ခြေစွမ်းမကောင်းပေမယ့် ဝတ်ဖိုဒ့်ကို ဂိုးပြတ်အနိုင်ယူပြီး နိုင်ပွဲဆက်မှု ဆက်ထိန်းသွားတဲ့ လီဗာပူး

အန္ဖီးကြင္းမွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁၇ အျဖစ္ ဝတ္ဖိုဒ့္ကို ဧည့္ခံကစားရာမွာ လီဗာပူးက ဆာလက္ရဲ႕ သြင္းဂိုး ႏွစ္ဂိုးနဲ႔အတူ ၂-၀ ဆိုတဲ့ ရလဒ္ျဖင့္ အႏုိင္ရကာ အမွတ္ေပးဇယားမွာ ရမွတ္ျဖတ္မႈကို ပိုမ်ားေစခဲ့ျပီျဖစ္ပါတယ္။

ေတာင္ပံသမားေတြ ပြဲဆက္ေနမႈအေပၚ ကစားအား ေခၽြတာလိုတဲ့ လီဗာပူးဟာ မီလ္နာကို ဘယ္အစြန္ထုတ္ျပီး ကြင္းလယ္မွာ တိုက္စစ္လိုက္ဖို႔ ရွာကီြရီကို ထည့္သြင္းကာ ခံစစ္မွာ ဂိုးမက္စ္ကို ထုတ္သံုးတာကလြဲလို႔ မေျပာင္းလဲတဲ့ လူစာရင္းနဲ႔ ပြဲထြက္ခဲ့တယ္။ ဒီေန႔ပြဲ အရန္ခံုမွာေတာ့ ဗဟိုခံစစ္မွဴး တစ္ဦးမွေတာင္ မရွိေတာ့တာကိုလည္း ျမင္ခဲ့ရပါတယ္။

လီဗာပူးရဲ႕ ထံုးစံအတိုင္း ပြဲကို ပိုင္ဆိုင္မႈ ထိန္းခ်ဳပ္ထားျပီး ခံစစ္လိုင္းက ေဘာလံုးကိုင္ကာ ထိုးေဖာက္မႈေတြ လုပ္ဖို႔ စတင္ၾကိဳးစားပါတယ္။ ပြဲစျပီး မၾကာခင္မွာတင္ လီဗာပူးက အခြင့္အေရးေတြရေပမယ့္ ျပိဳင္ဘက္ ဝတ္ဖိုဒ့္ကလည္း အခြင့္အေရးေတြ ျပန္ျပန္ယူႏုိင္ခဲ့တယ္။ လီဗာပူးဟာ ေဘာလံုးေပးမႈေတြ အေတာ္အပ်က္မ်ားျပီး တိုက္စစ္သံုးေယာက္ တြဲဘက္ရာမွာလည္း အမွားအေတာ္မ်ားခဲ့တယ္။

အဖြင့္ဂိုးဟာ ေကာင္တာျပန္တိုက္ရာက မာေနး သယ္လာေပးတဲ့ ေဘာလံုးကို တိုက္စစ္က ဆာလက္ကို ေပးပို႔ခဲ့ျပီး အီဂ်စ္တိုက္စစ္သမား ထူးထူးခၽြန္ခၽြန္ပဲ အဆံုးသတ္ႏုိင္ခဲ့ျခင္းေၾကာင့္ ရခဲ့တာပါ။ ဝတ္ဖိုဒ့္ဘက္ကလည္း အခြင့္အေရးေတြ အေတာ္ယူႏုိင္ခဲ့ျပီး တိုက္စစ္သမားဆာ အေတာ္ညံ့ေနလို႔ပဲ လီဗာပူးဘက္က ကံေကာင္းခဲ့တာပါ။ ဂိုးသမား အယ္လီဆန္ကလည္း ေနရာယူမႈေကာင္းေတြနဲ႔ ကာကြယ္မႈေတြ ႏွစ္ၾကိမ္ေလာက္ထိ လုပ္ခဲ့ရပါတယ္။

