ရပ်ဖိုဒ့်၊ မာရှယ်၊ ဂျိမ်းတိုက်စစ်ကို ဂန္တဝင်တိုက်စစ်သုံးယောက်တန်းနဲ့ နှိုင်းယှဉ်ခဲ့တဲ့ ဆိုးရှား

မန္ေနဂ်ာဆိုးရွားဟာ လက္တေလာ ကလပ္အသင္းအတြက္ ေျခစြမ္းျပေနျပီး ကစားသမားဘဝ တစ္ရာသီ အေကာင္းဆံုး သြင္းဂိုးစံခ်ိန္ကို ျပန္မွီခဲ့ျပီျဖစ္တဲ့ ရပ္ဖိုဒ့္အား အထူးခ်ီးက်ဴးမႈ လုပ္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ယူႏုိက္တက္မွာ ေရာ္နယ္ဒိုရွိစဥ္ အသက္အရြယ္အလိုက္ ဂိုးယူႏုိင္ခဲ့တဲ့ ဂိုးသြင္းႏႈန္းနဲ႔ အေတာ္ကို တူညီတဲ့ သြင္းဂိုးကို ပိုင္ဆိုင္ထားတာပါ။ ရုပ္ပိုင္းဆိုင္ရာ လွ်င္ျမန္ သန္မာမႈလည္း ဆင္တူသလို ကစားတဲ့ေနရာနဲ႔ ကစားဟန္ေတြလည္း ဆင္တူတယ္လို႔ ဆိုးရွားက ရွင္းျပခဲ့တယ္။

ဆိုးရွားက ” လက္ရွိမွာ ရပ္ဖိုဒ့္က ေရာ္နယ္ဒိုလို ျဖစ္လာမယ္ ေျပာဖို႔ ခက္ေပမယ့္ သူ႔ရဲ႕ ကြင္းထဲက လႈပ္ရွားမႈအရ သူနဲ႔ ေရာ္နယ္ဒိုၾကားမွာ တူညီမႈေတြ ရွိပါတယ္။ သူက ကြင္းလယ္တိုက္စစ္မွာေကာ နံပါတ္ ၉ တိုက္စစ္ေနရာပါ ကစားႏုိင္တယ္။ ဘယ္ေတာင္ပံကေန အတြင္းကို ခ်ိဳးဝင္ျပီး ဂိုးသြင္းႏုိင္စြမ္းရွိတယ္။ ေရာနယ္ဒို အသင္းကို ေရာက္လာစတုန္းကလို ညာေတာင္ပံတိုက္စစ္မွာလည္း ကစားႏုိင္သူ ျဖစ္ပါတယ္။

ရပ္ဖိုဒ့္ဟာ ေရာ္နယ္ဒိုနဲ႔ တူညီတဲ့ ခႏၶာကိုယ္တည္ေဆာက္ပံု ၾကံ႕ခိုင္မႈေတြကို ပိုင္ဆိုင္ထားျပီး ကစားပံုလည္း ဆင္တူပါတယ္။ သူတို႔ ကစားခဲ့တဲ့ပြဲေတြအေပၚ မူတည္ျပီး သြင္းယူႏုိင္ခဲ့တဲ့ သြင္းဂိုးႏႈန္းကလည္း တူညီပါတယ္ ” လို႔ ဆိုးရွားက ျမင္ပါတယ္။

ယူႏုိက္တက္ရဲ႕ လက္ရွိ တိုက္စစ္တြဲလံုးဟာ အတိတ္က ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ရြန္းနီ၊ ေရာ္နယ္ဒို၊ တီဗက္ဇ္ တိုက္စစ္အတြဲလို အလိုက္သင့္ ေရြ႔လ်ားကစားႏုိင္ျပီး ျပိဳင္ဘက္ေတြကို လွ်င္ျမန္စြာ ထိုးေဖာက္ႏုိင္စြမ္းရွိတယ္လို႔လည္း ယူႏုိက္တက္မန္ေနဂ်ာၾကီးက ျမင္ပါတယ္။

ဆိုးရွားက ” အကယ္လို႔ ရပ္ဖိုဒ့္က ေက်ာ္ျဖတ္ေျပးတဲ့အခါ မာရွယ္က ေနရာလြတ္ေတြရမွာျဖစ္ျပီး ျပိဳင္ဘက္ေတြကို ျပန္႔ကားသြားေစပါတယ္။ ဆန္႔က်င္ဘက္ေတြအျဖစ္ မာရွယ္နဲ႔ ဂ်ိမ္းက ျပိဳင္ဘက္ေတြကို ျဖတ္ေက်ာ္ေျပးတဲ့အခါ ရပ္ဖိုဒ့္အတြက္ ေဘာလံုးကစားခြင့္ရေစပါတယ္။

