ဒီည ကန်မယ့် အက်စတွန်ဗီလာ – ချယ်ဆီး ပွဲ အတွက် ပေါမာဆန်ကြီး ဘယ်လို ပွဲကြို ခန့်မှန်းချက် ထုတ်ထားသလဲ

ချယ်ဆီးအသင်းဟာ ဒီညမှာတော့ ပရီးမီးယားလိဂ် ပွဲ အဖြစ် အက်စတွန်ဗီလာ နဲ့ တွေ့နေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲကတော့ ဒီ စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲမှာ ကိုးလ် ပါလ်မာ ဖျားနေတာကြောင့် မပါဝင်ခဲ့ပေမယ့် ဒီတပတ် ဗီလာနဲ့ ပွဲမှာတော့ ပါလ်မာ ပြန် ပါဝင်မယ်လို့ သိရပါတယ်။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန်က အက်စတွန် ဗီလာ – ချယ်ဆီး ပွဲစဉ် အတွက် ကြိုတင် သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲမှာ အက်စတွန်ဗီလာ နိုင်ပွဲရမှာကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။ ၃ မှတ် ရလိုက်ခြင်းက သူတို့ကို နောက်ရာသီ ချန်ပီယံလိဂ် ဝင်ဖို့ရာ ခြေတစ်လှမ်း ပိုနီးစပ်စေပါလိမ့်မယ်။

ကြားရက်တုန်းက ချယ်ဆီးဟာ အာဆင်နယ်ကို ကြီးကြီးမားမား ရှုံးနိမ့်ခဲ့ပြီး ပါလ်မာ ပြန်လာခဲ့ရင်တောင်မှပဲ သူတို့ ပြန်ပြီး တိုက်ခိုက်နိုင်မယ် မမြင်ပါဘူး။

ပေါမာဆန် ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၃-၁ ချယ်ဆီး ဖြစ်ပါတယ်။