ဒုတိယပိုင္းမွာ လီဗာပူးက ကစားပံု တင္ကစားခဲ့ျပီး ပြဲအစပိုင္းမွာ ၾကည့္ေကာင္းခဲ့ကာ မာေနး ထူးခၽြန္စြာ ေခါင္းတိုက္ခဲ့ေပမယ့္ VAR က ပယ္ဖ်က္ခဲ့တယ္။ VAR နဲ႔ ျပန္လည္ စစ္ေဆးရာမွာ မာေန တင္ပါးစြန္း အနည္းငယ္ ကြၽံေနတာေၾကာင့္ လူကြၽံေဘာ သတ္မွတ္ေပးကာ ဂိုးအျဖစ္က ပယ္ဖ်က္လိုက္ပါတယ္။ ဒီပြဲမွာ လီဗာပူးဘက္က ဆာလက္ကို ဝတ္ဖိုဒ့္ ကစားသမားေတြ အေတာ္ကို လူဆြဲခဲ့ျပီး ဘယ္လို ျပစ္ဒဏ္မွ မရခဲ့ျခင္းကို ယာဂင္ကေလာ့ပ္ ကြင္းျပင္မွာ အေတာ္ ေဒါသထြက္ေနခဲ့ပါတယ္။

ဂီနီဒဏ္ရာရသြားတာေၾကာင့္ ေရာ္ဘတ္ဆန္ ဝင္လာျပီး မီလ္နာကို ကြင္းလယ္ခံစစ္ေနရာ ပိုခဲ့တယ္။ ဒီပြဲမွာ ဟန္ဒါဆန္ အေဝးေပးမႈေကာင္းေတြ လုပ္ျပခဲ့ေပမယ့္ ဧရိယာေနာက္က အေဝးကန္ခ်က္ေတြက မိုးထိုးခဲ့သလို လူေပးလည္း မၾကာခဏ မွားယြင္းခဲ့တယ္။ သူတင္မကပဲ ခံစစ္က ဗန္ဒိုက္ ကိုယ္ဂိုးကိုယ္ သြင္းမိမလို ျဖစ္ခဲ့သလို ကာကြယ္မႈေကာင္းေတြ လုပ္ျပေနတဲ့ ဂိုးမက္စ္ကလည္း အမွားေတြ လုပ္ခဲ့ေသးတာပါ။

ရွာကီြရီေနရာ ခ်ိန္ဘာလိန္ ဝင္လာေပမယ့္ ကစားပံုက တက္မလာခဲ့တာေၾကာင့္ အစီအစဥ္ ေၾကညာသူက အန္ဖီးမွာ လီဗာပူး ထူးထူးျခားျခား ေၾကာက္ရြံ႔ေနတယ္လို႔ေတာင္ ေျပာခဲ့ရျပီး လီဗာပူးဟာ ဆိုးဆိုးရြားရြား ေဘာလံုးအပ်က္မ်ားတဲ့ ပြဲတစ္ပြဲကို ကစားခဲ့ျခင္းျဖစ္တယ္။ တိုက္စစ္တြဲဘက္ေတြကို အေကာင္းဆံုး ပံ့ပိုးေပးေနတဲ့ ဖာမင္ႏိုကိုယ္တိင္ ဧရိယာထဲ အဆံုးသတ္မႈေတြမွာ အေတာ္ကိုခ်ာေနခဲ့တာျဖစ္တယ္။

မိနစ္ ၈၈ ေက်ာ္မွာ အိုရီဂီက ဖာမင္ႏိုေနရာ အစားဝင္လာျပီး မိနစ္ ၉၀ မွာပဲ ဆာလက္က သြင္းဂိုး ရခဲ့ပါတယ္။ ေတာင္ပံက မာေနး ခ်ိဳးခ်ေပးတဲ့ ေဘာလံုးကို အိုရီဂီ ပိတ္သြင္းခဲ့ျပီး ျပန္စင္ထြက္လာတာကို ဆာလက္က အဆံုးသတ္ခဲ့တာပါ။ အိုရီဂီရဲ႕ လာဘ္ေကာင္ဆိုတဲ့ ဂုဏ္ကို ပိုသိသာေစခဲ့ျပီး ကြင္းျပင္မွာ ယာဂင္ကေလာ့ပ္ လက္သီး လက္ေမာင္းတန္းျပီး ေအာင္ပြဲခံေနခဲ့ပါတယ္။

