ပရီးမီးယားလိဂ် အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ပြီးသွားပါပြီ။ – ဂျိုးကိုးလ်

လီဗာပူးက ဝတ္ဖိုဒ့္ကို ၂-၀ နဲ႔ အႏုိင္ရျပီး အနီးကပ္ျပိဳင္ဘက္ လက္စတာက ေနာ္ဝစ္ကို ၁-၁ သေရက်ျခင္းေၾကာင့္ အမွတ္ေပးဇယား ကြာဟခ်က္ဟာ ၁၀ မွတ္အထိ ျမင့္တက္သြားခဲ့ျပီျဖစ္တယ္။

ဒီရလဒ္ေၾကာင့္ လီဗာပူးဟာ ကလပ္မ်ားကမၻာဖလားကေန ျပန္လာခ်ိန္မွာလည္း အမွတ္ေပးဇယားကို ရမွတ္ အမ်ားအျပား ျဖတ္ႏုိင္ဦးမွာျဖစ္ျပီး ခက္ခဲတဲ့ကာလေတြကို အေကာင္းဆံုး ေက်ာ္ျဖတ္ေနတဲ့ လီဗာပူးက ဒီရာသီရဲ႕ ခ်န္ပီယံ ျဖစ္လာလိမ့္မယ္လို႔ ပရီးမီးယားလိဂ္ကစားသမားေဟာင္းၾကီး ဂ်ိဳးကိုးလ္က ေဟာကိန္းထုတ္ခဲ့ပါတယ္။

ဂ်ိဳးကိုးလ္က ‘ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈက ျပီးသြားပါျပီ။ ဘာျပႆနာမွ မရွိဘူးဆိုရင္ ဒီႏွစ္ေတာ့ အမွတ္ေပးဖလားက အန္ဖီးကို ေရာက္လာပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ထပ္ ပြဲနည္းနည္းေလာက္ ဒီလို ထပ္ျဖစ္ဖို႔ေတာ့ လိုတာေပါ့။ ပြဲေတြမွာ ကစားပံု မေကာင္းတဲ့ အခါမွာလည္း အေကာင္းဆံုး ေက်ာ္ျဖတ္ႏုိင္ရမယ္။ ႏုိင္ပြဲေတြက ၾကိဳးစားမႈနဲ႔တင္ မဟုတ္ပဲ လုပ္ေဆာင္ျပႏုိင္မႈလည္း ျဖစ္ရမယ္။ ဒီေန႔ပြဲမွာ လီဗာပူးက သူ႔တို႔ရဲ႕ စရိုက္ေကာင္းကို ျပသခဲ့ပါတယ္။ ‘ လို႔ ခ်ီးက်ဴးခဲ့တယ္။

ဇယားေအာက္ေျခက ဝတ္ဖိုဒ့္ဟာ လီဗာပူးကို မထင္မွတ္ေလာက္ေအာင္ ဒုကၡေပးခဲ့ျပီး အခြင့္အေရးေကာင္းေတြ ရွာေဖြႏုိင္ခဲ့တယ္။ ဆာလက္ရဲ႕ ထူခၽြန္တဲ့ အခိုက္အတန္႔ေတြက လီဗာပူးကို သြင္းဂိုးေတြ ရေစခဲ့တာျဖစ္ျပီး သူ႔ရဲ႕ သြင္းဂိုးေတြက လီဗာပူးႏုိင္ပြဲအတြက္ အဓိက က်ခဲ့ပါတယ္။

ပီတာခေရာ႔က ‘ ယူနုိက္တက္က ႏွစ္ေတြၾကာေအာင္ကို ဒီလို လုပ္ခဲ့ပါတယ္။ သူတို႔ ကစားပံု မေကာင္းေပမယ့္ ရလဒ္ ရယူႏုိင္ခဲ့တယ္။ လီဗာပူးက အရမ္းကို ေကာင္းတဲ့ အေနအထားကို ေရာက္ေနပါတယ္ ‘ လို႔ အတိတ္က ယူႏုိက္တက္ ဆုဖလားေအာင္ျမင္ခ်ိန္ေတြနဲ႔ ႏိႈင္းယွဥ္ျပီး ေထာက္ခံသြားခဲ့တယ္။

ဂ်ိဳးကိုးလ္ကပဲ ‘ လီဗာပူးက မေတာ္တဆေတြ အမ်ားၾကီးကို မွားခဲ့ျပီး ဟန္ဒါဆန္ကလည္း ေပးမႈေတြမွာ စိတ္လႈပ္ရွားေနခဲ့တယ္။ တစ္သင္းလံုးက ကစားပံု မေကာင္းတဲ့ အေျခအေနထိ အမွားေတြရွိခဲ့ေပမယ့္ သူတို႔ အႏုိင္ရခဲ့တယ္။ ဒါက ဖန္တရာေတးေနတဲ့ စကားျဖစ္ႏုိင္ေပမယ့္ အမွတ္ေပးဖလားကို အႏုိင္ရလိုတယ္ဆိုရင္ ဒီလိုပြဲမ်ိဳးကိုလည္း ႏုိင္ရပါမယ္ ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

