နောက်ရာသီမှာ သူ ချယ်ဆီး နည်းပြ အဖြစ် ဆက် ရှိမလား ဆိုတာ တစ်ပတ် အတွင်း သိရမယ်လို့ ပိုချက် အသိပေး

May 12, 2024

ချယ်ဆီးရဲ့ နည်းပြ ပိုချက်တီနိုက သူဟာ လာမယ့်ရာသီ ချယ်ဆီးနည်းပြ အဖြစ် ဆက်ရှိ ၊ မရှိကို လာမယ့်အပတ်ထဲမှာပဲ အတိအကျ သိရလိမ့်မယ်လို့ နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲကြိုးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ချယ်ဆီးက ညကပွဲမှာပဲ ဖောရက်စ်ကို ၂-၃ နဲ့ နောက်ကလိုက်ကစားကာ ကမ်းဘက် […]

စီးတီးဂရောင်းမှာ ဖောရက်စ်ကို မယုံနိုင်စရာ Come Back နိုင်ပွဲနဲ့ ချေမှုန်းခဲ့တဲ့ ချဲလ်ဆီးအသင်း၊ ယူရိုပါလိဂ်နဲ့ နီးစပ်လာ

May 12, 2024

ချဲလ်ဆီးအသင်းဟာ စနေနေ့ညက နောက်ကျသွင်းဂိုး ၂ ဂိုးကြောင့် နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်နေရာကနေ အံ့အားသင့်စရာ ကမ်းဘက်နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ၃-၂ နဲ့ အနိုင်ရခဲ့ပါတယ်။ ပထမပိုင်း ၈ မိနစ်မှာပဲ ချဲလ်ဆီးအသင်းအတွက် အဖွင့်ဂိုးကို မိုင်ခေလို မာဒ့ရစ်ခ်က သွင်းယူပေးခဲ့ပြီး ပါလ်မာရဲ့ ဘိုလီနဲ့ မွန်တီရယ်တို့ကြား ဟနေတဲ့ကြားထဲ […]

အားလုံး မပျော်နိုင်ရင် ချဲလ်ဆီးကနေ ထွက်ပေးမှာပါ၊ မကြောက်ပါဘူး ဆိုတဲ့ ပိုချက်တီနို

May 11, 2024

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ ကောလဟာလတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံခဲ့ရရာ သူ့အနေနဲ့ ထုတ်ပယ်ခံရမှာကို ကြောက်ရွံ့မှုမရှိဘူးလို့ အခိုင်အမာဆိုလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းဟာ ကွင်းအတွင်း တိုးတက်မှုတွေအများအပြားရှိနေသလို ရလဒ်ကောင်းတွေကို တောက်လျှောက် ဖော်ဆောင်ထားနိုင်သော်လည်း ရာသီကုန်ဖို့နီးကပ်လာတာနဲ့အမျှ ပိုချက်တီနိုထုတ်ပယ်ခံရနိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေကလည်း မကြာခဏထွက်ပေါ်နေတာဖြစ်ပါတယ်။ ပိုချက်တီနိုအနေနဲ့ ဒီရာသီမှာ အနိမ့်အမြင့်အတက်အကျ အမျိုးမျိုးကိုကျော်ဖြတ်ခဲ့ပြီးဖြစ်သော်လည်း […]

ပိုချက်တီနိုရဲ့ အနာဂတ်နဲ့ ကိစ္စ အစည်းအဝေး လုပ်တော့မယ့် ချဲလ်ဆီး၊ ပိုချက်လည်း ပါဝင်ဆွေးနွေးမည်

May 11, 2024

ချဲလ်ဆီးအသင်းဟာ လက်ရှိ နည်းပြ ပိုချက်တီနိုရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုပြုလုပ်သွားမှာဖြစ်ကာ အဆိုပါ ဆွေးနွေးမှုမှာ ပိုချက်တီနို ကိုယ်တိုင်လည်း ပါဝင်သွားမယ်လို့လည်းသိရပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီးကို စတင်ကိုင်တွယ်တဲ့ပထမဆုံးရာသီမှာပဲ အခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်းဟာ ပရီးမီးယားလိဂ် ၁၁ ပွဲအထိ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ အာဂျင်တီးနားသားဟာ […]

နော်တင်ဟမ် ဖောရက်စ် – ချယ်ဆီး ပွဲစဉ် ဘယ်လို ရလဒ်ထွက်လာမလဲ ကြိုတင် ခန့်မှန်းလိုက်တဲ့ ပေါမာဆန်

May 11, 2024

နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းက ဒီအပတ်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ ဘောလုံးပွဲ သုံးသပ်ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က နော်တင်ဟမ် ဖောရက်စ် – ချယ်ဆီး ပွဲစဉ် အတွက် အခုလို […]

