမွာျဖစ္ျပီး အမွတ္ေပးဇယား ရပ္တည္မႈအတြက္ ဒီပြဲမွာ ရလဒ္တစ္ခု ရဖို႔လိုအပ္မွာျဖစ္တယ္။ မန္စီးတီးဘက္မွာ ဒဏ္ရာရကစားသမားေတြ မ်ားေနျပီး ဂၽြန္စတုန္းကလည္း ဒီကေန႔ပြဲကို လိုက္ပါႏုိင္မွာ မဟုတ္ပါဘူး။

အာဆင္နယ္ဘက္မွာလည္း ဒဏ္ရာရ ကစားသမားေတြ မ်ားေနျပီး ယြန္းဘတ္အေနနဲ႔ အသင္း ရလဒ္ေကာင္းေတြ ဆက္တိုက္ရျပီး ယံုၾကည္မႈေတြ ျပန္တက္လာဖို႔ ဒီလို ပြဲေကာင္းမွာ လံု႕ေဆာ္ႏုိင္မႈေတြ လုပ္ဖို႔လိုေနတာျဖစ္တယ္။ ေနာက္ဆံုးရ အာဆင္နယ္ရဲ႕ ဒဏ္ရာရ ကစားသမားမ်ား စာရင္းနဲ႔ ျပန္ကစားႏုိင္မယ့္ ရက္စြဲေတြကို ေဖာ္ျပလိုက္ပါတယ္။

Hector Bellerin

ဝက္ဟမ္းနဲ႔ပြဲမွာ ပြဲထြက္လူစာရင္းအတြက္ ေရြးခ်ယ္ခဲ့ေပမယ့္ ဒဏ္ရာျပန္ရခဲ့တယ္။ လန္ဒန္ဒါဘီမွာ သူ႔ကို စြန္႔စား မသံုးဖို႔ မန္ေနဂ်ာယြန္းဘက္က ဆံုးျဖတ္ခဲ့တာျဖစ္ျပီး ယူရိုပါလိဂ္ပြဲမွာလည္း မပါႏုိင္ခဲ့ကာ မန္စီးတီးပြဲ ပါဝင္မလားက မေသခ်ာတဲ့ အေနအထားျဖစ္ပါတယ္။

Kieran Tierney

စေကာ့တလန္ဘယ္အစြန္လူဟာ ပြဲခ်ိန္ ၂၉ မိနစ္မွာတင္ လူစားလဲခဲ့ရတယ္။ ပုခံုးဒဏ္ရာရခဲ့ျပီး စိတ္မေကာင္းစရာက တီရာေနးဟာ အာဆင္နယ္ရဲ႕ ပြဲေပါင္း ၁၈ ပြဲေလာက္ထိကို လြဲေခ်ာ္မယ့္ ကာလရွည္ ဒဏ္ရာရခဲ့ျခင္း ျဖစ္ပါတယ္။

Dani Ceballos

ဆီးဘယ္ေလာစ့္ဟာ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတာျဖစ္ျပီး ဒီဇင္ဘာလလည္မွာ ျပန္ကစားႏုိင္မယ့္ လို႔ သိထားရတာပါ။ ဒါေၾကာင့္ မန္စီးတီးနဲ႔ပြဲမွာ သူျပန္ပါလာဖို႔ကေတာ့ ေစာေနပါေသးတယ္။ ၾကံ႕ခိုင္မႈ တိုးတက္လာတာကိုေတာ့ သူကိုယ္တုိင္ပဲ ထုတ္ေျပာထားျပီး ေဘာက္ဆင္ေဒးပြဲမွ ျပန္ပါလာႏုိင္ပါတယ္။

Rob Holding – ဘယ္ဘက္ဒူးဒဏ္ရာရေနေၾကာင္း ကလပ္ဘက္က အတည္ျပဳခဲ့တဲ့ ဟိုးဒင္းဟာ ယူရိုပါလိဂ္ပြဲမွာ လိုက္ပါသြားျခင္း မရွိပါဘူး။ သူျပန္ပါလာမယ့္ အခ်ိန္ကေတာ့ မသိရေသးပါဘူး။

မန္စီးတီးနဲ႔ပြဲမွာ ရွာကာ လြဲေခ်ာ္ႏုိင္ျပီး ပီပီရဲ႕ အေျခအေနကေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ကာ ပါႏုိင္မယ္လို႔ ယူဆရတယ္။ ဆိုကေရးတစ္၊ မစ္လန္ေနးနဲ႔ ရိုဝီတို႔ကေတာ့ ၾက့ံခိုင္မႈေတြ ေကာင္းေနပါတယ္။