UNICODE

လီဗာပူးက ဝတ်ဖိုဒ့်ကို ၂-၀ နဲ့ အနိုင်ရပြီး အနီးကပ်ပြိုင်ဘက် လက်စတာက နော်ဝစ်ကို ၁-၁ သရေကျခြင်းကြောင့် အမှတ်ပေးဇယား ကွာဟချက်ဟာ ၁၀ မှတ်အထိ မြင့်တက်သွားခဲ့ပြီဖြစ်တယ်။

ဒီရလဒ်ကြောင့် လီဗာပူးဟာ ကလပ်များကမ္ဘာဖလားကနေ ပြန်လာချိန်မှာလည်း အမှတ်ပေးဇယားကို ရမှတ် အများအပြား ဖြတ်နိုင်ဦးမှာဖြစ်ပြီး ခက်ခဲတဲ့ကာလတွေကို အကောင်းဆုံး ကျော်ဖြတ်နေတဲ့ လီဗာပူးက ဒီရာသီရဲ့ ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ပရီးမီးယားလိဂ်ကစားသမားဟောင်းကြီး ဂျိုးကိုးလ်က ဟောကိန်းထုတ်ခဲ့ပါတယ်။

ဂျိုးကိုးလ်က ‘ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုက ပြီးသွားပါပြီ။ ဘာပြဿနာမှ မရှိဘူးဆိုရင် ဒီနှစ်တော့ အမှတ်ပေးဖလားက အန်ဖီးကို ရောက်လာပါလိမ့်မယ်။ ဒါပေမယ့် နောက်ထပ် ပွဲနည်းနည်းလောက် ဒီလို ထပ်ဖြစ်ဖို့တော့ လိုတာပေါ့။ ပွဲတွေမှာ ကစားပုံ မကောင်းတဲ့ အခါမှာလည်း အကောင်းဆုံး ကျော်ဖြတ်နိုင်ရမယ်။ နိုင်ပွဲတွေက ကြိုးစားမှုနဲ့တင် မဟုတ်ပဲ လုပ်ဆောင်ပြနိုင်မှုလည်း ဖြစ်ရမယ်။ ဒီနေ့ပွဲမှာ လီဗာပူးက သူ့တို့ရဲ့ စရိုက်ကောင်းကို ပြသခဲ့ပါတယ်။ ‘ လို့ ချီးကျူးခဲ့တယ်။

ဇယားအောက်ခြေက ဝတ်ဖိုဒ့်ဟာ လီဗာပူးကို မထင်မှတ်လောက်အောင် ဒုက္ခပေးခဲ့ပြီး အခွင့်အရေးကောင်းတွေ ရှာဖွေနိုင်ခဲ့တယ်။ ဆာလက်ရဲ့ ထူချွန်တဲ့ အခိုက်အတန့်တွေက လီဗာပူးကို သွင်းဂိုးတွေ ရစေခဲ့တာဖြစ်ပြီး သူ့ရဲ့ သွင်းဂိုးတွေက လီဗာပူးနိုင်ပွဲအတွက် အဓိက ကျခဲ့ပါတယ်။

ပီတာခရော့က ‘ ယူနိုက်တက်က နှစ်တွေကြာအောင်ကို ဒီလို လုပ်ခဲ့ပါတယ်။ သူတို့ ကစားပုံ မကောင်းပေမယ့် ရလဒ် ရယူနိုင်ခဲ့တယ်။ လီဗာပူးက အရမ်းကို ကောင်းတဲ့ အနေအထားကို ရောက်နေပါတယ် ‘ လို့ အတိတ်က ယူနိုက်တက် ဆုဖလားအောင်မြင်ချိန်တွေနဲ့ နှိုင်းယှဉ်ပြီး ထောက်ခံသွားခဲ့တယ်။

ဂျိုးကိုးလ်ကပဲ ‘ လီဗာပူးက မတော်တဆတွေ အများကြီးကို မှားခဲ့ပြီး ဟန်ဒါဆန်ကလည်း ပေးမှုတွေမှာ စိတ်လှုပ်ရှားနေခဲ့တယ်။ တစ်သင်းလုံးက ကစားပုံ မကောင်းတဲ့ အခြေအနေထိ အမှားတွေရှိခဲ့ပေမယ့် သူတို့ အနိုင်ရခဲ့တယ်။ ဒါက ဖန်တရာတေးနေတဲ့ စကားဖြစ်နိုင်ပေမယ့် အမှတ်ပေးဖလားကို အနိုင်ရလိုတယ်ဆိုရင် ဒီလိုပွဲမျိုးကိုလည်း နိုင်ရပါမယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။