အားသာချက်တစ်ခုကြောင့် မန်ယူကို ချယ်ဆီး နိုင်မယ် သုံးသပ် ခန့်မှန်းလိုက်တဲ့ ပေါမာဆန်

ဒီကြားရက်ကစားမယ့် ပွဲမှာတော့ အသင်းကြီး နှစ်သင်း ထိပ်တိုက်တွေ့မှု အဖြစ် ချယ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ စတန်းဖို့ ဘရစ်ချ်ကွင်းမှာ ယှဉ်ပြိုင်မယ့် ပွဲစဉ် ရှိနေပါတယ်။

ဝါရင့် ဘောလုံးပွဲ ခန့်မှန်းသူဟောင်းကြီး ပေါမာဆန်ကတော့ ချယ်ဆီး – မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါပြီ။

” ဒီပွဲကို ခန့်မှန်းဖို့က အတော်ကြီး ခက်ခဲပါတယ်။ ဒီပွဲက big game လို့တောင် ပြောလို့ မရတော့ပါဘူး။ ဟုတ်တယ် မလား ?

အရင်က ဆိုရင်တော့ ဒီလိုပွဲကို ပွဲကြီးပွဲကောင်း ဆိုပြီး ရင်ခုန်နေကြရမှ။ အခုကတော့ တစ်သင်းက ဘရန့်ဖို့ဒ် ဖိ ကစားတာ ခံလာရပြီး နောက်တစ်သင်းကလည်း ၁ဝ ယောက်နဲ့ ကစားတဲ့ ဘန်လေကိုတောင် မလွှမ်းမိုးနိုင်တဲ့ အသင်းပါ။

ဒီတော့ မန်နေဂျာ နှစ်ယောက် အားပြိုင်ပွဲပဲ ဖြစ်သွားမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီပွဲမှာ ဘယ်အသင်းကမှတော့ အရှုံးခံချင်မှာ မဟုတ်ဘူး။ တန်ဟက်ကလည်း ဒီပွဲ ရှုံးပြီးရင် နောက်အပတ် လီဗာပူးနဲ့ တွေ့မှာ ဖြစ်လို့ ရှုံးပွဲ ဆက်သွားနိုင်တယ်။ ဒါဆို ဖိအားတွေ အရမ်းများသွားမှာ။

ချယ်ဆီးက အိမ်ကွင်း အားသာချက် ရှိထားတယ်။ ဒါပေမယ့် သူတို့ကလည်း ပြိုင်ဘက်တွေကို သိပ် ဖိမကစားနိုင်လှဘူး။ သူတို့ ယူနိုက်တက်ကိုမှ မနိုင်ရင်လည်း အတော် စိုးရိမ်စရာကြီး ဖြစ်လာမှာ။

ဒီပွဲက လွယ်ကူတဲ့ ပွဲတော့ ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ချယ်ဆီးက ဒီပွဲ နိုင်သင့်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ချယ်ဆီး ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။