ကလပ်ကမ္ဘာဖလား ပြိုင်ပွဲ ထွက်ပေါ်ခြင်း၊ ဂီနီဒဏ်ရာ အခြေအနေနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

လီဗာပူးကြင္းလယ္လူ ဝိုက္နယ္ဒမ္ဟာ ၾကြက္သားဒဏ္ရာရခဲ့ျခင္းျဖစ္ျပီး ဒီရက္ေတြမွာ သူ႔ရဲ႕ အေျခအေန မတိုးတက္လာရင္ေတာ့ ကာတာကို လိုက္ခြင့္ရမွာ မဟုတ္ပဲ မဲဝုဒ္မွာပဲ က်န္ေနခဲ့ရမယ္လို႔ ယာဂင္ကေလာ့ပ္က ဆိုပါတယ္။

လီဗာပူးတိုက္စစ္သမား မာေနးက ဝတ္ဖိုဒ့္အသင္းသား ဒန္နီကို ေတာင္ပံသမားဆာအား ေစာင့္ေရွာက္ေပးဖို႔ မေန႔ညကပြဲအျပီး အဝတ္လဲခန္းျပင္ပမွာ ေတာင္းဆိုခဲ့ပါတယ္။ မာေနးနဲ႔ ဆာတို႔ဟာ တစ္ႏုိင္ငံတည္းသား လက္ေရြးစင္ ကစားသမားေတြ ျဖစ္ၾကပါတယ္။

လီဗာပူးကြင္းလယ္လူ ဖာဘင္ညိဳဟာ ဝတ္ဖိုဒ့္နဲ႔ပြဲအတြက္ အန္ဖီးကြင္းထံ တက္ေရာက္ခဲ့ျပီး သူဟာ ေျခအကာ၊ ခ်ိဳင့္ေထာက္ေတြနဲ႔ တက္ေရာက္ခဲ့ျခင္းျဖစ္ကာ ဒဏ္ရာက လအတန္ၾကာ အနားယူရဦးမယ္လို႔ ခန္႔မွန္းမႈေတြ ထြက္ေပၚေနပါတယ္။

ဆာလက္ဟာ ဆြာရက္စ္နဲ ေတာရက္စ္တုိ႔ရဲ႕ လီဗာပူးကစားသမားဘဝ သြင္းဂိုးေတြကို ပြဲခ်ိန္ အနည္းဆံုးနဲ႔ ေက်ာ္ျဖတ္သြားပါျပီ။ ဆာလက္ဟာ လီဗာပူးအတြက္ ၁၂၆ ပြဲကစားျပီး ၈၆ ဂိုးထိ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ကလပ္မ်ား ကမၻာဖလားျပိဳင္ပြဲ ဆီမီးဖိုင္နယ္အဆင့္မွာ မကၠဆီကိုကလပ္ Monterrey နဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ပါတယ္။ အဆိုပါပြဲကိုေတာ့ ဒီဇင္ဘာလ ၁၈ ရက္ေန႔ ကာတာမွာ ယွဥ္ျပိဳင္ရမွာပါ။

ဝတ္ဖိုဒ့္နဲ႔ပြဲအျပီး လီဗာပူးဗဟိုခံစစ္မွဴးေတြျဖစ္တဲ့ ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔ဟာ clean sheet သံုးၾကိမ္ဆက္ကို ရယူႏုိင္ခဲ့ျပီျဖစ္ျပီး ဒါဟာ ဒီရာသီအတြက္ အျမင့္ဆံုးေသာ ခံစစ္စြမ္းေဆာင္ရည္ျဖစ္ပါတယ္။

လီဗာပူးကစားသမားသစ္ ျဖစ္လာမယ္လို႔ သတင္းၾကီးထားတဲ့ မီနာမီႏိုဟာ ဆဲလ္ဘတ္အသင္း လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။ သတင္းေတြအရေတာ့ သူဟာ ဇန္နဝါရီ ၁ ရက္ေန႔ လီဗာပူးနဲ႔ စတင္ပူးေပါင္းျပီးေနာက္ အက္ဖ္ေအဖလား တတိယအဆင့္ပြဲျဖစ္တဲ့ အဲဗာတန္နဲ႔ပြဲမွာ စတင္ ပြဲထြက္မယ္လို႔ သိရပါတယ္။

