ခ်ယ္ဆီးမွာ ေမွးမွိန္လာတဲ့ အိုဒြိဳင္းကို ေခၚဖို႔ ဘိုင္ယန္ျမဴးနစ္ ထပ္မံ ခ်ဥ္းကပ္ေန

ခ်ယ္ဆီးအသင္းဟာ ဒီႏွစ္ေႏြေစ်းကြက္အတြင္းမွာ ကြင္းလယ္တိုက္စစ္ပိုင္းအတြက္ ေအဂ်က္စ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဟာကင္ ဇီယက္ရွ္နဲ႔ ေလဗာကူဆင္အသင္းရဲ႕ ကြင္းလယ္တိုက္စစ္ကစားသမား ကိုင္းလ္ဟားဗက္ဇ္တို႔ကို ေခၚယူခဲ့ၿပီးေနာက္ အသင္းမွာ ပုံမွန္ေနရာရဖို႔ မလြယ္ကူေတာ့တဲ့ လူငယ္ကစားသမားေလး ဟတ္ဆန္အိုဒြိဳင္းရဲ႕အနာဂတ္ေတြဟာလည္း ျပန္လည္လႈပ္ခတ္လာခဲ့ျပန္ပါတယ္။

ဒီတစ္ႀကိမ္မွာလည္း အိုဒြိဳင္းကို စိတ္ဝင္စားေနတဲ့ ကလပ္အသင္းေတြထဲမွာ ဘိုင္ယန္ျမဴးနစ္အသင္းက ထိပ္ဆုံးေနရာကေန ပါဝင္လာခဲ့ပါတယ္။ အသက္(၁၉)ႏွစ္ အ႐ြယ္သာရွိေသးတဲ့ အဂၤလန္ေတာင္ပံကစားသမား ဟတ္ဆန္အိုဒြိဳင္းဟာ ခ်ယ္လ္ဆီးအကယ္ဒမီထြက္ ကစားသမားေတြထဲကမွ အရည္အေသြးျမင့္ဆုံး လူငယ္ကစားသမားတစ္ေယာက္ျဖစ္ၿပီး သူ႔ကို ၂၀၁၉ခုႏွစ္ ဇန္နဝါရီလကပဲ ဘိုင္ယန္ျမဴးနစ္အသင္းကေန ေခၚယူသြားဖို႔ ေခၚယူသြားဖို႔ အလြန္နီးစပ္ခဲ့ပါတယ္။

ဒါေပမယ့္ ခ်ယ္ဆီးကို လမ္းပတ္ေရာက္လာခ်ိန္္မွာေတာ့ အိုဒြိဳင္းကို အသင္းမွာ ေနရာေပးလာခဲ့တဲ့အျပင္ အသင္းနဲ႔လည္း (၅)ႏွစ္အထိကို စာခ်ဳပ္ သက္တမ္း တိုးႏိုင္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ အသင္းရဲ႕ေတာင္ပံတိုက္စစ္မွာ ပူလီဆစ္ ဇီယက္ရွ္တို႔ရွိေနတဲ့အျပင္ ေမဆန္ေမာင့္နဲ႔ ကိုင္းလ္ဟာဗက္ဇ္တို႔ကိုလည္း အဲ့ဒီေနရာေတြမွာ အသုံးျပဳႏိုင္တာေၾကာင့္ လမ္းပတ္က အိုဒြိဳင္းကို အသင္းကေန တစ္ရာသီအငွားနဲ႔ အငွားခ်ဖြယ္ရွိေနပါတယ္။

ဒီလို အသင္းနဲ႔ အနာဂတ္မေရမရာျဖစ္လို႔ေနတဲ့ အိုဒြိဳင္းကို ယခင္ကတည္းက ပစ္မွတ္ထားလို႔ေနတဲ့ ဘိုင္ယန္ျမဴးနစ္အသင္းကေန တစ္ရာသီအငွားေလာက္နဲ႔ ကမ္းလွမ္းလာဖြယ္ရွိေနသလို ဂ်ဳဗင္တပ္စ္နဲ႔ လိုက္ပ္ဇစ္အသင္းတို႔ကလည္း ေခၚယူသြားဖို႔ အၿပိဳင္စိတ္ဝင္စားလ်က္ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ခ်န္ပီယံ ဘိုင္ယန္ျမဴးနစ္အသင္းကေတာ့ အသင္းရဲ႕ေတာင္ပံေတြမွာ နာဘရီ ကိုးမန္းတို႔အျပင္ ကစားသမားသစ္ဆာေနးလည္း ရွိေနေပမယ့္ အင္တာမီလန္ကေန အငွားေခၚယူထားတဲ့ အိုင္ဗန္ပါရီဆစ္က အငွားစာခ်ဳပ္ျပည့္သြားလို႔ အင္တာကို ျပန္သြားရၿပီျဖစ္လို႔ အသင္းရဲ႕လူအင္အားကို ေတာင့္တင္းေနေစဖို႔အတြက္ အိုဒြိဳင္းကို အငွားနဲ႔ေခၚယူၿပီး အငွားစာခ်ဳပ္ျပည့္မွ အၿပီးသတ္ေခၚယူဖြယ္ ရွိေနပါတယ္။