ဆန်ခါတင်ဝင်တဲ့ ပါလ်မာ၊ ဆေးလ်ဗားကို စောထွက်ခွင့် ပြုခြင်း၊ အပြီးပြောင်းမယ့် ဇီယက်ချ်၊ နီးစပ်ခဲ့သေးတဲ့ အဂူရိုနဲ့ နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ

May 10, 2024

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်း မှာ ချယ်ဆီးအသင်းမှ ပါလ်မာ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့နွေရာသီတည်းက ဂါလာတာစာရေးမှာ အငှား ထွက် ကစားနေခဲ့တဲ့ ဟာကင် ဇီယက်ချ်ဟာ ယခုအခါမှာတော့ ချယ်ဆီးကနေ အပြီးသတ်ထွက်ခွာဖို့ ပြင်ဆင်နေပြီး အပြီးသတ်ဝယ်ယူခွင့်ပါတဲ့ သဘောတူညီချက်အရ ပြောင်းရွှေ့ကြေး ပေါင် ၃၃ […]

ချယ်ဆီး ခေါ်ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရသွားတဲ့ ဘရာဇီး တောင်ပံကြယ်ပွင့် အီစတေဗို ဆိုတာ ..

May 9, 2024

ချယ်ဆီးအသင်းဟာ နွေဈေးကွက်တောင် မစတင်ခင်မှာပဲ ဘရာဇီးလ်ကလပ် ပါးလ်မီးရက်စ်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့် အီစတေဗိုကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ပါးလ်မီးရက်စ်နဲ့ အီစတေဗိုရဲ့ ပြောင်းရွှေ့ကြေး အတွက် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက […]

ချယ်ဆီးအသင်း နွေမှာ ဘယ်နေရာတွေအတွက် ကစားသမား ခေါ်ယူ အားဖြည့်ရဦးမလဲ အကြံပြု ထောက်ပြလိုက်တဲ့ ပေါမာဆန်

May 9, 2024

ဘောလုံးရာသီ နှောင်းပိုင်းမှ နိုင်ပွဲတွေ ရယူပြီး အရှိန်ကောင်း ရနေတဲ့ ချယ်ဆီး အသင်းဟာ လိုနေတဲ့ ၂ နေရာကို အားဖြည့် လိုက်ဖို့ ဂန်းနားဟောင်းကြီး ပေါမာဆန်က တိုက်တွန်းလိုက်ပါတယ်။ အဲဒီနေရာတွေသာ ဖြည့်လိုက်ရင် ချယ်ဆီးဟာ အာဆင်နယ်၊ မန်စီးတီးတို့နဲ့ ကွာဟချက်ကို လျော့ချနိုင်မယ် လို့လည်း ၎င်းက […]

ချယ်ဆီး အသင်းသား တစ်ယောက်မှ အာဆင်နယ်ကို မခေါ်ချင်ပါဘူး ဆိုတဲ့ ကိုင်ဟာဗက်ဇ်

May 8, 2024

ချယ်ဆီး တိုက်စစ်ဟောင်း ကိုင်ဟာဗက်ဇ် ကတော့ လက်ရှိကလပ် အာဆင်နယ် အသင်းထံ သူ့ အသင်းဟောင်း ချယ်ဆီးမှ အသင်းဖော် တစ်ယောက်ကိုသာ ခေါ်ခွင့် ရမယ် ဆိုရင် ဘယ်သူ့ကို ခေါ်ချင်သလဲ ဆိုပြီး မေးခွန်းထုတ်ခံခဲ့ရရာ ခေါ်ချင်သူ မရှိကြောင်း ငြင်းဆန်လိုက်ပါတယ်။ ဟာဗက်ဇ် ကတော့ ချယ်ဆီး […]

ဥရောပ ဝင်ခွင့် အတွက် ရာသီကုန်ထိ လက်ရှိ ကစားအားနဲ့ ယုံကြည်မှုကို ဆက်ထိန်းသွားမယ့် ပိုချက်တီနို

May 8, 2024

ချယ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက သူတို့အသင်းအနေနဲ့ ဥရောပဝင်ခွင့်အတွက် ရာသီကုန်ထိ ယုံကြည်မှုနဲ့ လက်ရှိ ကစားအားကို ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ချယ်ဆီးအသင်းက အာဆင်နယ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ဗီလာကို (၂)ဂိုးအရှုံးကနေ (၂)ဂိုးစီ သရေကျအောင် ကစားနိုင်ခဲ့သလို စပါး ဝက်စ်ဟမ်းတို့လို လန်ဒန်မြို့ခံတွေကိုလည်း […]