အငှားချကစားသမားကို ဈေးပေါပေါနဲ့ ရောင်းထုတ်ရတော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ စီးရီးအေကလပ် အတ္တလန်တာအသင်းထံ နှစ်ရာသီဆက်တိုက် အငှားချထားတဲ့ ကွင်းလယ်လူ မာရီယို ပါဆာလစ်ကို ရာသီကုန်မှာ အတ္တလန်တာအသင်းထံ ရောင်းထုတ်ပေးသွားရဖွယ် ရှိနေပါတယ်။

စီးရီးအေကလပ်ဟာ ချယ်ဆီးကွင်းလယ်လူကို အငှားခေါ်ယူရာမှာ အလိုရှိက ခေါ်ယူခွင့်ဆိုတဲ့ သဘောတူညီမှုကို ထည့်သွင်းခဲ့တာပါ။ စီးရီးအေမှာ တောက်ပတဲ့ ခြေစွမ်းတွေ ပြသနေတဲ့ ကွင်းလယ်လူကို ယူရို ၁၅ သန်းနဲ့တင် ခေါ်ယူနိုင်ဖို့ ဒီလတွေထဲမှာ နှစ်ဘက်အသင်း တာဝန်ရှိသူတွေ ညိနှိုင်းကြတော့မယ်ဆိုတာကို သတင်းထောက် Fabrizio Romano က ဖော်ပြလာတာဖြစ်တယ်။

၂၀၁၄ ခုနှစ်မှာ ဆယ်ကျော်သက်ကွင်းလယ်လူအဖြစ် ချယ်ဆီးအသင်းကို ခရိုးအေးရှားကလပ်ကနေ ပေါင် ၃ သန်းနဲ့တင် ရောက်ရှိလာခဲ့တဲ့ ကွင်းလယ် ကစားသမားဟာ လန်ဒန်ကလပ်မှာ တိုးတက်မှုတွေ ရှာဖွေရင်း ကလပ်အသင်း ၅ သင်းထံ အငှားထွက်ကစားခဲ့ရတာဖြစ်တယ်။

ပါဆာလစ်ဟာ ချယ်ဆီးအတွက် တစ်ပွဲမှ ပွဲထွက် မကစားပေးနိုင်ပေမယ့် သူအငှားထွက်ခဲ့တဲ့ အယ်ချီ၊ မိုနာကို၊ အေစီမီလန်၊ စပါးတပ်မော်စကိုနဲ့ အတ္တလန်တာ အစရှိတဲ့ အသင်းတိုင်းမှာ အဓိက ကစားသမားဖြစ်ခဲ့ပြီး ပြိုင်ပွဲ ၂၀၄ ပွဲအတွင်း သွင်းဂိုး ၃၉ ဂိုးထိ သွင်းယူနိုင်ခဲ့တာဖြစ်တယ်။

မနှစ်က အတ္တလန်တာအသင်းအတွက် ပြိုင်ပွဲစုံ ၄၂ ပွဲ ပါဝင်ခဲ့ပြီး သွင်းဂိုး ၈ ဂိုး ရယူခဲ့တဲ့ ပါဆာလစ်ဟာ ရာသီကုန်မှာ စီးရီးအေကလပ်နဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ကိုးစားနိုင်ခဲ့တယ်။ ဒီရာသီမှာလည်း အဓိက ကစားသမားအဖြစ် ဆက်လက် ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုး အပါအဝင် သွင်းဂိုး ၇ ဂိုး ရယူထားပြီဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ စီးရီးေအကလပ္ အတၱလန္တာအသင္းထံ ႏွစ္ရာသီဆက္တိုက္ အငွားခ်ထားတဲ့ ကြင္းလယ္လူ မာရီယို ပါဆာလစ္ကို ရာသီကုန္မွာ အတၱလန္တာအသင္းထံ ေရာင္းထုတ္ေပးသြားရဖြယ္ ရွိေနပါတယ္။

စီးရီးေအကလပ္ဟာ ခ်ယ္ဆီးကြင္းလယ္လူကို အငွားေခၚယူရာမွာ အလိုရွိက ေခၚယူခြင့္ဆိုတဲ့ သေဘာတူညီမႈကို ထည့္သြင္းခဲ့တာပါ။ စီးရီးေအမွာ ေတာက္ပတဲ့ ေျခစြမ္းေတြ ျပသေနတဲ့ ကြင္းလယ္လူကို ယူရို ၁၅ သန္းနဲ႔တင္ ေခၚယူႏုိင္ဖို႔ ဒီလေတြထဲမွာ ႏွစ္ဘက္အသင္း တာဝန္ရွိသူေတြ ညိႏိႈင္းၾကေတာ့မယ္ဆိုတာကို သတင္းေထာက္ Fabrizio Romano က ေဖာ္ျပလာတာျဖစ္တယ္။

၂၀၁၄ ခုႏွစ္မွာ ဆယ္ေက်ာ္သက္ကြင္းလယ္လူအျဖစ္ ခ်ယ္ဆီးအသင္းကို ခရိုးေအးရွားကလပ္ကေန ေပါင္ ၃ သန္းနဲ႔တင္ ေရာက္ရွိလာခဲ့တဲ့ ကြင္းလယ္ ကစားသမားဟာ လန္ဒန္ကလပ္မွာ တိုးတက္မႈေတြ ရွာေဖြရင္း ကလပ္အသင္း ၅ သင္းထံ အငွားထြက္ကစားခဲ့ရတာျဖစ္တယ္။

ပါဆာလစ္ဟာ ခ်ယ္ဆီးအတြက္ တစ္ပြဲမွ ပြဲထြက္ မကစားေပးႏုိင္ေပမယ့္ သူအငွားထြက္ခဲ့တဲ့ အယ္ခ်ီ၊ မိုနာကို၊ ေအစီမီလန္၊ စပါးတပ္ေမာ္စကိုနဲ႔ အတၱလန္တာ အစရွိတဲ့ အသင္းတိုင္းမွာ အဓိက ကစားသမားျဖစ္ခဲ့ျပီး ျပိဳင္ပြဲ ၂၀၄ ပြဲအတြင္း သြင္းဂိုး ၃၉ ဂိုးထိ သြင္းယူႏုိင္ခဲ့တာျဖစ္တယ္။

မႏွစ္က အတၱလန္တာအသင္းအတြက္ ျပိဳင္ပြဲစံု ၄၂ ပြဲ ပါဝင္ခဲ့ျပီး သြင္းဂိုး ၈ ဂိုး ရယူခဲ့တဲ့ ပါဆာလစ္ဟာ ရာသီကုန္မွာ စီးရီးေအကလပ္နဲ႔အတူ ခ်န္ပီယံလိဂ္ဝင္ခြင့္ရေအာင္ ကိဳးစားႏုိင္ခဲ့တယ္။ ဒီရာသီမွာလည္း အဓိက ကစားသမားအျဖစ္ ဆက္လက္ ေျခစြမ္းျပေနျပီး ခ်န္ပီယံလိဂ္သြင္းဂိုး ၂ ဂိုး အပါအဝင္ သြင္းဂိုး ၇ ဂိုး ရယူထားျပီျဖစ္ပါတယ္။