ဒါေပမယ့္ အိုဒြိဳင္းကေတာ့ သူ႔အတြက္ ေနရာရဖို႔ မလြယ္ကူတဲ့ ဘိုင္ယန္ဆီကို အငွားနဲ႔ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵမရွိပဲ သူ႔ကိုပုံမွန္ေနရာေပးႏိုင္မယ့္ အသင္းတစ္သင္းဆီကို အငွားသြားကစားဖြယ္ရွိေနပါတယ္။

Unicode

ချယ်ဆီးအသင်းဟာ ဒီနှစ်နွေဈေးကွက်အတွင်းမှာ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် အေဂျက်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဟာကင် ဇီယက်ရှ်နဲ့ လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်တို့ကို ခေါ်ယူခဲ့ပြီးနောက် အသင်းမှာ ပုံမှန်နေရာရဖို့ မလွယ်ကူတော့တဲ့ လူငယ်ကစားသမားလေး ဟတ်ဆန်အိုဒွိုင်းရဲ့အနာဂတ်တွေဟာလည်း ပြန်လည်လှုပ်ခတ်လာခဲ့ပြန်ပါတယ်။

ဒီတစ်ကြိမ်မှာလည်း အိုဒွိုင်းကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်အသင်းက ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပါတယ်။ အသက်(၁၉)နှစ် အရွယ်သာရှိသေးတဲ့ အင်္ဂလန်တောင်ပံကစားသမား ဟတ်ဆန်အိုဒွိုင်းဟာ ချယ်လ်ဆီးအကယ်ဒမီထွက် ကစားသမားတွေထဲကမှ အရည်အသွေးမြင့်ဆုံး လူငယ်ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့ကို ၂၀၁၉ခုနှစ် ဇန်နဝါရီလကပဲ ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူသွားဖို့ ခေါ်ယူသွားဖို့ အလွန်နီးစပ်ခဲ့ပါတယ်။

ဒါပေမယ့် ချယ်ဆီးကို လမ်းပတ်ရောက်လာချိန်မှာတော့ အိုဒွိုင်းကို အသင်းမှာ နေရာပေးလာခဲ့တဲ့အပြင် အသင်းနဲ့လည်း (၅)နှစ်အထိကို စာချုပ် သက်တမ်း တိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အသင်းရဲ့တောင်ပံတိုက်စစ်မှာ ပူလီဆစ် ဇီယက်ရှ်တို့ရှိနေတဲ့အပြင် မေဆန်မောင့်နဲ့ ကိုင်းလ်ဟာဗက်ဇ်တို့ကိုလည်း အဲ့ဒီနေရာတွေမှာ အသုံးပြုနိုင်တာကြောင့် လမ်းပတ်က အိုဒွိုင်းကို အသင်းကနေ တစ်ရာသီအငှားနဲ့ အငှားချဖွယ်ရှိနေပါတယ်။

ဒီလို အသင်းနဲ့ အနာဂတ်မရေမရာဖြစ်လို့နေတဲ့ အိုဒွိုင်းကို ယခင်ကတည်းက ပစ်မှတ်ထားလို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ တစ်ရာသီအငှားလောက်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေသလို ဂျုဗင်တပ်စ်နဲ့ လိုက်ပ်ဇစ်အသင်းတို့ကလည်း ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။

ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းကတော့ အသင်းရဲ့တောင်ပံတွေမှာ နာဘရီ ကိုးမန်းတို့အပြင် ကစားသမားသစ်ဆာနေးလည်း ရှိနေပေမယ့် အင်တာမီလန်ကနေ အငှားခေါ်ယူထားတဲ့ အိုင်ဗန်ပါရီဆစ်က အငှားစာချုပ်ပြည့်သွားလို့ အင်တာကို ပြန်သွားရပြီဖြစ်လို့ အသင်းရဲ့လူအင်အားကို တောင့်တင်းနေစေဖို့အတွက် အိုဒွိုင်းကို အငှားနဲ့ခေါ်ယူပြီး အငှားစာချုပ်ပြည့်မှ အပြီးသတ်ခေါ်ယူဖွယ် ရှိနေပါတယ်။

ဒါပေမယ့် အိုဒွိုင်းကတော့ သူ့အတွက် နေရာရဖို့ မလွယ်ကူတဲ့ ဘိုင်ယန်ဆီကို အငှားနဲ့ပြောင်းရွှေ့ကစားဖို့ ဆန္ဒမရှိပဲ သူ့ကိုပုံမှန်နေရာပေးနိုင်မယ့် အသင်းတစ်သင်းဆီကို အငှားသွားကစားဖွယ်ရှိနေပါတယ်။