UNICODE

ပြိုင်ပွဲစုံ ၁၀ ပွဲဆက် ရလဒ်မကောင်း ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ အာဆင်နယ်ဟာ ယူရိုပါလိဂ်မှာလည်း ၂-၀ အရေးနိမ့်နေရာက နောက်ကနေ ပြန်လိုက်ကစားနိုင်ခဲ့ပြီး ရံှူးထွက်ကို အုပ်စုဗိုလ်အဖြစ် တက်ရောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီကနေ့ည အမ်းမရိတ်မှာ အာဆင်နယ်ဟာ မန်စီးတီးကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး အမှတ်ပေးဇယား ရပ်တည်မှုအတွက် ဒီပွဲမှာ ရလဒ်တစ်ခု ရဖို့လိုအပ်မှာဖြစ်တယ်။ မန်စီးတီးဘက်မှာ ဒဏ်ရာရကစားသမားတွေ များနေပြီး ဂျွန်စတုန်းကလည်း ဒီကနေ့ပွဲကို လိုက်ပါနိုင်မှာ မဟုတ်ပါဘူး။

အာဆင်နယ်ဘက်မှာလည်း ဒဏ်ရာရ ကစားသမားတွေ များနေပြီး ယွန်းဘတ်အနေနဲ့ အသင်း ရလဒ်ကောင်းတွေ ဆက်တိုက်ရပြီး ယုံကြည်မှုတွေ ပြန်တက်လာဖို့ ဒီလို ပွဲကောင်းမှာ လုံ့ဆော်နိုင်မှုတွေ လုပ်ဖို့လိုနေတာဖြစ်တယ်။ နောက်ဆုံးရ အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမားများ စာရင်းနဲ့ ပြန်ကစားနိုင်မယ့် ရက်စွဲတွေကို ဖော်ပြလိုက်ပါတယ်။

Hector Bellerin

ဝက်ဟမ်းနဲ့ပွဲမှာ ပွဲထွက်လူစာရင်းအတွက် ရွေးချယ်ခဲ့ပေမယ့် ဒဏ်ရာပြန်ရခဲ့တယ်။ လန်ဒန်ဒါဘီမှာ သူ့ကို စွန့်စား မသုံးဖို့ မန်နေဂျာယွန်းဘက်က ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ယူရိုပါလိဂ်ပွဲမှာလည်း မပါနိုင်ခဲ့ကာ မန်စီးတီးပွဲ ပါဝင်မလားက မသေချာတဲ့ အနေအထားဖြစ်ပါတယ်။

Kieran Tierney

စကော့တလန်ဘယ်အစွန်လူဟာ ပွဲချိန် ၂၉ မိနစ်မှာတင် လူစားလဲခဲ့ရတယ်။ ပုခုံးဒဏ်ရာရခဲ့ပြီး စိတ်မကောင်းစရာက တီရာနေးဟာ အာဆင်နယ်ရဲ့ ပွဲပေါင်း ၁၈ ပွဲလောက်ထိကို လွဲချော်မယ့် ကာလရှည် ဒဏ်ရာရခဲ့ခြင်း ဖြစ်ပါတယ်။

Dani Ceballos

ဆီးဘယ်လောစ့်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး ဒီဇင်ဘာလလည်မှာ ပြန်ကစားနိုင်မယ့် လို့ သိထားရတာပါ။ ဒါကြောင့် မန်စီးတီးနဲ့ပွဲမှာ သူပြန်ပါလာဖို့ကတော့ စောနေပါသေးတယ်။ ကြံ့ခိုင်မှု တိုးတက်လာတာကိုတော့ သူကိုယ်တိုင်ပဲ ထုတ်ပြောထားပြီး ဘောက်ဆင်ဒေးပွဲမှ ပြန်ပါလာနိုင်ပါတယ်။

Rob Holding – ဘယ်ဘက်ဒူးဒဏ်ရာရနေကြောင်း ကလပ်ဘက်က အတည်ပြုခဲ့တဲ့ ဟိုးဒင်းဟာ ယူရိုပါလိဂ်ပွဲမှာ လိုက်ပါသွားခြင်း မရှိပါဘူး။ သူပြန်ပါလာမယ့် အချိန်ကတော့ မသိရသေးပါဘူး။

မန်စီးတီးနဲ့ပွဲမှာ ရှာကာ လွဲချော်နိုင်ပြီး ပီပီရဲ့ အခြေအနေကတော့ စောင့်ကြည့်ရဦးမှာဖြစ်ကာ ပါနိုင်မယ်လို့ ယူဆရတယ်။ ဆိုကရေးတစ်၊ မစ်လန်နေးနဲ့ ရိုဝီတို့ကတော့ ကြံ့ခိုင်မှုတွေ ကောင်းနေပါတယ်။