လီဗာပူးနဲ့ ဝတ်ဖိုဒ့်ပွဲမှာ အိမ်ရှင်အသင်းက ဂိုးပြတ် အနိုင်ယူမယ်ဆိုတဲ့ စကိုင်းစပေါ့ ခန့်မှန်း

ဒီအပတ်မှာ လီဗာပူးက ဇယားအောက်ဆုံးက ဝတ်ဖိုဒ့်အသင်းကို အန်ဖီးကွင်းမှာ ဧည့်ခံကစားရမှာပါ။ အမှတ်ပေးဇယား ထိပ်ဆုံးနဲ့ အောက်ဆုံးလို့ မြင်နိုင်ပေမယ့် ဝတ်ဖိုဒ့်က ကစားသမားကောင်းတွေ ရှိထားတဲ့ အသင်းတစ်သင်းဖြစ်တယ်။

လက်ရှိ လီဗာပူးအသင်းမှာ အဓိက ကစားသမားတွေကို အနားပေးရင်တော့ နိုင်ပွဲရမှုက မြင့်မားတယ်လို့ စကိုင်းစပေါ့မှ ချာလီက ယူဆနေပြီး ဒီပွဲကို အိမ်ရှင်အသင်းကပဲ ဂိုးပြတ် အနိုင်ရမယ်လို့ ခန့်မှန်းပါတယ်။ သူက လီဗာပူးဟာ နိုင်ပွဲတွေကို ရအောင် ကစားပေးဖို့ လုံ့ဆော်နိုင်စွမ်းရှိတယ်လို့ မြင်ပါတယ်။

ချာလီက ” ပွဲတွေကို ချဉ်းကပ်နေတဲ့ လီဗာပူးရဲ့ နည်းလမ်းက အရမ်းကောင်းပါတယ်။ သူတို့ အကောင်းဆုံးအထိတောင် လုပ်စရာ မလိုပါဘူး။ သူတို့မှာ အားနည်းချက်တွေ ရှိနေပေမယ့် အနိုင်ရအောင် ကစားနေတယ်။ ဒါက ကံကောင်းတာ မဟုတ်ပါဘူး။ နိုင်ပွဲတွေ ရယူဖို့ လီဗာပူးမှာ စွမ်းဆောင်ရည်နဲ့ လုံ့ဆော်မှုတွေရှိနေပြီး ဒါကို သူတို့ ရှေ့ဆကနိုင်တာ မြင်နိုင်ပါတယယ်။

လီဗာပူးက ဒီပုံစံအတိုင်း ဆက်သွားနိုင်မယ်လို့ ထင်လို့တော့ မရဘူး ဒါပေမယ့် အားလုံးကို ထမ်းတင်ပေးမယ့် မန်နေဂျာတစ်ဦး ကိုင်တွယ်နေတာဖြစ်တယ်။ ဝတ်ဖိုဒ့်အတွက် ဒန်နီ၊ ကပိုး၊ ဒိုကိုရူးတို့က အဓိက ကစားသမားတွေဖြစ်ပြီး သူတို့ထဲက တစ်ဦးကို အမြဲတမ်း အားကိုးနေရတယ်။ သူတို့ကိုတော့ ဟိုးဘက်စ်နဲ့ မာရီရာပါ တို့က ဝန်းရံထားပါတယ်။

လီဗာပူးက တိုက်စစ်သုံးယောက်ထဲက နှစ်ယောက်လောက်ကို အနားပေးရင်လည်း နိုင်ပွဲတွေ ရယူနိုင်တယ်။ ဆာလက်က ဂိုးတွေသွင်းယူနေပေမယ့် အကောင်းဆုံးခြေစွမ်း မဟုတ်သေးသလို ဖာမင်နိုကလည်း အရမ်းကြီး တောက်ပမနေပါဘူး။ သူတို့ကို မာဆေးက ထမ်းတင်ပေးနေတာပါ။ သက်သောင့်သက်သာနဲ့ အနိုင်ရမယ့်ပွဲဖြစ်ပြီး ဝတ်ဖိုဒ့်ကို ချိုးဖောက်ဖို့ အချိန်တော့ ယူရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ ဝတ်ဖိုဒ့်ပွဲအတွက် ချာလီရဲ့ ခန့်မှန်းမှာတော့ လီဗာပူးက ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး clean sheet ရသွားမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္မွာ လီဗာပူးက ဇယားေအာက္ဆံုးက ဝတ္ဖိုဒ့္အသင္းကို အန္ဖီးကြင္းမွာ ဧည့္ခံကစားရမွာပါ။ အမွတ္ေပးဇယား ထိပ္ဆံုးနဲ႔ ေအာက္ဆံုးလို႔ ျမင္ႏုိင္ေပမယ့္ ဝတ္ဖိုဒ့္က ကစားသမားေကာင္းေတြ ရွိထားတဲ့ အသင္းတစ္သင္းျဖစ္တယ္။

