ချယ်ဆီး ကစားသမားရဲ့ လုပ်ရပ်က မမှန်ကန်သလို အဓိပ္ပာယ်မရှိဘူးလို့ အလန်ရှီးယား ဝေဖန် ထောက်ပြ

အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ ချယ်ဆီးရဲ့ ပင်နယ်တီအား ပါလ်မာထံက ယူကန်သွားတဲ့ စတာလင်ရဲ့ လုပ်ရပ်ဟာ အဓိပ္ပာယ်မရှိဘူးလို့ အလန်ရှီးယားက ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။

ရှီးယား က ” ချယ်ဆီးမှာ ဘာတွေ ဖြစ်ခဲ့တာလဲ ? ကျွန်တော် ဒေါသ အရမ်းထွက်ပါတယ်။ သူ ဘာလို့ ကိုးလ်ပါလ်မာဆီကနေ ပင်နယ်တီ ကန်ခွင့် တောင်းခဲ့တာလဲ ? ပါလ်မာဟာ နောက်ဆုံး ပင်နယ်တီ ၅ကြိမ်မှာ ၅ကြိမ် ဝင်အောင် အဆုံးသတ်ခဲ့တာပါ ။

ပါလ်မာဟာ ချဲလ်ဆီးရဲ့ အကောင်းဆုံး ကစားသမားပါ။ သူဟာ ဒီတရာသီလုံး တောက်လျှောက် ခြေစွမ်း ပြလာတာပါ။ ဒီလို မှတ်တမ်းမျိုး ပိုင်ဆိုင်ထားတဲ့ အသင်းဖော် ရှိလျက်နဲ့ ဘာလို့ သူ့ဆီကနေ ပင်နယ်တီ ကန်ခွင့်ကို ရဖို့ စိတ်ကူးယဉ်နေတာလဲ? ” လို့ ပြောကြားခဲ့ပါတယ်။

မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ်ကတော့ စတာလင် ယုံကြည်မှု ပြန်မြင့်တက်စေရေးတွေ အတွက် အခုလို ပင်နယ်တီ တောင်းကန်တာ ဖြစ်ကောင်းဖြစ်နိုင်ကြောင်း ကာကွယ်ပြောခဲ့ပေမယ့် ရှီးယား က

” သောက်ပိုတွေပါကွာ ။ ဒါက အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်လေ။ ဒီသောက်ကြောင်းတွေ အားလုံးကို မေ့လိုက်စမ်းပါ ။ ပင်နယ်တီ ကန်နေကျသူကိုပဲ ပင်နယ်တီ ပေးကန်လိုက်ပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။