
ချယ်ဆီးနဲ့ အင်တာမီလန်တို့ဟာ လူကာကူ အပြောင်းအရွှေ့အတွက် ချိတ်ဆက်နေဆဲ ဖြစ်ကာ ယူရို သန်း ၃၀ ဟာ လန်ဒန်ကလပ် အလိုရှိတဲ့ ပမာဏမှာ ရှိမနေပါဘူး။
ကိုင်ဆီဒိုအတွက် ချယ်ဆီးဘက်က ပေါင် သန်း ၇၀ ဖြင့် ကမ်းလှမ်းမှုဟာ ဘရိုက်တန် အသင်း သဘောကျအောင် မဆွဲဆောင်နိုင်ပါဘူး။ ချယ်ဆီးဘက်က ကမ်းလှမ်းတဲ့ ပေါင် သန်း ၇၀ ဟာ ကနဦးကြေးအပြင် ထပ်တိုးကြေး အပါဖြစ်ပါတယ်။
ခံစစ်မှူး ကိုးဝဲလ်ကို ခေါ်ယူရေး ဘရိုက်တန်၊ လီဗာပူးအပြင် စပါးအသင်းလည်း ကမ်းလှမ်းမှု ဝင်လာဖို့ ပြင်ဆင်နေပါတယ်။
မန်ယူ ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် လိဒ်ကို ရင်ဆိုင်ရာမှာ အတွင်းလူ နေရာက ကစားရတာကို တကယ်ပဲ ကြိုက်နှစ်သက်ပါတယ်လို့ မေဆန်မောင့်က ပြောသွားပါတယ်။
ကွင်းလယ်လူတွေကို လက်လွတ်ရမယ့် လီဗာပူးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို သဘောကျနေပေမယ့် ချယ်ဆီးအသင်းနဲ့ စျေးပြိုင်ပေးလိုခြင်း မရှိတာမို့ ဝင်ရောက် ချိတ်ဆက်လာဖွယ် မရှိပါဘူး။
အေစီမီလန်ထံ ရောက်သွားပြီဖြစ်တဲ့ ပူလီဆစ်က စီးရီးအေကလပ်မှာ ချယ်ဆီးအသင်းတုန်းကထက် ပွဲကစားခွင့် အခွင့်အရေး ပိုရမယ် မျှော်လင့်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
တိုက်စစ်သမား ကိုင်ဟာဗက်က အာဆင်နယ်ထံ ကူးပြောင်းရတာဟာ အိပ်မက်လိုပဲ လို့ ဖြစ်ကြောင်း ထုတ်ပြောခဲ့သလို ကြီးကျယ်တဲ့ ကလပ်အသင်းထံ ကူးပြောင်းရတာလို့ ဆိုခဲ့ပါတယ်။