ချယ်ဆီးအသင်းမှာ ဘာဖလား အောင်မြင်ချင်သလဲ ထုတ်ပြောလာတဲ့ ပိုချက်တီနို

ချယ်ဆီးအသင်းနဲ့ ဘယ်ပြိုင်ပွဲကို ဦးစားပေးမယ်ဆိုပြီး ရွေးချယ်ထားတာမျိုး မရှိဘဲ ပါဝင်ယှဉ်ပြိုင်ရမယ့် ဆုဖလားတိုင်း အောင်မြင်အောင် ကြိုးစားမယ်လို့ ပိုချက်တီနိုက ထုတ်ပြောလာပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ ဥရောပပွဲ ကစားရဖို့ မရှိပေမယ့် ကာရာဘောင်း၊ အက်ဖ်အေနဲ့ ပရီးမီးယားလိဂ်တို့မှာ ဆုဖလား အောင်မြင်ဖို့ အခွင့်အရေး ရှိထားတာပဲ ဖြစ်ပါတယ်။ နည်းပြကတော့ ဆုဖလားတိုင်း အနိုင်ရလိုနေပါတယ်။

ပိုချက်တီနိုက ” တူညီတဲ့ အမှားတွေ ထပ်ပြီး ကျူးလွန်မှာ မဟုတ်ဘူး။ ကျွန်တော် ကာရာဘောင်း ဖလား အောင်မြင်လိုတယ်၊ အက်ဖ်အေဖလား အောင်မြင်လိုတယ်၊ ပရီးမီးယားလိဂ်လည်း အောင်မြင်လိုပါတယ်။

စပါးမှာတုန်းက ဆုဖလားယူရတာ မကြိုက်ဘူးလို့ ကျွန်တော် မပြောခဲ့ပါဘူး။ ဆုဖလားတွေနဲ့ ပရီးမီးယားလိဂ်ကို အောင်မြင်ချင်တယ်။ ချန်ပီယံလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ရရင်လည်း ချန်ပီယံလိဂ် ရချင်တယ်။ ပြိုင်ပွဲတိုင်းဟာ ဆုဖလား အောင်မြင်ဖို့ အခွင့်အရေးပါပဲ။

ကျွန်တော် ကတော့ အနိုင်ရဖို့ပဲ စဉ်းစားပါတော့မယ်။ အသက်ရလာတော့ အောင်မြင်မှုပဲ လိုချင်ပါတယ်။ ချယ်ဆီးကို ရောက်လာတည်းက ကစားသမားတွေကို ဒီအကြောင်း ပြောထားပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။