လော့တပ်ချိစ်ကို ဘာလို့ ထုတ်မသုံးသေးသလဲဆိုတာကို ရှင်းပြသွားတဲ့ ဖရန့်လမ်းပတ်

ဘုန်းမောက်နဲ့ပွဲမှာ ကွင်းလယ်လူ လော့တပ်ချိစ်ကို လူစားဝင် ကစားသမားအဖြစ် ထုတ်သုံးနိုင်ကြောင်းကို မန်နေဂျာ လမ်းပတ်က ပွဲကြိုမှာ ထုတ်ပြောခဲ့ပါတယ်။

ဒဏ်ရာက ပြန်သက်သာလာနေပြီဖြစ်တဲ့ လော့တပ်ချိစ်ဟာ လူငယ်ပွဲတွေမှာ စတင်ကာ ပါဝင်နေပြီဖြစ်ပေမယ့် ပွဲကြီးတွေမှာတော့ မပါနိုင်သေးပါဘူး။ သူဟာ ဘိုင်ယန်မြူးနစ်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့သေးပေမယ့်လည်း ပါဝင်နိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။

” မနက်ဖြန်အတွက် ရူဘင်က လူစာရင်းမှာ ထပ်ပါဦးမှာပါ။ ကျနေ်ာတို့ အလိုရှိတဲ့အတိုင်း ပွဲတွေထဲမှာ ရူဘင်ကို အချိန်ပေးဖို့တော့ အခွင့်အရေး မရထားပါဘူး။ ” လို့ လမ်းပတ်က ပွဲကြိုအတွက် ကလပ်အသင်း ဝဘ်ဆိုဒ်ကနေ ပြောဆိုပါတယ်။

” စပါးနဲ့ ရင်ဆိုင်ရတဲ့ပွဲမှာလည်း အကျိုးသက်ရောက်မှု ရှိမယ်လို့ ခံစားခဲ့ရပေမယ့် ဘိုင်ယန်နဲ့ ပွဲမှာ ထုတ်သုံးဖို့တော့ ခက်ခဲခဲ့ပါတယ်။ လေ့ကျင့်ရေးတွေမှာ ကောင်းမွန်တာတွေ လုပ်နိုင်တဲ့ သူ့အတွက် ခြားနားတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ဆောင်ထားပါတယ်။

သူ ပြန်လာနိုင်တာက အရမ်းကို အရေးပါပါတယ်။ အချိန်ကြာကြီး တစ်ယောက်ထဲ ရှိနေရတာက အထီးကျန်လွန်းပါတယ်။ မနှစ်တုန်းက သူက အရမ်း ကောင်းကောင်း ကစားခဲ့ပြီး သူ ကစားတာကလည်း အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ပထမအသင်းထံ ရောက်လာတဲ့ သူ့ရဲ့ ယုံကြည်ချက်နဲ့ တိုးတက်မှုကို အားလုံးလည်း မြင်နိုင်ပါတယ်။

သူက အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ်က အင်္ဂလန် ကွင်းလယ်လူတွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကွင်းလယ်လူတစ်ဦး ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ သူ့ရဲ့ ပါဝင်ပက်သက်မှုတွေက အရမ်းကို ကောင်းပါတယ် ” လို့ လမ်းပတ်က ဆိုခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ မေလတုန်းက နယူးအင်္ဂလန်နဲ့ ချစ်ကြည်ရေးပွဲမှာ ခြေထောက် ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အဆိုပါ ကာလနောက်ပိုင်း ပြန်သက်သာလာဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။

ZAWGYI

ဘုန္းေမာက္နဲ႔ပြဲမွာ ကြင္းလယ္လူ ေလာ့တပ္ခ်ိစ္ကို လူစားဝင္ ကစားသမားအျဖစ္ ထုတ္သံုးႏုိင္ေၾကာင္းကို မန္ေနဂ်ာ လမ္းပတ္က ပြဲၾကိဳမွာ ထုတ္ေျပာခဲ့ပါတယ္။

ဒဏ္ရာက ျပန္သက္သာလာေနျပီျဖစ္တဲ့ ေလာ့တပ္ခ်ိစ္ဟာ လူငယ္ပြဲေတြမွာ စတင္ကာ ပါဝင္ေနျပီျဖစ္ေပမယ့္ ပြဲၾကီးေတြမွာေတာ့ မပါႏုိင္ေသးပါဘူး။ သူဟာ ဘိုင္ယန္ျမဴးနစ္ပြဲၾကိဳ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ပါဝင္ခဲ့ေသးေပမယ့္လည္း ပါဝင္ႏုိင္ခ့ဲျခင္း မရွိတာ ျဖစ္ပါတယ္။

” မနက္ျဖန္အတြက္ ရူဘင္က လူစာရင္းမွာ ထပ္ပါဦးမွာပါ။ က်ေန္ာတို႔ အလိုရွိတဲ့အတိုင္း ပြဲေတြထဲမွာ ရူဘင္ကို အခ်ိန္ေပးဖို႔ေတာ့ အခြင့္အေရး မရထားပါဘူး။ ” လို႔ လမ္းပတ္က ပြဲၾကိဳအတြက္ ကလပ္အသင္း ဝဘ္ဆုိဒ္ကေန ေျပာဆိုပါတယ္။

” စပါးနဲ႔ ရင္ဆုိင္ရတဲ့ပြဲမွာလည္း အက်ိဳးသက္ေရာက္မႈ ရွိမယ္လို႔ ခံစားခ့ဲရေပမယ့္ ဘိုင္ယန္နဲ႔ ပြဲမွာ ထုတ္သံုးဖို႔ေတာ့ ခက္ခဲခဲ့ပါတယ္။ ေလ့က်င့္ေရးေတြမွာ ေကာင္းမြန္တာေတြ လုပ္ႏုိင္တဲ့ သူ႔အတြက္ ျခားနားတဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ေဆာင္ထားပါတယ္။

သူ ျပန္လာႏုိင္တာက အရမ္းကို အေရးပါပါတယ္။ အခ်ိန္ၾကာၾကီး တစ္ေယာက္ထဲ ရွိေနရတာက အထီးက်န္လြန္းပါတယ္။ မႏွစ္တုန္းက သူက အရမ္း ေကာင္းေကာင္း ကစားခဲ့ျပီး သူ ကစားတာကလည္း အရမ္းေကာင္းတယ္လို႔ ထင္ပါတယ္။ ပထမအသင္းထံ ေရာက္လာတဲ့ သူ႔ရဲ႕ ယံုၾကည္ခ်က္နဲ႔ တိုးတက္မႈကို အားလံုးလည္း ျမင္ႏုိင္ပါတယ္။

သူက အရည္အခ်င္းေကာင္းေတြကို ပိုင္ဆုိင္ထားျပီး ပရီးမီးယားလိဂ္က အဂၤလန္ ကြင္းလယ္လူေတြထဲမွာ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး ကြင္းလယ္လူတစ္ဦး ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူ႔ရဲ႕ ပါဝင္ပက္သက္မႈေတြက အရမ္းကို ေကာင္းပါတယ္ ” လို႔ လမ္းပတ္က ဆိုခဲ့တာျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ေမလတုန္းက နယူးအဂၤလန္နဲ႔ ခ်စ္ၾကည္ေရးပြဲမွာ ေျခေထာက္ ဒဏ္ရာ ရခဲ့တာျဖစ္ျပီး အဆိုပါ ကာလေနာက္ပိုင္း ျပန္သက္သာလာဖို႔ ၾကိဳးစားေနရတာ ျဖစ္ပါတယ္။