ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ အသင်းအတွက် ပြန်ကစားနိုင်တော့မယ်လို့ မျှော်လင့်ခဲ့သော်လည်း နောက်ဆက်တွဲ ခြေကျင်းဝတ် ဒဏ်ရာ ရှိလာခြင်း အပြင် အဖျားပါဝင်နေခြင်းကြောင့် နှောင့်နှေးနေရကြောင်း နည်းပြ ဆိုးရှားက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ အသင်း ဂန္တ၀င်ကြီးတွေ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်း၊ ပေါ […]
အာဆင်နယ်အသင်းဟာ မန်စီးတီးလက်ထောက် နည်းပြ အာဆင်နယ် ကစားသမားဟောင်းကြီး အာတီတာကို နည်းပြ အဖြစ် လာမယ့် ၄၈ နာရီအတွင်း အတည်ပြု ကြေငြာသွားဖွယ် ရှိပါတယ်။ အာတီတာကို နည်းပြ အဖြစ် အာဆင်နယ် ခန့်အပ်လိုခြင်းက ၄င်းဟာ အာဆင်ဝင်းဂါးရဲ့ ပုံစံခွက်ထဲမှာ ကစားနိုင်ခဲ့သူ ဖြစ်တာကြောင့် ဖြစ်တယ် […]
ယူနိုက်တက် တောင်ပံတိုက်စစ်သမားဟောင်း ဂစ်က ကလပ်အသင်းတိုက်စစ်သမား မာရှယ်အား ကြိုးစားအားထုတ်မှုကို ပိုမိုစွမ်းဆောင်ဖို့ တိုက်တွန်းစကား ပြောဆိုခဲ့ပြီး လှုပ်အားနှုန်း နည်းမှုအပေါ် ထောက်ပြမှု လုပ်ခဲ့ပါတယ်။ မာရှယ်ဟာ ထူးချွန်တဲ့ တိုက်စစ်သမားဖြစ်ပေမယ့် သူ့ရဲ့ ကွင်းအတွင်း လှုပ်အားနည်းပါးမှုအပေါ် ဝေဖန်မှုကြီးတွေ ခံထားသူပါ။ ဒါဟာ ယူနိုက်တက်ရဲ့ ကစားဟန်အပေါ် သက်ရောက်မှုရှိပြီး […]
ကလပ်များကမ္ဘာဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ကာတာကို ရောက်ရှိနေတဲ့ လီဗာပူးအသင်းနဲ့ မန်နေဂျာယာဂင်ကလော့ပ်ကို အတော်လေး အထင်ကြီးပါတယ်လို့ စပိန်ဂန္တဝင်ကွင်းလယ်လူကြီး ဇာဗီက ချီးကျူးပြောဆိုပါတယ်။ ဘာစီလိုနာကွင်းလယ်လူဟောင်းဟာ ကာတာကလပ်ကို ကိုင်တွယ်နေတာဖြစ်ပြီး သူကိုင်တွယ်တဲ့ ကလပ်က ဆီမီးကို မရောက်ခင်မှာပဲ ပြုတ်ကျန်ခဲ့ပါပြီ။ ဇာဗီကတော့ ကလပ်များကမ္ဘာဖလားကို အနိုင်ရဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ လီဗာပူးရဲ့ နည်းစနစ်နဲ့ […]
ချန်ပီယံလိဂ် ရှူံးထွက်ပွဲတွေအဖြစ် ၁၆ သင်းအဆင့်အတွက် မဲခွဲမှုတွေ ထွက်ပေါ်ခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲ စပါးနဲ့ လိုက်ဇစ်ကလွဲလို့ ကျန်အသင်းတိုင်းက ပြိုင်ဘက်ကောင်းတွေနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။ အင်္ဂလန်အသင်း သုံးသင်းဟာ ချန်ပီယံလိဂ်ဖလားကို အနည်းဆုံး ၅ ကြိမ်းစီ အနိုင်ရထားတဲ့ ထိပ်တန်း ပြိုင်ဘက်တွေနဲ့ […]