မေန႔ညက ယွဥ္ျပိဳင္ကစားတဲ့ လက္စတာနဲ႔ ေနာ္ဝစ္ပြဲစဥ္မွာ အိမ္ရွင္ လက္စတာက သေရရလဒ္ပဲ ရယူႏုိင္တာေၾကာင့္ ကလပ္မ်ား ကမၻာဖလားျပိဳင္ပြဲ မသြားခင္ လီဗာပူးဟာ အမွတ္ေပးဇယားကို ၁၀ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့ျပီျဖစ္ပါတယ္။

UNICODE

လီဗာပူးကွင်းလယ်လူ ဝိုက်နယ်ဒမ်ဟာ ကြွက်သားဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဒီရက်တွေမှာ သူ့ရဲ့ အခြေအနေ မတိုးတက်လာရင်တော့ ကာတာကို လိုက်ခွင့်ရမှာ မဟုတ်ပဲ မဲဝုဒ်မှာပဲ ကျန်နေခဲ့ရမယ်လို့ ယာဂင်ကလော့ပ်က ဆိုပါတယ်။

လီဗာပူးတိုက်စစ်သမား မာနေးက ဝတ်ဖိုဒ့်အသင်းသား ဒန်နီကို တောင်ပံသမားဆာအား စောင့်ရှောက်ပေးဖို့ မနေ့ညကပွဲအပြီး အဝတ်လဲခန်းပြင်ပမှာ တောင်းဆိုခဲ့ပါတယ်။ မာနေးနဲ့ ဆာတို့ဟာ တစ်နိုင်ငံတည်းသား လက်ရွေးစင် ကစားသမားတွေ ဖြစ်ကြပါတယ်။

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ ဝတ်ဖိုဒ့်နဲ့ပွဲအတွက် အန်ဖီးကွင်းထံ တက်ရောက်ခဲ့ပြီး သူဟာ ခြေအကာ၊ ချိုင့်ထောက်တွေနဲ့ တက်ရောက်ခဲ့ခြင်းဖြစ်ကာ ဒဏ်ရာက လအတန်ကြာ အနားယူရဦးမယ်လို့ ခန့်မှန်းမှုတွေ ထွက်ပေါ်နေပါတယ်။

ဆာလက်ဟာ ဆွာရက်စ်နဲ တောရက်စ်တို့ရဲ့ လီဗာပူးကစားသမားဘဝ သွင်းဂိုးတွေကို ပွဲချိန် အနည်းဆုံးနဲ့ ကျော်ဖြတ်သွားပါပြီ။ ဆာလက်ဟာ လီဗာပူးအတွက် ၁၂၆ ပွဲကစားပြီး ၈၆ ဂိုးထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ ကလပ်များ ကမ္ဘာဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်မှာ မက္ကဆီကိုကလပ် Monterrey နဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပါတယ်။ အဆိုပါပွဲကိုတော့ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကာတာမှာ ယှဉ်ပြိုင်ရမှာပါ။

ဝတ်ဖိုဒ့်နဲ့ပွဲအပြီး လီဗာပူးဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ဟာ clean sheet သုံးကြိမ်ဆက်ကို ရယူနိုင်ခဲ့ပြီဖြစ်ပြီး ဒါဟာ ဒီရာသီအတွက် အမြင့်ဆုံးသော ခံစစ်စွမ်းဆောင်ရည်ဖြစ်ပါတယ်။

လီဗာပူးကစားသမားသစ် ဖြစ်လာမယ်လို့ သတင်းကြီးထားတဲ့ မီနာမီနိုဟာ ဆဲလ်ဘတ်အသင်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ သတင်းတွေအရတော့ သူဟာ ဇန်နဝါရီ ၁ ရက်နေ့ လီဗာပူးနဲ့ စတင်ပူးပေါင်းပြီးနောက် အက်ဖ်အေဖလား တတိယအဆင့်ပွဲဖြစ်တဲ့ အဲဗာတန်နဲ့ပွဲမှာ စတင် ပွဲထွက်မယ်လို့ သိရပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ လက်စတာနဲ့ နော်ဝစ်ပွဲစဉ်မှာ အိမ်ရှင် လက်စတာက သရေရလဒ်ပဲ ရယူနိုင်တာကြောင့် ကလပ်များ ကမ္ဘာဖလားပြိုင်ပွဲ မသွားခင် လီဗာပူးဟာ အမှတ်ပေးဇယားကို ၁၀ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။