ဝီလီယံ စာချုပ်သစ်ကိစ္စ ဆွေးနွေးရတာ အချိန်ကောင်း မဟုတ်ကြောင်း လမ်းပတ် ဝန်ခံ

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က တောင်ပံတိုက်စစ်သမား ဝီလီယံ ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် လောလောဆယ် အချိန်ကောင်း မဟုတ်ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။ လမ်းပတ် ချယ်ဆီးအသင်းသားတွေရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်များ မချရသေးကြောင်းလည်း ဆိုခဲ့ပါတယ်။

ဝီလီယံက ဒီတပတ်ထဲမှာပဲ ဘရာဇီးမီဒီယာ တစ်ခုနဲ့ အင်တာဗျူးမှာ ချယ်ဆီးနဲ့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှုများနဲ့ အသင်းပြောင်းဖွယ် ရှိသည့် အကြောင်း ဖွင့်ဟခဲ့ပါတယ်။ အသင်းဘက်က နှစ်နှစ် သက်တမ်းတိုး လိုပေမယ့် ဝီလီယံ က သုံးနှစ် သက်တမ်းတိုး လိုတာကြောင့် ညှိနှိုင်းလို့ မရသေးဘဲ ရှိနေပါတယ်။

လမ်းပတ်က ဝီလီယံရဲ့ ဖွင့်ဟမှုများ အကြောင်း ပြန်လည် ရှင်းချက် ထုတ်ဖို့ ငြင်းဆန်ခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဆိုတာနဲ့ လက်ရှိ အသင်း လူစာရင်းအပေါ် ဆုံးဖြတ်ချက်များ မချရသေးကြောင်း ပြောဆိုခဲ့ပါတယ်။

” ဝီလီယံ စာချုပ်သစ်က ဆက်လုပ်နေဆဲ ဆွေးနွေးမှုပါ။ အခုက ဆွေးနွေးညှိနှိုင်းဖို့ အချိန်ကောင်း မဟုတ်ပေမယ့် ကျနော် ဒီထက် ပို ပါဝင် မပြောဆိုလိုပါဘူး။ ကျနော်က ဒီအသင်းရဲ့ မန်နေဂျာ ဖြစ်တယ်။ လောလောဆယ်မှာ သိပ်ကြီး အဝေးကြီးကို ကြည့်လို့ မရသေးပါဘူး။

ဒီတပတ်ထဲ သတင်းခေါင်းစီးတွေကတော့ ကျနော့်ကို စိတ်တိုစေတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့မှာ ဘောလုံးရာသီ ပြီးဆုံးသည်ထိ သွားဖို့ တစ်ရက်ချင်း ပြင်ဆင် အလုပ် လုပ်နေရတယ်။ ကျနော်တို့ နွေကို ကျော်ပြီး လုပ်နေလို့ မရပါဘူး။ ဝီလီယံ ကိစ္စကလည်း လုပ်နေဆဲ အလုပ် တစ်ခု ဖြစ်တယ် မပြီးသေးဘူး။ ဒီတော့ ကျနေ်ာတို့ စောင့်ကြည့်ရဦးမှာပါ။ ” လို့ လမ်းပတ်က ဆိုပါတယ်။

ချယ်ဆီးအသင်းဟာ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် သေချာဖို့ အတွက် လက်ရှိ အဆင့် ၄ နေရာ မြဲမြံစွာ ဆက်ထိန်းထားဖို့ လိုအပ်နေပြီး နောက်တစ်ပတ်မှာလည်း လီဗာပူးနဲ့ ထိပ်တိုက်တွေ့ဖို့ ရှိတာကြောင့် သေချာ ပြင်ဆင်ရဦးမှာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ေတာင္ပံတိုက္စစ္သမား ၀ီလီယံ ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေပမယ့္ ေလာေလာဆယ္ အခ်ိန္ေကာင္း မဟုတ္ေၾကာင္း ၀န္ခံ ေျပာၾကားခဲ့ပါတယ္။ လမ္းပတ္ ခ်ယ္ဆီးအသင္းသားေတြရဲ႕ အနာဂတ္နဲ႕ ပတ္သတ္ျပီး ဆံုးျဖတ္ခ်က္မ်ား မခ်ရေသးေၾကာင္းလည္း ဆိုခဲ့ပါတယ္။

