ခ်ယ္ဆီး Vs လီဗာပူး ပြဲအတြက္ မိုက္ကယ္အို၀င္ သံုးသပ္ခန္႕မွန္းခ်က္

ခ်ယ္ဆီးအသင္းဟာ ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ လက္ရွိ ခ်န္ပီယံ လီဗာပူးအသင္းကို အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဧည့္ခံ ကစားေတာ့မွာပါ။ ပြဲခ်ိန္ကေတာ့ စက္တင္ဘာလ ၂၀ ရက္ (တနဂၤေႏြေန႔) ည ၁၀း၀၀ နာရီမွာ ျဖစ္ပါတယ္။

ဒီပြဲအတြက္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္ကေတာ့ အခုလို သံုးသပ္ခန္႔မွန္းထားပါတယ္။

” ပြဲစဥ္ ၂ ရဲ႕ အေကာင္းဆံုးပြဲဆိုတာ ရွင္းလင္းပါတယ္။ ျပိဳင္ဆိုင္မႈ ျပင္းထန္မယ့္ ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႔မႈကို မေစာင့္ႏုိင္ေအာင္ပါပဲ။ ခ်ယ္ဆီးက ေဘာလံုးရာသီအစမွာ ဘရိုက္တန္ကြင္းကိုသြားျပီး ၃-၁ နဲ႔ အႏုိင္ရခဲ့တယ္။ ကစားသမားသစ္ေတြ အသင္းနဲ႔ စတင္ အထိုင္က်လာတဲ့ အေနအထားကို ၾကည့္ျပီး လမ္းပတ္က ေက်နပ္ေနမယ္လို႔ ထင္ပါတယ္။

ဗာနာက ဘရိုက္တန္ကို အေတာ္ေလး ျခိမ္းေျခာက္ႏုိင္ခဲ့တယ္။ သူက ပရီးမီးယားလိဂ္မွာ ခပ္ျမန္ျမန္ပဲ အထုိင္က်မယ့္ အေနအထား ျဖစ္ပါတယ္။

လီဗာပူးက အဖြင့္သီတင္းပတ္မွာ လိဒ္ယူႏုိက္တက္ကို ၄-၃ နဲ႔ အႏုိင္ရခဲ့တယ္။ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းက တိုက္စစ္ပိုင္းမွာေတာ့ အထင္ၾကီးစရာေတြ ျမင္ခဲ့ရတယ္။ လိဒ္ယူႏုိက္တက္က သူတို႔ရဲ႕ ခံစစ္ကို စိုးရိမ္စရာေတြ ေပးမယ့္ နည္းလမ္းကို ရွာေဖြေတြ႔ႏုိင္ခဲ့တာအတြက္ေတာ့ မန္ေနဂ်ာကေလာ့ပ္က စိတ္ပူေနပါလိမ့္မယ္။

ဒီပြဲမွာ ေသခ်ာတာကေတာ့ သြင္းဂိုးေတြကို အမ်ားၾကီး ျမင္ရပါမယ္။ ေဖ်ာ္ေျဖမႈေပးႏုိင္တဲ့ ပြဲေကာင္းလည္း ျဖစ္လာလိမ့္မယ္။ ႏွစ္ဘက္ ဂိုးေပါက္ေတြမွာ ျခိမ္းေျခာက္မႈေတြနဲ႔အတူ ပြဲအျပီးမွာေတာ့ ၂-၂ ရလဒ္ ထြက္ေပၚပါလိမ့္မယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

Unicode

ချယ်ဆီးအသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကို အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဧည့်ခံ ကစားတော့မှာပါ။ ပွဲချိန်ကတော့ စက်တင်ဘာလ ၂၀ ရက် (တနင်္ဂနွေနေ့) ည ၁၀း၀၀ နာရီမှာ ဖြစ်ပါတယ်။

ဒီပွဲအတွက် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကတော့ အခုလို သုံးသပ်ခန့်မှန်းထားပါတယ်။

” ပွဲစဉ် ၂ ရဲ့ အကောင်းဆုံးပွဲဆိုတာ ရှင်းလင်းပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်မယ့် ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့မှုကို မစောင့်နိုင်အောင်ပါပဲ။ ချယ်ဆီးက ဘောလုံးရာသီအစမှာ ဘရိုက်တန်ကွင်းကိုသွားပြီး ၃-၁ နဲ့ အနိုင်ရခဲ့တယ်။ ကစားသမားသစ်တွေ အသင်းနဲ့ စတင် အထိုင်ကျလာတဲ့ အနေအထားကို ကြည့်ပြီး လမ်းပတ်က ကျေနပ်နေမယ်လို့ ထင်ပါတယ်။

ဗာနာက ဘရိုက်တန်ကို အတော်လေး ခြိမ်းခြောက်နိုင်ခဲ့တယ်။ သူက ပရီးမီးယားလိဂ်မှာ ခပ်မြန်မြန်ပဲ အထိုင်ကျမယ့် အနေအထား ဖြစ်ပါတယ်။

လီဗာပူးက အဖွင့်သီတင်းပတ်မှာ လိဒ်ယူနိုက်တက်ကို ၄-၃ နဲ့ အနိုင်ရခဲ့တယ်။ ယာဂင်ကလော့ပ်ရဲ့ အသင်းက တိုက်စစ်ပိုင်းမှာတော့ အထင်ကြီးစရာတွေ မြင်ခဲ့ရတယ်။ လိဒ်ယူနိုက်တက်က သူတို့ရဲ့ ခံစစ်ကို စိုးရိမ်စရာတွေ ပေးမယ့် နည်းလမ်းကို ရှာဖွေတွေ့နိုင်ခဲ့တာအတွက်တော့ မန်နေဂျာကလော့ပ်က စိတ်ပူနေပါလိမ့်မယ်။

ဒီပွဲမှာ သေချာတာကတော့ သွင်းဂိုးတွေကို အများကြီး မြင်ရပါမယ်။ ဖျော်ဖြေမှုပေးနိုင်တဲ့ ပွဲကောင်းလည်း ဖြစ်လာလိမ့်မယ်။ နှစ်ဘက် ဂိုးပေါက်တွေမှာ ခြိမ်းခြောက်မှုတွေနဲ့အတူ ပွဲအပြီးမှာတော့ ၂-၂ ရလဒ် ထွက်ပေါ်ပါလိမ့်မယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။