
ဟာဇက်၊ ဒီဘရိုင်း၊ ဆာလက် မဟုတ်ဘဲ ချယ်ဆီးထံ ပြန်လာစေလိုတဲ့ အသင်းသားဟောင်း
အကယ်လို့ ချယ်ဆီးပရိသတ် တစ်ယောက်အနေနဲ့ ကစားသမားဟောင်းတစ်ဦးကို ပြန်ခေါ်ခွင့်ရှိမယ်ဆိုရင် ဘယ်သူ့ကို ရွေးချယ်မှာလဲ။ လူအတော်များများက ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား အီဒင်ဟာဇက်လို့ ဖြေနိုင်ပါတယ်။ ဒီဘရိုင်းတို့ ဆာလက်တို့ စသည်ဖြင့် လက်ရှိ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေအဖြစ် ပြိုင်ဘက်အသင်းတွေမှာ တောက်ပနေကြတဲ့ အသင်းသားဟောင်းတွေကိုလည်း အသင်းထံ ပြန်လာတာမျိုး မြင်လိုကြပါလိမ့်မယ်။ […]