၀ီလီယံက ဒီတပတ္ထဲမွာပဲ ဘရာဇီးမီဒီယာ တစ္ခုနဲ႕ အင္တာဗ်ဴးမွာ ခ်ယ္ဆီးနဲ႕ စာခ်ဳပ္သစ္ ကိစၥ ေဆြးေႏြးမႈမ်ားနဲ႕ အသင္းေျပာင္းဖြယ္ ရွိသည့္ အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ အသင္းဘက္က နွစ္နွစ္ သက္တမ္းတိုး လိုေပမယ့္ ၀ီလီယံ က သံုးနွစ္ သက္တမ္းတိုး လိုတာေၾကာင့္ ညွိနိႈင္းလို႔ မရေသးဘဲ ရွိေနပါတယ္။

လမ္းပတ္က ၀ီလီယံရဲ႕ ဖြင့္ဟမႈမ်ား အေၾကာင္း ျပန္လည္ ရွင္းခ်က္ ထုတ္ဖုိ႔ ျငင္းဆန္ခဲ့ျပီး ေဆြးေႏြးညွိနိႈင္းမႈမ်ား ဆက္လက္ လုပ္ေဆာင္ေနဆဲ ဆိုတာနဲ႕ လက္ရွိ အသင္း လူစာရင္းအေပၚ ဆံုးျဖတ္ခ်က္မ်ား မခ်ရေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” ၀ီလီယံ စာခ်ဳပ္သစ္က ဆက္လုပ္ေနဆဲ ေဆြးေႏြးမႈပါ။ အခုက ေဆြးေႏြးညွိနိႈင္းဖို႔ အခ်ိန္ေကာင္း မဟုတ္ေပမယ့္ က်ေနာ္ ဒီထက္ ပို ပါ၀င္ မေျပာဆိုလိုပါဘူး။ က်ေနာ္က ဒီအသင္းရဲ႕ မန္ေနဂ်ာ ျဖစ္တယ္။ ေလာေလာဆယ္မွာ သိပ္ၾကီး အေ၀းၾကီးကို ၾကည့္လို႔ မရေသးပါဘူး။

ဒီတပတ္ထဲ သတင္းေခါင္းစီးေတြကေတာ့ က်ေနာ့္ကို စိတ္တိုေစတာေပါ့။ ဘာျဖစ္လို႔လဲ ဆိုေတာ့ က်ေနာ္တို႔မွာ ေဘာလံုးရာသီ ျပီးဆံုးသည္ထိ သြားဖို႔ တစ္ရက္ခ်င္း ျပင္ဆင္ အလုပ္ လုပ္ေနရတယ္။ က်ေနာ္တို႔ ေႏြကို ေက်ာ္ျပီး လုပ္ေနလို႔ မရပါဘူး။ ၀ီလီယံ ကိစၥကလည္း လုပ္ေနဆဲ အလုပ္ တစ္ခု ျဖစ္တယ္ မျပီးေသးဘူး။ ဒီေတာ့ က်ေန္ာတို႔ ေစာင့္ၾကည့္ရဦးမွာပါ။ ” လုိ႔ လမ္းပတ္က ဆိုပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေသခ်ာဖို႔ အတြက္ လက္ရွိ အဆင့္ ၄ ေနရာ ျမဲျမံစြာ ဆက္္ထိန္းထားဖို႔ လိုအပ္ေနျပီး ေနာက္တစ္ပတ္မွာလည္း လီဗာပူးနဲ႕ ထိပ္တိုက္ေတြ႔ဖို႔ ရွိတာေၾကာင့္ ေသခ်ာ ျပင္ဆင္ရဦးမွာ ျဖစ္ပါတယ္။