အာဆင်နယ်ဟာ ဒီရက်ပိုင်းမှာ မန်နေဂျာသစ် ခန့်အပ်နိုင်ဖို့ စတင်ကြိုးစားနေပြီဖြစ်ပြီး ကလပ်အသင်း ကွင်းလယ်လူဟောင်း အာတီတာကို အမြဲတမ်း မန်နေဂျာအဖြစ် ခန့်အပ်နိုင်ဖို့ မန်ချက်စတာက ၄င်းရဲ့ နေအိမ်မှာ ကလပ်အသင်း အကြီးအကဲတွေက သွားရောက် ဆွေးနွေးခဲ့ကြပါတယ်။ ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ်ဟာ ကွင်းအတွင်းမှာ ပွဲထွက်လူစာရင်းတစ်ခုကို ဖော်ထုတ်ဖို့လည်း ရုန်းကန်နေရတာဖြစ်ပြီး […]
ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဘိုင်ယန်မြူးနစ်နဲ့ အတွဲကျတဲ့ ချယ်ဆီးဟာ ပြည်တွင်းလိဂ်မှာ ရလဒ်တွေမကောင်း ဖြစ်နေပြီး စွမ်းဆောင်ရည်တွေ ပြန်တက်လာဖို့ လိုအပ်နေတာကြောင့် ဇန်နဝါရီကို လူအင်အားဖြည့်မှုတွေ သေချာပေါက် လုပ်ဆောင်လာတော့မှာဖြစ်တယ်။ အပြောင်းအရွှေ့ ပိတ်ခံထားရမှုကို အယူခံဝင်မှု အောင်မြင်ထားတဲ့ ချယ်ဆီးဟာ နာမည်ကြီး ကစားသမားတွေနဲ့ ချိတ်ဆက်မှုတွေ ရှိထားခဲ့ပြီး […]
ယူရိုပါလိဂ်နဲ့ အဲဗာတန်ပွဲတွေမှာ ယူနိုက်တက်အတွက် ဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဂရင်းဝုဒ်ဟာ ထိပ်တန်း ဂိုးသွင်းစွမ်းရည်တွေ ပိုင်ဆိုင်ထားတယ်လို့ ခံစစ်သမားဟောင်းကြီး နဗီးက ထုတ်ဖော်ပြောဆိုပါတယ်။ ဒီရာသီမှာ သွင်းဂိုး ၆ ဂိုးထိ ရယူထားတဲ့ တိုက်စစ်သမား ဂရင်းဝုဒ်ဟာ ကလပ်အသင်း အကယ်ဒမီထွက်တွေထဲမှာ ပွဲအများဆုံး ကစားထားရပြီး အလားအလာကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်တယ်။ […]
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့်မှာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း မဲခွဲရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးဟာ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ တွေ့ရတာ ဖြစ်တယ်လို့ ယာဂင်ကလော့ပ်က သိထားပြီး အက်သလက်တီကို နည်းပြ ဆီမြွန်နီ အနေနဲ့လည်း လက်ရှိ ချန်ပီယံနဲ့ တွေ့ရလို့ စိတ်ပျက်နေမှာ […]
ဘိုင်ယန်မြူနစ် တိုက်စစ်သမား မူလာက ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရင်ဆိုင်တွေ့နေတဲ့ ချယ်ဆီးအသင်းဟာ စွမ်းဆောင်ရည်တွေ သိပ်ကောင်းနေတဲ့ အသင်းမဟုတ်မှန်း သူသိပေမယ့် တိုက်စစ်သမားကောင်းတွေ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ မနေ့ညက ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေ လုပ်ခဲ့ပြီဖြစ်ပြီး ချယ်ဆီးဟာ ဂျာမနီကလပ် ဘိုင်ယန်မြူနစ်နဲ့ အတွဲကျခဲ့တာပါ။ […]
Copyright © 2023 | WordPress Theme by MH Themes
error: Content is protected !!