ပရီးမီးယားလိဂ် ကြယ်ပွင့် တိုက်စစ်မှူးကို ခေါ်ယူသွားတော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် အက်စ်တွန်ဗီလာရဲ့ တိုက်စစ်မှူး ဒူရမ်ကို ခေါ်ယူလိုနေပါတယ်။

ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပြောင်းရွှေ့ကြေး ပေါင် ၃၅၀ သန်းကျော် အသုံးပြုကာ အားဖြည့်မှုတွေ လုပ်ထားတဲ့ ချယ်ဆီးအသင်းဟာ နီကိုလပ်စ် ဂျက်ဆန် ၊ အန်ကွန်ကူ စတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူးတွေကို ခေါ်ယူထားပေမယ့် တိုက်စစ်ပိုင်းက အားရစရာ အနေအထားမျိုးမှာ မရှိသေးပါဘူး။

ဒါကြောင့်ပဲ ဇန်နဝါရီ စျေးကွက်မှာ ဗီလာကြယ်ပွင့်လေးကို ခေါ်ယူလိုလာခြင်း ဖြစ်ပါတယ်။ ဒူရမ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ချယ်ဆီးအသင်းမှာ အန်ကွန်ကူဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို ဘရော်ဂျာနဲ့ ဂျက်ဆန်တို့ရဲ့ အဆုံးသတ်စွမ်းရည်ကလည်း အခြား ထိပ်သီးအသင်းတွေရဲ့ တိုက်စစ်မှူးတွေနဲ့ ယှဉ်ရင် တဆင့် နိမ့်နေပါသေးတယ်။

ချယ်လ်ဆီးက နီကိုလပ်စ် ဂျက်ဆန်နဲ့ အန်ကွန်ကူတို့အပြင် အကယ်ဒမီထွက် တိုက်စစ်မှူး ဘရော်ဂျာကိုပါ ပိုင်ဆိုင်ထားပေမယ့် အန်ကွန်ကူဟာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို ဘရော်ဂျာနဲ့ ဂျက်ဆန်တို့ရဲ့ အဆုံးသတ်စွမ်းရည်ကလည်း အခြား ထိပ်သီးအသင်းတွေရဲ့ တိုက်စစ်မှူးတွေနဲ့ ယှဉ်ရင် တဆင့် နိမ့်နေပါသေးတယ်။

ငယ်ရွယ်သလို အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဗီလာ လူငယ်တိုက်စစ်မှူး ဒူရမ်ဟာ ချယ်ဆီး ပေါ်လစီနဲ့ ကိုက်ညီတာကြောင့် သူ့ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။