ဒီပြဲ အႏုိင္ေၾကာင့္ လီဗာပူးဟာ လက္စတာပြဲမတိုင္ခင္ အမွတ္ေပးဇယားကို ၁၁ မွတ္ ျဖတ္ထားခဲ့ျပီျဖစ္တယ္။ ပြဲပမ္းမႈ၊ ဝတ္ဖိုဒ္ဘက္က မန္ေနဂ်ာအေျပာင္းအလဲေတြက ပြဲခ်ဥ္းကပ္မႈကို အဟန္႔အတားေတြ ျဖစ္ေစခဲ့ဟန္ရွိျပီး လီဗာပူး ကစားပံု သိပ္မေကာင္းတာကို ဝန္ခံရမွာျဖစ္ေပမယ့္ သြင္းဂိုးေတြ ရယူျပီး ႏုိင္ပြဲကိုေတာ့ ထပ္ယူခဲ့ျပန္ျပီျဖစ္ပါတယ္။

UNICODE

အန်ဖီးကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၇ အဖြစ် ဝတ်ဖိုဒ့်ကို ဧည့်ခံကစားရာမှာ လီဗာပူးက ဆာလက်ရဲ့ သွင်းဂိုး နှစ်ဂိုးနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရကာ အမှတ်ပေးဇယားမှာ ရမှတ်ဖြတ်မှုကို ပိုများစေခဲ့ပြီဖြစ်ပါတယ်။

တောင်ပံသမားတွေ ပွဲဆက်နေမှုအပေါ် ကစားအား ချွေတာလိုတဲ့ လီဗာပူးဟာ မီလ်နာကို ဘယ်အစွန်ထုတ်ပြီး ကွင်းလယ်မှာ တိုက်စစ်လိုက်ဖို့ ရှာကွီရီကို ထည့်သွင်းကာ ခံစစ်မှာ ဂိုးမက်စ်ကို ထုတ်သုံးတာကလွဲလို့ မပြောင်းလဲတဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့တယ်။ ဒီနေ့ပွဲ အရန်ခုံမှာတော့ ဗဟိုခံစစ်မှူး တစ်ဦးမှတောင် မရှိတော့တာကိုလည်း မြင်ခဲ့ရပါတယ်။

လီဗာပူးရဲ့ ထုံးစံအတိုင်း ပွဲကို ပိုင်ဆိုင်မှု ထိန်းချုပ်ထားပြီး ခံစစ်လိုင်းက ဘောလုံးကိုင်ကာ ထိုးဖောက်မှုတွေ လုပ်ဖို့ စတင်ကြိုးစားပါတယ်။ ပွဲစပြီး မကြာခင်မှာတင် လီဗာပူးက အခွင့်အရေးတွေရပေမယ့် ပြိုင်ဘက် ဝတ်ဖိုဒ့်ကလည်း အခွင့်အရေးတွေ ပြန်ပြန်ယူနိုင်ခဲ့တယ်။ လီဗာပူးဟာ ဘောလုံးပေးမှုတွေ အတော်အပျက်များပြီး တိုက်စစ်သုံးယောက် တွဲဘက်ရာမှာလည်း အမှားအတော်များခဲ့တယ်။

အဖွင့်ဂိုးဟာ ကောင်တာပြန်တိုက်ရာက မာနေး သယ်လာပေးတဲ့ ဘောလုံးကို တိုက်စစ်က ဆာလက်ကို ပေးပို့ခဲ့ပြီး အီဂျစ်တိုက်စစ်သမား ထူးထူးချွန်ချွန်ပဲ အဆုံးသတ်နိုင်ခဲ့ခြင်းကြောင့် ရခဲ့တာပါ။ ဝတ်ဖိုဒ့်ဘက်ကလည်း အခွင့်အရေးတွေ အတော်ယူနိုင်ခဲ့ပြီး တိုက်စစ်သမားဆာ အတော်ညံ့နေလို့ပဲ လီဗာပူးဘက်က ကံကောင်းခဲ့တာပါ။ ဂိုးသမား အယ်လီဆန်ကလည်း နေရာယူမှုကောင်းတွေနဲ့ ကာကွယ်မှုတွေ နှစ်ကြိမ်လောက်ထိ လုပ်ခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ လီဗာပူးက ကစားပုံ တင်ကစားခဲ့ပြီး ပွဲအစပိုင်းမှာ ကြည့်ကောင်းခဲ့ကာ မာနေး ထူးချွန်စွာ ခေါင်းတိုက်ခဲ့ပေမယ့် VAR က ပယ်ဖျက်ခဲ့တယ်။ VAR နဲ့ ပြန်လည် စစ်ဆေးရာမှာ မာနေ တင်ပါးစွန်း အနည်းငယ် ကျွံနေတာကြောင့် လူကျွံဘော သတ်မှတ်ပေးကာ ဂိုးအဖြစ်က ပယ်ဖျက်လိုက်ပါတယ်။ ဒီပွဲမှာ လီဗာပူးဘက်က ဆာလက်ကို ဝတ်ဖိုဒ့် ကစားသမားတွေ အတော်ကို လူဆွဲခဲ့ပြီး ဘယ်လို ပြစ်ဒဏ်မှ မရခဲ့ခြင်းကို ယာဂင်ကလော့ပ် ကွင်းပြင်မှာ အတော် ဒေါသထွက်နေခဲ့ပါတယ်။