က်ေန္ာတို႔မွာ ေရာ္နယ္ဒို၊ ရြန္းနီနဲ႔ တီဗက္ဇ္တို႔ တုန္းကလို တိုက္စစ္နဲ႔ ဆင္တူတဲ့ တိုက္စစ္ကစားဟန္ရွိတဲ့ ကစားသမားေတြကို ပိုင္ဆိုင္ထားတာျဖစ္တယ္။ သူတို႔ဟာ လွ်င္ျမန္ျပီး ေဘာလံုးကို အလိုက္သင့္ကစားကာ ေနရာေတြ ေရြ႔ကစားႏုိင္စြမ္း ရွိၾကပါတယ္ ” လို႔ ႏိႈင္းယွဥ္ျပသြားခဲ့တာ ျဖစ္ပါတယ္။

UNICODE

မန်နေဂျာဆိုးရှားဟာ လက်တလော ကလပ်အသင်းအတွက် ခြေစွမ်းပြနေပြီး ကစားသမားဘဝ တစ်ရာသီ အကောင်းဆုံး သွင်းဂိုးစံချိန်ကို ပြန်မှီခဲ့ပြီဖြစ်တဲ့ ရပ်ဖိုဒ့်အား အထူးချီးကျူးမှု လုပ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ရော်နယ်ဒိုရှိစဉ် အသက်အရွယ်အလိုက် ဂိုးယူနိုင်ခဲ့တဲ့ ဂိုးသွင်းနှုန်းနဲ့ အတော်ကို တူညီတဲ့ သွင်းဂိုးကို ပိုင်ဆိုင်ထားတာပါ။ ရုပ်ပိုင်းဆိုင်ရာ လျှင်မြန် သန်မာမှုလည်း ဆင်တူသလို ကစားတဲ့နေရာနဲ့ ကစားဟန်တွေလည်း ဆင်တူတယ်လို့ ဆိုးရှားက ရှင်းပြခဲ့တယ်။

ဆိုးရှားက ” လက်ရှိမှာ ရပ်ဖိုဒ့်က ရော်နယ်ဒိုလို ဖြစ်လာမယ် ပြောဖို့ ခက်ပေမယ့် သူ့ရဲ့ ကွင်းထဲက လှုပ်ရှားမှုအရ သူနဲ့ ရော်နယ်ဒိုကြားမှာ တူညီမှုတွေ ရှိပါတယ်။ သူက ကွင်းလယ်တိုက်စစ်မှာကော နံပါတ် ၉ တိုက်စစ်နေရာပါ ကစားနိုင်တယ်။ ဘယ်တောင်ပံကနေ အတွင်းကို ချိုးဝင်ပြီး ဂိုးသွင်းနိုင်စွမ်းရှိတယ်။ ရောနယ်ဒို အသင်းကို ရောက်လာစတုန်းကလို ညာတောင်ပံတိုက်စစ်မှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။

ရပ်ဖိုဒ့်ဟာ ရော်နယ်ဒိုနဲ့ တူညီတဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ကြံ့ခိုင်မှုတွေကို ပိုင်ဆိုင်ထားပြီး ကစားပုံလည်း ဆင်တူပါတယ်။ သူတို့ ကစားခဲ့တဲ့ပွဲတွေအပေါ် မူတည်ပြီး သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးနှုန်းကလည်း တူညီပါတယ် ” လို့ ဆိုးရှားက မြင်ပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ တိုက်စစ်တွဲလုံးဟာ အတိတ်က အောင်မြင်ကျော်ကြားခဲ့တဲ့ ရွန်းနီ၊ ရော်နယ်ဒို၊ တီဗက်ဇ် တိုက်စစ်အတွဲလို အလိုက်သင့် ရွေ့လျားကစားနိုင်ပြီး ပြိုင်ဘက်တွေကို လျှင်မြန်စွာ ထိုးဖောက်နိုင်စွမ်းရှိတယ်လို့လည်း ယူနိုက်တက်မန်နေဂျာကြီးက မြင်ပါတယ်။

ဆိုးရှားက ” အကယ်လို့ ရပ်ဖိုဒ့်က ကျော်ဖြတ်ပြေးတဲ့အခါ မာရှယ်က နေရာလွတ်တွေရမှာဖြစ်ပြီး ပြိုင်ဘက်တွေကို ပြန့်ကားသွားစေပါတယ်။ ဆန့်ကျင်ဘက်တွေအဖြစ် မာရှယ်နဲ့ ဂျိမ်းက ပြိုင်ဘက်တွေကို ဖြတ်ကျော်ပြေးတဲ့အခါ ရပ်ဖိုဒ့်အတွက် ဘောလုံးကစားခွင့်ရစေပါတယ်။

ကျနေ်ာတို့မှာ ရော်နယ်ဒို၊ ရွန်းနီနဲ့ တီဗက်ဇ်တို့ တုန်းကလို တိုက်စစ်နဲ့ ဆင်တူတဲ့ တိုက်စစ်ကစားဟန်ရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားတာဖြစ်တယ်။ သူတို့ဟာ လျှင်မြန်ပြီး ဘောလုံးကို အလိုက်သင့်ကစားကာ နေရာတွေ ရွေ့ကစားနိုင်စွမ်း ရှိကြပါတယ် ” လို့ နှိုင်းယှဉ်ပြသွားခဲ့တာ ဖြစ်ပါတယ်။