လက္ရွိ လီဗာပူးအသင္းမွာ အဓိက ကစားသမားေတြကို အနားေပးရင္ေတာ့ ႏုိင္ပြဲရမႈက ျမင့္မားတယ္လို႔ စကိုင္းစေပါ့မွ ခ်ာလီက ယူဆေနျပီး ဒီပြဲကို အိမ္ရွင္အသင္းကပဲ ဂိုးျပတ္ အႏုိင္ရမယ္လို႔ ခန္႔မွန္းပါတယ္။ သူက လီဗာပူးဟာ ႏုိင္ပြဲေတြကို ရေအာင္ ကစားေပးဖို႔ လံု႔ေဆာ္ႏုိင္စြမ္းရွိတယ္လို႔ ျမင္ပါတယ္။

ခ်ာလီက ” ပြဲေတြကို ခ်ဥ္းကပ္ေနတဲ့ လီဗာပူးရဲ႕ နည္းလမ္းက အရမ္းေကာင္းပါတယ္။ သူတို႔ အေကာင္းဆံုးအထိေတာင္ လုပ္စရာ မလိုပါဘူး။ သူတို႔မွာ အားနည္းခ်က္ေတြ ရွိေနေပမယ့္ အႏုိင္ရေအာင္ ကစားေနတယ္။ ဒါက ကံေကာင္းတာ မဟုတ္ပါဘူး။ ႏိုင္ပြဲေတြ ရယူဖို႔ လီဗာပူးမွာ စြမ္းေဆာင္ရည္နဲ႔ လံု႔ေဆာ္မႈေတြရွိေနျပီး ဒါကို သူတို႔ ေရွ႔ဆကႏုိင္တာ ျမင္ႏုိင္ပါတယယ္။

လီဗာပူးက ဒီပံုစံအတိုင္း ဆက္သြားႏုိင္မယ္လို႔ ထင္လို႔ေတာ့ မရဘူး ဒါေပမယ့္ အားလံုးကို ထမ္းတင္ေပးမယ့္ မန္ေနဂ်ာတစ္ဦး ကိုင္တြယ္ေနတာျဖစ္တယ္။ ဝတ္ဖိုဒ့္အတြက္ ဒန္နီ၊ ကပိုး၊ ဒိုကိုရူးတို႔က အဓိက ကစားသမားေတြျဖစ္ျပီး သူတို႔ထဲက တစ္ဦးကို အျမဲတမ္း အားကိုးေနရတယ္။ သူတို႔ကိုေတာ့ ဟိုးဘက္စ္နဲ႔ မာရီရာပါ တို႔က ဝန္းရံထားပါတယ္။

လီဗာပူးက တိုက္စစ္သံုးေယာက္ထဲက ႏွစ္ေယာက္ေလာက္ကို အနားေပးရင္လည္း ႏုိင္ပြဲေတြ ရယူႏုိင္တယ္။ ဆာလက္က ဂိုးေတြသြင္းယူေနေပမယ့္ အေကာင္းဆံုးေျခစြမ္း မဟုတ္ေသးသလို ဖာမင္ႏိုကလည္း အရမ္းၾကီး ေတာက္ပမေနပါဘူး။ သူတို႔ကို မာေဆးက ထမ္းတင္ေပးေနတာပါ။ သက္ေသာင့္သက္သာနဲ႔ အႏုိင္ရမယ့္ပြဲျဖစ္ျပီး ဝတ္ဖိုဒ့္ကို ခ်ိဳးေဖာက္ဖို႔ အခ်ိန္ေတာ့ ယူရပါမယ္ ” လုိ႔ ဆုိခဲ့တာျဖစ္ပါတယ္။

လီဗာပူးနဲ႔ ဝတ္ဖိုဒ့္ပြဲအတြက္ ခ်ာလီရဲ႕ ခန္႔မွန္းမွာေတာ့ လီဗာပူးက ၃ ဂိုးျပတ္နဲ႔ အႏုိင္ရျပီး clean sheet ရသြားမယ္လို႔ ျဖစ္ပါတယ္။