ဂီနီဒဏ်ရာရသွားတာကြောင့် ရော်ဘတ်ဆန် ဝင်လာပြီး မီလ်နာကို ကွင်းလယ်ခံစစ်နေရာ ပိုခဲ့တယ်။ ဒီပွဲမှာ ဟန်ဒါဆန် အဝေးပေးမှုကောင်းတွေ လုပ်ပြခဲ့ပေမယ့် ဧရိယာနောက်က အဝေးကန်ချက်တွေက မိုးထိုးခဲ့သလို လူပေးလည်း မကြာခဏ မှားယွင်းခဲ့တယ်။ သူတင်မကပဲ ခံစစ်က ဗန်ဒိုက် ကိုယ်ဂိုးကိုယ် သွင်းမိမလို ဖြစ်ခဲ့သလို ကာကွယ်မှုကောင်းတွေ လုပ်ပြနေတဲ့ ဂိုးမက်စ်ကလည်း အမှားတွေ လုပ်ခဲ့သေးတာပါ။

ရှာကွီရီနေရာ ချိန်ဘာလိန် ဝင်လာပေမယ့် ကစားပုံက တက်မလာခဲ့တာကြောင့် အစီအစဉ် ကြေညာသူက အန်ဖီးမှာ လီဗာပူး ထူးထူးခြားခြား ကြောက်ရွံ့နေတယ်လို့တောင် ပြောခဲ့ရပြီး လီဗာပူးဟာ ဆိုးဆိုးရွားရွား ဘောလုံးအပျက်များတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ခြင်းဖြစ်တယ်။ တိုက်စစ်တွဲဘက်တွေကို အကောင်းဆုံး ပံ့ပိုးပေးနေတဲ့ ဖာမင်နိုကိုယ်တိင် ဧရိယာထဲ အဆုံးသတ်မှုတွေမှာ အတော်ကိုချာနေခဲ့တာဖြစ်တယ်။

မိနစ် ၈၈ ကျော်မှာ အိုရီဂီက ဖာမင်နိုနေရာ အစားဝင်လာပြီး မိနစ် ၉၀ မှာပဲ ဆာလက်က သွင်းဂိုး ရခဲ့ပါတယ်။ တောင်ပံက မာနေး ချိုးချပေးတဲ့ ဘောလုံးကို အိုရီဂီ ပိတ်သွင်းခဲ့ပြီး ပြန်စင်ထွက်လာတာကို ဆာလက်က အဆုံးသတ်ခဲ့တာပါ။ အိုရီဂီရဲ့ လာဘ်ကောင်ဆိုတဲ့ ဂုဏ်ကို ပိုသိသာစေခဲ့ပြီး ကွင်းပြင်မှာ ယာဂင်ကလော့ပ် လက်သီး လက်မောင်းတန်းပြီး အောင်ပွဲခံနေခဲ့ပါတယ်။

ဒီပွဲ အနိုင်ကြောင့် လီဗာပူးဟာ လက်စတာပွဲမတိုင်ခင် အမှတ်ပေးဇယားကို ၁၁ မှတ် ဖြတ်ထားခဲ့ပြီဖြစ်တယ်။ ပွဲပမ်းမှု၊ ဝတ်ဖိုဒ်ဘက်က မန်နေဂျာအပြောင်းအလဲတွေက ပွဲချဉ်းကပ်မှုကို အဟန့်အတားတွေ ဖြစ်စေခဲ့ဟန်ရှိပြီး လီဗာပူး ကစားပုံ သိပ်မကောင်းတာကို ဝန်ခံရမှာဖြစ်ပေမယ့် သွင်းဂိုးတွေ ရယူပြီး နိုင်ပွဲကိုတော့ ထပ်ယူခဲ့ပြန်ပြီဖြစ်ပါတယ်။