ဥရောပ ထိပ်တန်း အရည်အသွေး ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ် အသင်းသားကို ချယ်ဆီး ပစ်မှတ်ထား

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေ အရ နယူးကာဆယ် တောင်ပံတိုက်စစ်ကစားသမား စိန့်မက်စီမင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ချယ်ဆီးလည်း ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါကစားသမားကို စပါးနဲ့ဒေါ့မွန်အပါအဝင် ထိပ်တန်းကလပ်အသင်းတချို့က ဆက်သွယ်မှုတွေ ရှိနေခဲ့တာပါ။

နယူးကာဆယ်အသင်းကတော့ စိန့်မက်စီမင် အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း၄၀သတ်မှတ်ထားပါတယ်။ လက်ရှိမှာ အဆိုပါကစားသမားနဲ့ပတ်သက်လို့ ချိတ်ဆက်မှုတချို့ရှိနေပေမယ့် ဘယ်အသင်းကမှ တရားဝင်ကမ်းလှမ်းတာမျိုးတော့ မရှိသေးဘူးလို့ နယူးကာဆယ်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စိန့်မက်စီမင်ဟာ ၂၀၁၉ ခုနှစ်မှာ နယူးကာဆယ်အသင်းကို စတင် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ၃ နှစ်တာကာလအတွင်း အသင်းအတွက် ပရီးမီးယားလိဂ် ၈၆ ပွဲအပါအဝင် ပြိုင်ပွဲစုံပွဲ ၉၀ ကျော် ပါဝင် ကစားပေးနိုင်ခဲ့ပါတယ်။

ဥရောပထိပ်တန်းလိဂ်၅ခုရဲ့ တစ်ဦးချင်း ဘောလုံးဆွဲပြေးမှု အကောင်းဆုံး ကစားသမား စာရင်းမှာ ထိပ်ဆုံးနားက ပါဝင် နေခဲ့သူ စိန့်မက်စီမင်ဟာ နယူးကာဆယ်ထက် ပိုမိုမြင့်မားတဲ့ အသင်းတစ်သင်းမှာ ကစားခွင့်ရဖို့ ထိုက်တန်တယ်လို့ ပရိသတ်အများစုက ယူဆနေကြတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နယူးကာဆယ်ကလည်း ပိုင်ရှင်သစ်တွေနဲ့ အတူ ငွေသုံးကြမ်းဖို့ရှိကောင်းရှိလာနိုင်တာကြောင့် စိန့်မက်စီမင် ကိုလည်း အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားမလားဆိုတာကိုတော့ စောင့်ကြည့်ရဖွယ် ရှိပါတယ်။

စိန့်မက်စီမင်ဟာ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီ၊ နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာတော့ ကိုယ်တိုင် ၅ ဂိုးသွင်းပြီး အသင်းဖော်တွေကိုလည်း ၅ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Zawgyi

ေနာက္ဆံုး ထြက္ေပၚလာတဲ့ သတင္းေတြ အရ နယူးကာဆယ္ ေတာင္ပံတိုက္စစ္ကစားသမား စိန႔္မက္စီမင္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့အသင္းေတြထဲမွာ ခ်ယ္ဆီးလည္း ပါဝင္လာခဲ့ၿပီ ျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါကစားသမားကို စပါးနဲ႔ေဒါ့မြန္အပါအဝင္ ထိပ္တန္းကလပ္အသင္းတခ်ိဳ႕က ဆက္သြယ္မႈေတြ ရွိေနခဲ့တာပါ။

နယူးကာဆယ္အသင္းကေတာ့ စိန႔္မက္စီမင္ အတြက္ ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၄၀သတ္မွတ္ထားပါတယ္။ လက္ရွိမွာ အဆိုပါကစားသမားနဲ႔ပတ္သက္လို႔ ခ်ိတ္ဆက္မႈတခ်ိဳ႕ရွိေနေပမယ့္ ဘယ္အသင္းကမွ တရားဝင္ကမ္းလွမ္းတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ နယူးကာဆယ္တာဝန္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ စိန႔္မက္စီမင္ဟာ ၂၀၁၉ ခုႏွစ္မွာ နယူးကာဆယ္အသင္းကို စတင္ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး ၃ ႏွစ္တာကာလအတြင္း အသင္းအတြက္ ပရီးမီးယားလိဂ္ ၈၆ ပြဲအပါအဝင္ ၿပိဳင္ပြဲစုံပြဲ ၉၀ ေက်ာ္ ပါဝင္ ကစားေပးႏိုင္ခဲ့ပါတယ္။

ဥေရာပထိပ္တန္းလိဂ္၅ခုရဲ႕ တစ္ဦးခ်င္း ေဘာလုံးဆြဲေျပးမႈ အေကာင္းဆုံး ကစားသမား စာရင္းမွာ ထိပ္ဆုံးနားက ပါဝင္ ေနခဲ့သူ စိန႔္မက္စီမင္ဟာ နယူးကာဆယ္ထက္ ပိုမိုျမင့္မားတဲ့ အသင္းတစ္သင္းမွာ ကစားခြင့္ရဖို႔ ထိုက္တန္တယ္လို႔ ပရိသတ္အမ်ားစုက ယူဆေနၾကတာလည္း ျဖစ္ပါတယ္။

ဒါေပမယ့္ နယူးကာဆယ္ကလည္း ပိုင္ရွင္သစ္ေတြနဲ႔ အတူ ေငြသုံးၾကမ္းဖို႔ရွိေကာင္းရွိလာႏိုင္တာေၾကာင့္ စိန႔္မက္စီမင္ ကိုလည္း အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းထားမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဖြယ္ ရွိပါတယ္။

စိန႔္မက္စီမင္ဟာ ၿပီးခဲ့တဲ့ႏွစ္ေဘာလုံးရာသီ၊ နယူးကာဆယ္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာေတာ့ ကိုယ္တိုင္ ၅ ဂိုးသြင္းၿပီး အသင္းေဖာ္ေတြကိုလည္း ၅ ဂိုး ဖန္တီးေပးႏိုင္ခဲ့ပါတယ္။